Myanmar House Logo

Myanmar House

Real Estate in Myanmar

Bore pile အကြောင်းသိကောင်းစရာ

January 17, 2023 222 views
Bore pile အကြောင်းသိကောင်းစရာ

Bore pile အကြောင်းသိကောင်းစရာ
=========================
အပိုင်း..၂
=======

#Concrete နှင့် သဲ၊ နှုံး များ ရော နှော နေ ခြင်း၊ Honeycomb ဖြစ် ခြင်း
#Bored Pile လော က ကြုံ တွေ့ ရ သော ပြ ဿ နာ များ

Bored Pile ၏ အ ပြည့် အ နာ အ ဆာ များ (Pile Defects) ကို မြေ တူး ပြီး ၍
Pile Hacking လုပ် ငန်း ဆောင် ရွက် စဉ် မျက် မြင် တွေ့ မြင် ရ လျှင် ပြန်
လည် ကု စား ရ လွယ် ကူ သော် လည်း Cut-Off Level အောက် မ မြင် ရ သော အ နက်
တွင် ရှိ လျှင် သိ နိုင် ရန် ခက် ခဲ ပြီး ပြန် လည် ပြု ပြင် ရန် လည်း မ
လွယ် ကူ ပါ။ Sonic Integrity Test (SIT) ၊ Sonic Logging Test (SLT)
ဖြင့် Pile ၏ Concrete Quality ကိုသိ နိုင် ပြီး Pile Defects ကို လည်း
ဖေါ် ထုတ် နိုင် သည်။ သို့ သော် လက် တွေ့ တွင် Site မှာ ရှိ သ မျှ Pile
အား လုံး ကို စမ်း သပ် ရန် မ လွယ် ကူ ပါ။ CQHP Guideline အ ရ Bored Pile
လုပ် ငန်း တွင် Integrity Test ကို ၅၀ ရာ ခိုင် နှုန်း ထိ စမ်း သပ် ရန်
လမ်း ညွှန် ထား သည်။ Integrity Test ပြု လုပ် ပြီး နောက် Pile တွင် အ ပြစ်
အ နာ အ ဆာ များ တွေ့ ရ ပါ က Concrete ကို စ နစ် တ ကျ မ လောင်း ၍ ဖြစ် သည်
ဟု အ များ အား ဖြင့် ယူ ဆ ကြ သည်။ ဤ ယူ ဆ ချက် သည် အ ပြည့် အ ၀ မ မှန်
ကန် ပါ။ Pile Undercast ဖြစ် ခြင်း (Sound Concrete Level သည် Cutoff
Level အောက် ရောက် နေ ခြင်း) ၊ Bentonite Layer ခံ ပြီး Pile Concrete
ခါး ပြတ် ခြင်း (Sounding Error ကြောင့် Tremie Pipe အ ဖြုတ် မှား ၍ Pipe
Bottom သည် Fresh Concrete တွင် မြုပ် မ နေ ဘဲ လွတ် သွား ခြင်း) စ သည်
တို့ သည် တွင်း လောင်း သူ တို့ ၏ အ မှား ဟု အ များ အား ဖြင့် ဆို နိုင်
သည်။ သို့ သော် Concrete အ တွင်း သဲ၊ နုန်း အ နှစ် များ ရော နှော ပါ ဝင်
ခြင်း၊ Honeycomb ဖြစ် ခြင်း သည် သူ တို့ အ မှား ကြောင့် မ ဟုတ် ဘဲ လုပ်
ငန်း စဉ် အ ဆင့် တိုင်း တွင် စ နစ် တ ကျ မ လုပ် ဆောင် ခြင်း ကြောင့် ဖြစ်
သည် ကို လေ့ လာ တွေ့ ရှိ ချက် များ အ ရ သိ ရ သည်။ လေ့ လာ ချက် များ အ ရ-
(၁) Bentonite Quality. ညံ့ ဖျင်း ခြင်း
(၂) Sandy Soil Layer များ ခြင်း
(၃) Bored Operator မှ စ နစ် တ ကျ မ တူး ၍ မြေ စာ ကျန် ခြင်း
(၄) Base Cleaning မ ပြု လုပ် ခြင်း
(၅) သံ ခြင်း ချ ချိန်၊ Tremie Pipe ချ ချိန် ကြာ မြင့် ခြင်း
(၆) Concrete မ လောင်း မီ Sediment Depth နှင့် Pile အောက် ခြေ မှ
Bentonite Quality ကို မ စစ် ဆေး ခြင်း
(၇) အ မှတ် စဉ် (၆) တိုင်း တာ မှု အ ရ သဲ၊ နုန်း အ နှစ် များ အ နည် ထိုင်
မှု များ ၍ Bentonite Quality သည် သတ် မှတ် Limit ထက် ကျော် သော် လည်း
Bentonite အ ဟောင်း နှင့် အ သစ် လဲ လှယ် မှု မ လုပ် ခြင်း.. စ သော အ
ကြောင်း များ ကြောင့် ဖြစ် သည်။
#References_CQHP_Inspector_Guideline
Credit...မလွင်မာ

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts