Myanmar House Logo

Myanmar House

Real Estate in Myanmar

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံသားများမလုပ်ဆောင်သင့်သည့်အချက်(၃)ချက်

January 16, 2023 128 views
ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံသားများမလုပ်ဆောင်သင့်သည့်အချက်(၃)ချက်

[Unicode]

(Frank Martela ၏ I’m a psychology expert in Finland, the No. 1 happiest country in the world—here are 3 things we never do ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

Frank Martela သည် PhD ဘွဲ့ရ အတွေးအခေါ်ပညာရှင် ၊ စိတ်ပညာသုတေသီ တစ်ဦး ဖြစ်ပြီး ပျော်ရွှင်ခြင်း၏ အခြေခံ အကြောင်းရင်းများကို လေ့လာခဲ့သူလည်း ဖြစ်သည်။ သူသည် ဖင်လန်နိုင်ငံ ၊ Aalto တက္ကသိုလ်မှ ကထိကတစ်ဦး ဖြစ်ပြီး ”A Wonderful Life: Insights on Finding a Meaningful Existence” စာအုပ်ကို ရေးသားထုတ်ဝေထားသည်။)

ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာအရ ဖင်လန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၅ နှစ်ဆက်တိုက် ရပ်တည်လျှက်ရှိသည်။

၂၀၂၂ ခုနှစ် အစီရင်ခံစာအရ နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှ ပြည်သူများကို ၎င်းတို့၏ မျက်မှောက်ခေတ် ဘဝအခြေအနေများနှင့် စပ်လျဉ်းပြီး ၀ မှ ၁၀ အထိ အဆင့်သတ်မှတ်ပေးစေကာ စစ်တမ်းကောက်ယူခဲ့သည်။

လူမှုရေး အထောက်အပံ့ ၊ အသက်တမ်း ၊ ရက်ရောမှုနှင့် အကျင့်ပျက်ချစားမှုမရှိခြင်း အစရှိသော အချက်များကိုလည်း ထည့်သွင်း တွက်ချက်ခဲ့သည်။

ဖင်လန်အတွေးအခေါ်ပညာရှင် ၊ ပျော်ရွှင်မှု၏ အခြေခံအချက်များကို လေ့လာခဲ့သော စိတ်ပညာသုတေသီတစ်ဦး ဖြစ်သော ကျွန်ုပ်အား မကြာခဏမေးလေ့ရှိသည့် မေးခွန်းမှာ …ဖင်လန်နိုင်ငံက လူတွေ ဘာကြောင့် ဘဝကို ကျေနပ်ပျော်ရွှင်ကြတာလဲ ဆိုသော မေးခွန်းဖြစ်သည်။

မြင့်မားသည့် ဘဝအရည်အသွေးကို ထိန်းသိမ်းထားရန်အတွက် ကျွန်ုပ်တို့ ဖင်လန်နိုင်ငံသားများ မည်သည့်အခါမှ မလုပ်သည့်အရာ ၃ ခုရှိသည်။

၁။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အိမ်နီးချင်းများနှင့် နှိုင်းယှဉ်လေ့မရှိ။

နာမည်ကျော် ဖင်လန် ကဗျာတွင် ပါဝင်သည့် ကဗျာတစ်ကြောင်းမှာ "Kell' onni on, se onnen kätkeköön" ဟုဖြစ်ပြီး အဓိပ္ပယ်မှာ ပျော်ရွှင်မှုကို မနှိုင်းယှဉ် ၊ ကြွားလုံးမထုတ်နှင့် ဟုဖြစ်သည်။

အဆိုပါ အချက်မှာ ဖင်လန်နိုင်ငံသားတို့၏ နှလုံးအိမ်တွင် ထာဝရ စွဲမြဲနေသည်။

အထူးသဖြင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများ ၊ ချမ်းသာကြွယ်ဝမှုများကို ထုတ်ပြခြင်းမျိုးနှင့် ပတ်သက်၍ ဖြစ်သည်။

ကျွန်ုပ်သည် တစ်ခါက ဖင်လန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်နှင့် ဆုံစည်းခဲ့ဖူးသည်။

သူက လမ်းလျှောက်စအရွယ် သူ့ကလေးကို ကလေးလက်တွန်းလှည်းဖြင့် ရထားဘူတာသို့ တွန်းကာသွားနေသည်ကို တွေ့ရသည်။

သူ့အနေဖြင့် တန်ဖိုးကြီး မော်တော်ကားဝယ်စီးခြင်း (သို့မဟုတ်) ယာဉ်မောင်းတစ်ဦးငှားခြင်း အစရှိသည်တို့ ပြုလုပ်နိုင်သော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုသာ သုံးရန် ရွေးချယ်ခဲ့သည်။

ဤသည်ကား ဖင်လန်တွင် အောင်မြင်မှုဟူသည်မှာ မည်သည့်အရာဖြစ်သည်ကို ပြသလာခြင်း ဖြစ်သည်။

လူတိုင်းနည်းတူသာ ဖြစ်ပါသည်။

ပျော်ရွှင်မှုသင်ခန်းစာ- သင့်အား ပျော်ရွှင်စေမည့် အရာကိုသာ ပိုမိုအာရုံစိုက်ပါ။

အောင်မြင်မှုကို လှမ်းမျှော်ကြည့်ခြင်း လျော့ချပါ။

စစ်မှန်သော ပျော်ရွှင်မှုကို ရခြင်း၏ ပထမဦးဆုံး ခြေလှမ်းမှာ မိမိကိုယ်ကို အခြားသူများနှင့် မနှိုင်းယှဉ်ပဲ ကိုယ်ပိုင် စံနှုန်း ပန်းတိုင်ချမှတ်ခြင်း ဖြစ်ပါသည်။

 

၂။ သဘာဝတရား၏ ကောင်းကျိုးကို လစ်လျူမရှုပါနှင့်။

၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်အရ သဘာဝတရားမှာ အရေးကြီးကြောင်း လက်ခံထားသော ဖင်လန်နိုင်ငံသား ပမာဏမှာ ၈၇ ရာခိုင်နှုန်းရှိသည်။

သဘာဝတရားသည် စိတ်အေးချမ်းမှု ၊ ခွန်အားနှင့် အပန်းပြေစေမှုတို့ ပေးစွမ်းသောကြောင့် ဖြစ်သည်။

ဖင်လန်နိုင်ငံတွင် အလုပ်သမားများမှာ နွေရာသီ ရုံးပိတ်ရက် ရက်သတ္တ ၄ ပတ်ရကြလေ့ရှိသည်။

အများစုမှာ အဆိုပါ အားလပ်ရက်တွင် ကျေးလက်ဒေသသို့ ခရီးထွက်ကာ သဘာဝတရားကြီးအတွင်း စီးမျောပါဝင်လေ့ရှိကြသည်။

ကျေးလက်ဒေသရှိ နေအိမ်များမှာ လျှပ်စစ်မီးမရှိသည့်အပြင် ရေပိုက်လိုင်းပင် မရှိချေ။

ကျွန်ုပ်သည် ဟယ်စင်ကီ ပန်းခြံအနီးတွင် နေထိုင်ကာ ပန်းခြံသို့ လမ်းလျှောက်၏။

(ပျော်ရွှင်မှု သင်ခန်းစာ )

သဘာဝတရားတွင် အချိန်ကုန်လွန် ဖြတ်သန်းခြင်းမှာ ကျွန်ုပ်တို့၏ ကြံ့ခိုင်တက်ကြွမှု ၊ သာယာဝပြောမှုတို့ကို မြင့်တက်စေသည်။

သင်၏ ဘဝအတွင်းသို့ စိမ်းလန်းမှုများ ဆောင်ကျဉ်းပေးနိုင်ရန် နည်းလမ်းများ ရှာဖွေပါ။

အနိမ့်ဆုံးအားဖြင့် နေအိမ်အတွက် သစ်ပင်ပန်းပင်ကလေးများ အနည်းငယ်ဝယ်ယူခြင်းမျိုး ပြုလုပ်ပါ။

Credit to original uploader

Related Posts