Myanmar House Logo

Myanmar House

Real Estate in Myanmar

#PILE_FOUNDATION

January 13, 2023 217 views
#PILE_FOUNDATION

#PILE_FOUNDATION
***********************

အဆောက်အဦကြီးများနှင့် တချို့သော အဆောက်အဦများ၌ သာမာန် အုတ်မြစ်များနှင့် ဆောက်၍ မရသောအခါ PILE FOUNDATION ခေါ် အုတ်မြစ်တိုင် သုံး၍ ဆောက်ရသည်။

အုတ်မြစ်များကို သစ်သား WOODEN OR TIMBER, သံကူကွန်ကရစ် REINFORCED CONCRETE, သံ STEEL စသည်တို့နှင့် ပြုလုပ်ကြသည်။

ထို အုတ်မြစ်တိုင်များကို အောက်ခံ သဘာဝမြေပေါ်သို့ ရောက်သည့် တိုင်အောင်ဖြစ်စေ၊ FRICTION ခေါ် မြေကြီး၏ ကုတ်အားနှင့် ဖြစ်စေ၊ အပေါ်မှ တင်ရှိသော အလေးဝန်ကို ထမ်းဆောင်စေနိုင်သည်။

PILE များ၏ အခေါ်အဝေါ်ကို အသုံးပြုသော အခြေအနေကို လိုက်၍ ခေါ်ကြသည်။

1. #BEARING_PILE

၎င်းသည် အပေါ်မှ အလေးဝန်ကို တင်ထားနိုင်ရန်အတွက် အသုံးပြုသောအခါ မြေကြီး အတွင်းသို့ ရိုက်သွင်းပေးသော PILE ဖြစ်သည်။  

2. #FENDER_PILE

၎င်းသည် အဆောက်အဦ တခု၏ အစိတ်အပိုင်းများကို ထိခိုက်မှု မရှိစေရန် ကာကွယ်ပေးသော PILE ဖြစ်သည်။ ၎င်းတို့ကို သင်္ဘောဆိပ်များတွင် သုံးသည်။

3. #SHEET_PILE

၎င်းသည် အဆောက်အဦ၏ ပတ်လည်၌ သော်လည်းကောင်း တာတမံများ၌ သော်လည်းကောင်း မြေကြီး၏ ရပ်တည်မှု ရစေရန် စိုက်ပေးရသော PILE ဖြစ်သည်။

4. #CONSOLIDATION_PILE

၎င်းသည် မြေကြီး၏ ကျစ်လစ်သိပ်သည်းမှု ရရန် လိုသလောက် ကျင်းတူး၍ ထိုတွင်းများ အတွင်းသို့ သဲ သိုမဟုတ် ကွန်ကရစ် အစရှိသည်တို့ကို လောင်းပေးသော PILE ဖြစ်သည်။

#WOODEN_PILES_OR_TIMBER_PILES

သာမာန်အဆောက်အဦများနှင့် ရေစိုခြင်းကို ကာကွယ်၍ ပေးနိုင်သော နေရာများ၌ သစ်သား PILE များကို သုံးကြသည်။

မြေနှင့် ကိုက်ညီသော သစ်သားကို ရွေးချယ်ဖို့ လိုသည်။ သစ်သားတိုင်ကို ထိပ်ဝ စက်ဝိုင်းပုံ၊ စတုရန်းပုံ စသဖြင့် သုံးနိုင်သည်။

စက်ဝိုင်းပုံများ၏ ထိပ်ဝမှာ အချင်း 3" မှ 18" အထိ ရှိပြီး စတုရန်းပုံများမှာ 6" မှ 18" ပတ်လည် အထိ ရှိသည်။

မြေကြီးအတွင်း ရိုက်သွင်းသောအခါ ကွဲ၍ မသွားစေရန် တိုင်ထိပ်တွင် IRON RING ထဲ့ပေးရသည်။

၎င်းပြင် ပွသော သစ်သားကိုခံ၍ ရိုက်သွင်းပေးရသည်။ ၎င်းကို CUSHION OR DOLLY ဟုခေါ်သည်။ အများအားဖြင့် သရက်သားကို အသုံးပြုသည်။

တိုင်ခြေတွင်လည်း လွယ်ကူစွာ ရိုက်ချနိုင်စေရန် IRON SHOE စွပ်၍ ထားသည်။

တိုင်များကို မိမိအလိုရှိသော အလေးချိန် တင်နိုင်သည့် အနက်သို့ ရောက်အောင် ရိုက်ပေးရသည်။

ဤကဲ့သို့ အလိုရှိသော အနက်ရောက်အောင် ရိုက်ပေးရသည်ကို SET ဟု ခေါ်သည်။

PILE များကို မြေကြီး အတွင်းသို့ ခပ်မြန်မြန် ရိုက်ပေးရသည်။ အကယ်၍ ခပ်နှေးနှေး ရိုက်ပေးပါက မြေကုတ်အား ပို၍ များလာကာ ရိုက်ချရန် ခဲယဉ်း တတ်သည်။

PILE များကို ရိုက်သွင်းသောအခါ 1ton မှ 2tons အထိ လေးသော MONKEY ခေါ် သံတုံးများဖြင့် 5ft မှ 10ft အထိ မြင့်သော နေရာမှ နေ၍ ရိုက်ချပေးရသည်။

#CONCRETE_PILE

CONCRETE PILE များတွင် PRECAST PILE နှင့် CAST IN SITU PILE ဟူ၍ နှစ်မျိုးရှိသည်။

CONCRETE PILE များကို အမြဲတန်း အဆောက်အဦများ၌ သော်လည်းကောင်း HEAVY LOAD ကို ထမ်းဆောင်ရန် လိုအပ်သော အခါ၌ သော်လည်းကောင်း အသုံးပြုကြသည်။

၎င်း CONCRETE PILE များသည် CONCRETE နှင့် သံ ရောစပ် အသုံးပြုသော REINFORCED CONCRETE PILE များ အဖြစ် အသုံးပြုကြသည်။

#PRECAST_CONCRETE_PILE

၎င်းကို တနေရာတွင် ပုံသွန်းလောင်း၍ လိုအပ်သော နေရာသို့ သယ်ဆောင်ကာ အသုံးပြုရသည်။

၎င်းကို ပြုလုပ်ရာ၌ FORMWORK ခေါ် ပုံစံခွက်များ လိုအပ်သည်။ CONCRETE PILE များတွင် သံချောင်းများ ထဲ့သွင်း ပြုလုပ် ထားသောကြောင့် ခပ်ကြမ်းကြမ်း ကိုင်တွယ်နိုင်သည့် အပြင် အလေးဝန်ကို ပိုမို ထမ်းဆောင်နိုင်သည်။

အသုံးပြုမည့် နေရာ၌ ရိုက်ရမည့် PILE ၏ အရွယ်အစားကို သိနိုင်ရန် ပထမဦးစွာ မိမိအလိုရှိသော အလေးဝန်ကို ထမ်းဆောင်နိုင်သည့် TEST PILE  စမ်းသပ် PILE  ကို ရိုက်ပြီးမှ ၎င်း အတိုင်းအတာကို ယူ၍ တနေရာတွင် ပုံသွန်းလောင်းပေးရသည်။

PILE အရှည်ကို ရှည်လျားစွာ အသုံးပြုသော အခါ PILE များကို ဆက်စပ်၍ အသုံးပြုကြသည်။ ဆက်စပ်ရာတွင် တေ့ဆက်ကို အသုံးမပြုဘဲ များသောအားဖြင့် TONGUE & GROOVE JOINT လျှာထိုးဆက်ကို အသုံးပြုကြသည်။

အကယ်၍ စက်ဝိုင်းပုံ PILE များကို အသုံးပြုပါက SPIGOT & SOCKET JOINT အဖိုခေါင်း အမခေါင်း ဆက်စပ်နည်းကို အသုံးပြုကြသည်။

#CAST_IN_SITU_PILE

လုပ်ငန်းနေရာ၌ပင် သွန်းလောင်း အသုံးပြုသော CONCRETE တိုင် တမျိုးဖြစ်သည်။ သံချောင်းများကို မြေမျက်နှာပြင်အောက် ပေ 20 အနက်သာလျှင် ထဲ့သွင်း အသုံးပြုကြသည်။

၎င်းသည် စရိတ် သက်သာသော်လည်း ကောင်းမွန်စွာ စိတ်မချရပေ။ ပြုလုပ်သည့်အခါ FORMWORK များ မလိုပေ။

အောက်ခံမြေကြီးတွင် ရေရှိပါက ကွန်ကရစ်ကို အခြောက်ဖျော်၍ သွန်းလောင်းရသည်။ ခြောက်သွေ့သော မြေဖြစ်ပါက ကွန်ကရစ်ကို ရေလုံလောက်စွာ ထဲ့၍ ဖျော်ရသည်။

မြေကြီးနှင့် ကွန်ကရစ် မရောရ။

CONCRETE PILE တခု ခြောက်၍ မမာမခြင်း ၎င်း PILE ၏ ပတ်ဝန်းကျင်၌ အခြား PILE များ မပြုလုပ်ရ။

အကောင်းဆုံးနည်းမှာ လိုသော အရွယ်ရှိ သံပိုက်လုံး တခုကို အလိုရှိသော အနက် ရောက်အောင် ပထမဦးစွာ ရိုက်ထဲ့ပြီး ၎င်း PILE အတွင်းသို့ ကွန်ကရစ် လောင်းနိုင်သည်။ 
CONCRETE လောင်းနေစဉ် သံပိုက်ကို တဖြည်းဖြည်း မ ယူ၍ မြေမျက်နှာပြင်နှင့် ပေ 20 ခန့် ရောက်သောအခါ အလိုရှိသော သံကူများ ထဲ့၍ ကွန်ကရစ် လောင်းပေးရသည်။

၎င်း PILE သည် ဘေးပတ်လည် မျက်နှာပြင် မညီညာသောကြောင့် မြေကြီးနှင့် CONCRETE PILE အကြား ကုတ်အား ပို၍ ကောင်းမွန်စေသည်။

#SCREW_PILE

၎င်းတို့သည် များသော အားဖြင့် CAST IRON ဖြင့် ပြုလုပ်သော PILE များ ဖြစ်သည်။

၎င်းကို အသုံးပြုခြင်းကြောင့် မြေကြီး၏ တုန်ခါမှုကို ကာကွယ်နိုင်သည်။ မြေကြီး အတွင်းသို့ ဝက်အူလှည့်၍ ရိုက်သွင်းပေးရသော PILE ဖြစ်သည်။

မသုံးမီ မြေကြီး အမျိုးအစားကို ကြိုသိရမည်။ မြေကြီး အမျိုးအစားကို သိနိုင်ရန် စမ်းသပ် ကျင်းများ တူးကြည့်ရသည်။

SCREW PILE များ၏ ခံနိုင်အား SAFE LOAD ကို တွက်ရန် ပုံသေနည်းမှာ ထိပ်ဝဧရိယာကို မြေကြီး၏ ခံနိုင်အားနှင့် မြှောက်ရသည်။

သင်ကြားပေးခဲ့သော ဆရာ/ဆရာမများ ကျမ္မာ ချမ်းသာကြပါစေ။

Photos ကို Google မှ ရှာထားသည်။

Credit#Hnin Hnin Ou

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts