Myanmar House Logo

Myanmar House

Real Estate in Myanmar

မြေရှားသတ္ထုဆိုတာ ဘာလဲ

January 19, 2023 4146 views
မြေရှားသတ္ထုဆိုတာ ဘာလဲ

မြေရှားသတ္ထုဆိုတာ ဘာလဲ
-----------------------------
မြေရှားသတ္ထုကို အင်္ဂလိပ်လို Rare Earth လို့ခေါ်ပါတယ်။ သတ်မှတ်ထားတဲ့ ဒြပ်စင် ၁၇ အုပ်စုရှိပါတယ်။ အဲဒါတွေကို မြေရှားသတ္ထုလို့ခေါ်တာပါ။
မြေရှားသတ္ထုကို ဘယ်မှာသုံးလဲ
-----------------------------
မြေရှားသတ္တုတွေကို အထူးသဖြင့်တော့ လျှပ်စစ်ကား ထုတ်လုပ်တဲ့ကုမ္ပဏီတွေက ဝယ်သူသုံးစွဲကြပါတယ်။ မြေရှားသတ္ထုကို လျှပ်စစ်ကား ဘတ္ထရီအတွက် အများဆုံးသုံးကြတာပါ။ တခြား လျှပ်စစ်ပစ္စည်းထုတ်လုပ်တာတွေ၊ ဖန်ထည်မှန်ထည် လုပ်ငန်းတွေမှာလည်း သုံးကြပါသေးတယ်။
မြန်မာနိုင်ငံက ဘယ်နေရာတွေမှာ မြေရှားသတ္ထုတွေ့ရလဲ
-----------------------------
မြေရှားသတ္ထုကို မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ အများဆုံးတွေ့ရပါတယ်။ ပန်ဝါဒေသဟာ အထူးဒေသ(၁) ဖြစ်ပြီး အသွင်ပြောင်းပြည်သူ့စစ် ဦးစခုန်တိမ့်ယန်း ချုပ်ကိုင်ထားတဲ့နယ်မြေပါ။ အဲဒီမှာ မြေရှားသတ္ထုအများအပြားရှိတယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဘက်မှာလည်း အများအပြားရှိပါတယ်။
တကယ်ကျ မြေရှားသတ္ထုဆိုတာ ကမ္ဘာ့အပေါ်ယံမြေလွှာထဲမှာ အများအပြားရှိနေတာပါ။ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ တခြားနိုင်ငံတွေမှာလည်းရှိပါတယ်။ မြေရှားသတ္ထုရဲ့သဘောက သူချည်းရှိနေတာမဟုတ်ဘဲ တခြားဒြပ်စင်တွေနဲ့ ရောနှောနေလို့ ပြန်လည် ခွဲထုတ်ရပါတယ်။ ဒီလိုခွဲထုတ်ရတာက ကုန်ကျစရိတ်ကြီးလွန်းတာ ဖြစ်ပါတယ်။
တရုတ်လို ငွေကြေးတောင့်တင်းတဲ့နိုင်ငံကတော့ ကိုယ်နိုင်ငံမှာရှိတဲ့ မြေရှားသတ္ထုကို မထုတ်လုပ်ဘဲ အရေးပေါ်လိုအပ်ချက်တွေ ထားရှိပြီး တခြားနိုင်ငံတွေဆီက ဝယ်သုံးပါတယ်။
မြေရှားသတ္ထုကို ဘယ်သူဝယ်သလဲ
-----------------------------
မြန်မာနိုင်ငံကနေ မြေရှားသတ္ထုကို အများဆုံးဝယ်ယူသူက တရုတ်ပါ။ အားလုံးလည်း သိကြမှာပါ။ အမေရိကန် ဘူမိလေ့လာရေးအသင်း USGS အဆိုအရဆိုရင် ၂၀၁၈ တစ်နှစ်တည်းမှာ မြန်မာနိုင်ငံက မြေရှားသတ္ထု တန်ချိန် ၅၀၀၀ လောက်ကို တရုတ်ကို ပို့ခဲ့ပါတယ်။
ဘရာဇီးနဲ့ အိန္ဒိယမှာဆိုရင် မြေရှားသတ္ထု တန်ချိန်ပေါင်း သိန်းနဲ့ချီပါတယ်။ ဒါပေမယ့်သူတို့ကတော့ တန်ချိန် ၁၀၀၀-၂၀၀၀ ပဲ ထုတ်ယူပါတယ်။
မြေရှားသတ္ထုက ဘာတွေဆိုးကျိုးရှိလဲ
-----------------------------
မြေရှားသတ္ထုရဲ့အဓိကဆိုးကျိုးကတော့ သူ့ကိုတူးဖောက်တဲ့အခါမှာ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာပါပဲ။ ဓာတုပစ္စည်းတွေသုံးရတာရယ်၊ အဲဒီကထွက်တဲ့ စွန့်ပစ်ရေတွေဟာ ပတ်ဝန်းကျင်က ဒေသခံတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွာထိခိုက်စေတာဖြစ်ပါတယ်။

#Mercury_Media
#Mercury_Local_News

Credit >>> 

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts