Myanmar House Logo

Myanmar House

Real Estate in Myanmar

ချစ်စရာကောင်းတဲ့ အိမ်ရှေ့မျက်နှာစာလေးဖြစ်ဖို့ ပြင်ဆင်နည်း အသွယ်သွယ်

January 17, 2023 426 views
 ချစ်စရာကောင်းတဲ့ အိမ်ရှေ့မျက်နှာစာလေးဖြစ်ဖို့ ပြင်ဆင်နည်း အသွယ်သွယ်

အိမ်တစ်အိမ်ရဲ့ မျက်နှာစာဟာ အိမ်ရဲ့ လာဘ်ခေါ်ရာ နေရာလေး ဖြစ်တာကြောင့် ကျတ်သရေမင်္ဂလာ နဲ့ ပြည့်စုံနေအောင် ပြင်ဆင်ထားသင့်ပါတယ်။ "အိမ် သာ တော့ ဧည့်လာ" ဆိုသလို ဧည့်သည်တွေလည်းချစ်တဲ့၊ မိသားစုလည်း ပျော်ရွှင်ရတဲ့ အိမ်လေးဖြစ်နေရင် စီးပွားရေးတွေ အဆင်ပြေလာတော့မှာ မလွဲဧကန်ပါပဲ။ ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ အိမ်ရဲ့ကျတ်သရေတစ်ခုဖြစ်တဲ့ အိမ်အဝင်ဝလေးတွေကို ဘယ်လိုလှပအောင် ပြုပြင်မလဲ ဆိုတာကို Tips ကလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ 

အိမ်အဝင်ဝလေးတွေဟာ အိမ်ထဲနဲ့ အိမ်ပြင်ကို ချိတ်ဆက်ပေးထားတဲ့ ကြားခံနယ်လေး ဖြစ်တာကြောင့် အိမ်ရဲ့နွေးထွေးမှုတွေကို ဝင်ပေါက်လေးကနေစ ခံစားရအောင် ပြင်ဆင်ဖို့ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်နော်။ 

- ပန်းအိုးလေးများ 
အိမ်ရှေ့မှာ အထူးတလည်အလှဆင်ဖို့ သိပ်မတွေးချင်ဘူး ဆိုရင်တော့ ပန်းအိုးလေးတွေသာ ချထားလိုက်ပါ။ အိမ်အဝင်ပေါက် တံခါးလေးရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ပန်းအိုးလေးတွေ ချကာ စိုက်ပျိုးထားလိုက်ခြင်းဖြင့် ပန်းရဲ့အလှနဲ့ အိမ်ဝင်ပေါက်လေးဟာ ကျတ်သရေ ရှိနေမှာ အမှန်ပါပဲ။ နောက်ပြီး ချစ်စရာကောင်းတဲ့ ပန်းခွေလေးတွေကိုလည်း အိမ်ရှေ့တံခါးမှာ ချိတ်ဆွဲထားနိုင်သေးတယ်နော်။ 

- မီးဆိုင်းလေးများ
အိမ်အဝင်ပေါက် တံခါးရဲ့ ဘေးဘက်နံရံတွေမှာ မီးဆိုင်းလေးတွေ တပ်ဆင်ပြီး အလှဆင်ထားခြင်းဟာ ပုံပြင်ထဲက အိမ်လေးလို ထူးထူးခြားခြားလေးနဲ့ လှပနေမှာ ဖြစ်ပါတယ်။ မီးဆိုင်းလေးတွေမှာ ရှေးကျတဲ့ ဒီဇိုင်းလေးတွေကို သုံးမယ်ဆိုရင်တော့ ပိုပြီးတော့ ဆွဲဆောင်မှုရှိတဲ့ အိမ်အဝင်ဝလေး ဖြစ်နေမှာ အမှန်ပဲနော်။ 

- ရေမြောင်းတွေကို ရှင်းလင်းပါ
အိမ်ရှေ့မှာ ဗွက်ပုပ်စော်နံနေတဲ့ ရေမြောင်းတွေ ရှိနေမယ်ဆိုရင် စိတ်ကို ညစ်ညူးစေမှာ အမှန်ပါပဲ။ ဒါကြောင့် အိမ်ရှေ့မှာ ရေမြောင်းလေးတွေ ရှိမယ်ဆိုရင် ရေစီးရေလာကောင်းစေဖို့၊ ခြင်တွေမပေါက်ဖွားစေဖို့၊ အနံ့ဆိုးတွေ မထွက်စေဖို့အတွက် ပုံမှန်ရှင်းလင်းပေးသင့်ပါတယ်။ 



- တံခါးမကြီးကို အရောင်သစ်ခြယ်ပါ
အိမ်ရဲ့ အဝင်ပေါက်တံခါးလေးတွေ ဟောင်းနွမ်းနေတဲ့အခါ အိမ်တစ်ခုလုံးကိုလည်း ဟောင်းနွမ်းနေတဲ့ပုံစံ ဖြစ်စေပါတယ်။ ဒီပြဿနာကို ပြေလည်စေတဲ့ အချက်ကတော့ အိမ်တံခါးဝကို ဆေးရောင်သစ်ခြယ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးရောင်သစ် ခြယ်လိုက်ခြင်းဖြင့် အိမ်ကိုသစ်လွင်တောက်ပစေပြီး စိတ်ကို လန်းဆန်းစေပါတယ်။ ဆေးရောင်သစ်ကို အရောင်ရင့်ရွေးချယ်သင့်ပါတယ်။ 

- အိမ်ရှေ့မှာ ဥယျာဉ်ဖန်တီးပါ။ 
ကိုယ်က ခြံကျယ်ကျယ်ရှိတယ်၊ အိမ်ရှေ့မျက်နှာစာကို ပြင်ဆင်ဖို့လည်း အချိန်မပေးနိုင်ဘူးဆိုရင်တော့ အိမ်ရှေ့မြေကွက်လပ်မှာ စက္ကူပန်းပင်လို ပန်းပင်လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးထားလိုက်ခြင်းပါပဲ။ ပန်းပင်လေးတွေရဲ့ နီနီဝါဝါ အလှတွေနဲ့ အပင်လေးတွေရဲ့ စိမ်းစိမ်းစိုစို အလှတရားက သင့်အိမ်ရဲ့ အိမ်ရှေ့မျက်နှာစာကို အိမ်ရှေ့ဖြတ်သွားသူတိုင်း ငေးကြည့်ရလောက်အောင် လှပပါတယ်။ 

Credit to original uploader
 

Related Posts