Myanmar House Logo

Myanmar House

Real Estate in Myanmar

လမ်းမြေပေါ်ရှိ အဆောက်အအုံကို ဝယ်မိလျှင်

January 18, 2023 129 views
လမ်းမြေပေါ်ရှိ အဆောက်အအုံကို ဝယ်မိလျှင်

“ယခင်ကတော့ ရေမြောင်းလို့ ပြောတယ်၊ အခုတော့ လူနေအိမ် ခြေတွေဖြစ်နေပြီး နောက်ဘက် ရပ်ကွက်နဲ့ တစ်ဆက်တည်းဖြစ်နေ ပြီ၊ အဆောက်အအုံလည်းရှိနေတယ်ဆိုတော့…”

“သူငယ်ချင်းက ဝယ်မယ်ဆို ပြီး သွားကြည့်ခဲ့တယ်ဆိုပါတော့ ဒီလိုလား”

မိတ်ဆွေဖြစ်သူ၏ စကားမ ဆုံးမီ စာရေးသူက မိမိအထင်နှင့် ပြောလိုက်ခြင်းဖြစ်သည်။

“အင်း-အဲဒီလိုဖြစ်သွားတယ်၊ ဒီလို ကိစ္စမျိုးတွေမှာ တရားဝင် ပိုင်ဆိုင်ခွင့်ရှိ မရှိ၊ အဆောက်အအုံ ကို ပြုပြင်ဆောက်လို့ ရမရ သိချင် လို့”

“သူငယ်ချင်းပြောသလို လွယ် လွယ်ကူကူနဲ့ ပြုပြင်ပြောင်းလဲလို့ ရတဲ့ ပိုင်ဆိုင်မှုမျိုးဆိုရင်တော့ ကိစ္စ မရှိဘူး။ ဒါပေမယ့် မြို့မြေစာရင်း မှာ မူလရေမြောင်းအဖြစ်သာရှိပြီး၊ ရွာမြေအဖြစ် သတ်မှတ်ထားခြင်း မရှိသေးရင်တော့ အဆင်မပြေဘူး သူငယ်ချင်း”

“နောက်ဘက်က ရပ်ကွက်နဲ့ တစ်ဆက်တည်းဖြစ်ပြီး အိမ်ထောင် စု စာရင်းလည်း ရထားတယ်ပြော တယ်”

“အိမ်ထောင်စု စာရင်းက တော့ ပစ္စည်းပိုင်ဆိုင်မှုနှင့် မသက် ဆိုင်ကြောင်း အတိအလင်းဖော်ပြ ထားတဲ့အတွက် အိမ်ထောင်စု စာ ရင်းရှိတာနဲ့ နေထိုင်တဲ့ မြေနဲ့ အိမ် ကို ပိုင်ဆိုင်သူလို့ ဥပဒေက သတ် မှတ်မထားဘူး”

“ရောင်းမယ့်သူကတော့ ဂရန် မြေလျှောက်ထားတယ်လို့လည်း ပြောတယ်”

“လက်ရှိ အခြေအနေအရ တော့ မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိ သည့် မြေအမျိုးအစားဖြစ်နေတဲ့အ တွက် ကျူးကျော်မြေလို့လည်း သတ်မှတ်နိုင်တယ်”

“အချိန်မရွေးဖယ်ရှားခံနိုင် တယ်ပေါ့”

“ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်မယ်။ သူငယ်ချင်းလို လမ်းမြေ ပေါ်မှာ ဆောက်ထားတဲ့ အ ဆောက်အအုံနဲ့ ပတ်သက်ပြီး ရောက်လာတာဖြစ်တယ်”

“စိတ်ဝင်စားစရာပဲ ရှင်းပြပါ ဦး”

“သူပြောပြတဲ့အတိုင်း ပြန် ပြောရရင်တော့ သူ့ရဲ့ မိတ်ဆွေ တစ်ဦးက ကန်ထရိုက်တိုက် ဆောက်မှာမို့ ငွေအရင်းအနှီးမြှုပ်နှံ တဲ့ သဘောနဲ့ ကြိုပွိုင့်တိုက်ခန်း တစ်ခန်းဝယ်ဖို့ ပြောတယ်။ ဒါနဲ့ အဆောက်အအုံနေရာသွားကြည် တယ်။ မူလအိမ်က မဖျက်ရသေး ဘူး။ ပိုင်ရှင်တွေကလည်း သူတို့ ဝယ်ထားပြီး အိမ်ဆောက်နေတာ အနှစ် ၂ဝ လောက်ရှိပြီပေါ့။ ဂရန် ရဖို့ လျှောက်ထားတယ်လို့ပြော တယ်။ သူတို့ ဝယ်ထားတဲ့ အရပ် စာချုပ်ကို ပြတော့ဖြစ်နိုင်တယ် ဆိုတာ ကြိုပွိုင့်အနေနဲ့ ငွေကျပ် သိန်း ၁၅ဝပေးပြီး၊ တိုက်ခန်း အ ရောင်းအဝယ်ကတိစာချုပ် ချုပ်ခဲ့ တယ်။ သုံး၊ လေးလနဲ့ ဘာမှထူး ခြားမလာတော့ သက်ဆိုင်ရာ မြေ ယာဌာနကိုထံစုံစမ်းတာပေါ့”

“ဒီတော့ အခြေအနေက ဘာ ဖြစ်နေလဲ”

“ယခင်က လမ်းမြေဖြစ်ပြီး အခုတော့ အဆောက်အအုံတွေ ဆောက်လုပ်နေထိုင်တဲ့ မြေဖြစ်နေတယ်၊ ဂရန်လျှောက်ထားတာ လည်း တွေ့ရတယ်လို့ပြောတယ်”

“ဒီလိုမြေ အမျိုးအစားက ဂရန်မြေအဖြစ် သတ်မှတ်ပေးတာ ရှိလို့လား”

“မြို့တော်စည်ပင်သာယာ ရေး ကော်မတီက သတ်မှတ်ထား တဲ့ မြေအမျိုးအစားထဲမှာ စကွာ တာ မြေဆိုပြီး သတ်မှတ်ထား တဲ့ မြေအမျိုးအစားရှိတယ်”

“ဘယ်လိုမြေ အမျိုးအစားမျိုး လဲဆိုတာရှင်းပြပါဦး”

“မြေငှား ဂရန်မရယူခဲ့၍ လည်းကောင်း၊ မြေငှားဂရန် သက် တမ်းကုန်ဆုံးပြီးနောက် သက်တမ်း အသစ်လဲလှယ်ခြင်း၊ မပြုခဲ့၍ လည်းကောင်း ဂရန်စည်းကမ်းချက် ပါ တစ်ရပ်ရပ်ကို ဖောက်ဖျက်ခဲ့၍ လည်းကောင်း၊ စကွာတာ ကျူးလွန် ခြင်း ပြေစာဖြင့် စည်းကြပ်ကောက် ခံသော မြေအမျိုးအစားလို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ ဒီလို မြေအမျိုးအစားထဲပါနေရင်တော့ ဂရန်မြေငှား စာချုပ်လျှောက် ထား ခွင့် ရှိတယ်”

“တိုတိုရှင်းရှင်းပြောရရင် မြေ ခွန်ပြေစာနဲ့ စည်းကြပ်ကောက်ခံ ထားတဲ့ ကျူးကျော်မြေလို့ဆိုရမှာ ပေါ့”

“ဒီလိုလည်း မှတ်သားလို့ရ တာပေါ့လေ၊ ဒါပေမယ့် အခုကိစ္စ တွေက လမ်းမြေအဖြစ် သတ်မှတ် ထားတဲ့ မြေပေါ်မှာ ဝင်ရောက်နေ ထိုင်ကြတာဖြစ်တဲ့အတွက် မြေငှား ဂရန်ရဖို့ အခက်အခဲရှိသွားတယ်”

“ငွေရေး၊ ကြေးရေးနဲ့ ပတ် သက်လို့လည်း အမှုအခင်းတွေ ဖြစ်လာနိုင်တယ်ပေါ့”

“မှန်တယ် သူငယ်ချင်း၊ ဒီလို လမ်းမြေကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုတစ်ခုရှိတယ်”

“ဗဟုသုတအဖြစ် ပြောပါဦး”

“ဦးဇော်မျိုးဝင်းနှင့် ဌာနမှူး (အဆောက်အအုံနှင့် ကုန်ရုံဌာန၊ မန္တလေး စည်ပင်သာယာရေး ကော်မတီ) ၂ဝ၁၄ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈ဝ အမှုမှာ ဦးဇော်မျိုးဝင်း၏ ရေခဲ စက်မှာ ယခင်လယ်ရေသွင်း မြောင်း၊ ယခုလမ်းမြေပေါ်၌ ဆောက်လုပ် ထားသော အဆောက် အအုံ (ရေစင်၊ ထရန်စဖော်မာ မီးစက်) ခြံစည်းရိုးတို့သည် ကျူး ကျော်ဆောက် လုပ်ထားခြင်းဖြစ်၍ မန္တလေးမြို့ တော်စည်ပင်သာယာ ရေး ကော်မတီ အဆောက်အအုံ နှင့် ကုန်ရုံဌာန၊ ဌာနမှူးက ဖယ်ရှားဖျက်သိမ်းပေးရန် အကြိမ်ကြိမ် အကြောင်းကြားစာပေးပို့ခဲ့သည်။ လိုက်နာဖျက်သိမ်းပေးခြင်းမရှိသ ဖြင့် မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီ ၏ အစီအစဉ် ဖြင့် ဖျက်သိမ်းရှင်းလင်းခဲ့ခြင်း သည် ကျူးကျော်ဆောက်လုပ်ထား သည့် အဆောက်အအုံများနှင့် ကျူးကျော်သူ များကို ဖယ်ရှားရန် ဥပဒေအရ အပ်နှင်းထားသည့် လုပ် ပိုင်ခွင့်နှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်။ မိမိ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန် သုံးစွဲခြင်းပြုသည်ဟု ဆိုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စာချွန် တော်အမိန့်ထုတ်ပြန်ရန်မ သင့်ကြောင်း ဆုံးဖြတ်ထားတာကို တွေ့ရ တယ်”

“ဒါဆိုရင် လမ်းမြေအဖြစ် သတ်မှတ်ထားတဲ့ မြေပေါ်မှာ အ ဆောက်အအုံ ဆောက်ခဲ့ရင် ဥပ ဒေနှင့်အညီ ဖယ်ရှားခံရနိုင်တယ် ဆိုပါတော့”

“ဟုတ်ပါတယ်၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၇ မှာ မည်သူမျှ ကော်မတီ က စီမံခန့်ခွဲပိုင်ခွင့်ရှိ သည့်မြေ၊ မြေကွက်လပ်များ မှာ ကော်မတီ၏ ခွင့်ပြုချက်မရဘဲ အဆောက်အအုံ များ၊ နေအိမ်များ ကျူးကျော် ဆောက်လုပ်နေထိုင်ခြင်း မပြုရလို့ တားမြစ်ပိတ်ပင်ထားတယ်။ ဖောက်ဖျက်ကျူးလွန်ရင်တော့ ကျူးကျော်ဆောက်လုပ်ထားတဲ့ အ ဆောက်အအုံကို ဖယ်ရှားပေးဖို့ အကြောင်းကြားစာထုတ်ဆင့်မယ်။ အကြောင်းကြားစာ ရရှိသည့် ရက် မှ ၁၅ ရက်အတွင်း ဖယ်ရှားမပေး ရင် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ဖယ်ရှားရှင်းလင်းရေး အဖွဲ့က ကျူးကျော်သူနှင့်တကွ အဆောက်အအုံ နေအိမ်များကို ဖယ်ရှားပြီး မြေနေရာ ကို လက် ရောက်ရယူနိုင်တယ်လို့ စည်ပင် သာယာရေး ဥပဒေ ပုဒ်မ ၄၅ မှာ အတိအလင်းပြဋ္ဌာန်းထားတယ်”

“ဥပဒေအရ အစောက ပြော တဲ့ လမ်းမြေ၊ အပါအဝင်မြေကွက် လပ်မှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရဲ့ ခွင့်ပြု ချက်မရဘဲ ကျူးကျော်ပြီး အ ဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်မပြုဘူးဆိုတော့ အကယ်၍ များခွင့်ပြုချက်ရခဲ့ရင် –

“သူငယ်ချင်းကတော့ ကတ်ဖဲ့ မေးပြီ။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီရဲ့ လုပ်ထုံး လုပ်နည်း ဥပဒေတို့အရ ခွင့်ပြု ချက်ပေးနိုင်တဲ့ မြေဆိုရင်တော့ အဆောက်အအုံ ဆောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဥပဒေ အရ တားမြစ်ထားတဲ့ အချက်ကို တော့ မည်သူမဆို လိုက်နာရန် တာဝန်ရှိတယ်။ သူငယ်ချင်း ဒါ ကြောင့် သေချာစုံစမ်းပြီးမှ ဝယ် သင့်တယ်”ဟု သူငယ်ချင်း အား အကြံပြုဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌‌ဈေးကွက်ဂျာနယ်

 

Related Posts