Myanmar House Logo

Myanmar House

Real Estate in Myanmar

CHC,RTK-GPS ကိုင်တွယ်အသုံးပြုခြင်း

January 20, 2023 179 views
CHC,RTK-GPS ကိုင်တွယ်အသုံးပြုခြင်း


CHC,RTK-GPS ကိုင်တွယ်အသုံးပြုခြင်းကို သိရှိမှတ် သားရလွယ်ကူပြီး တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်စေရန်အတွက်ရည်ရွယ်ပြီး ကဗျာဖြင့်တတ်သိသမျှ မျှဝေပါရစေ။

Part (1) - ''အခြေခံအချက်အလက်များနှင့် Bluetooth ချိတ်ဆက်ခြင်း။''

CHC,RTK-GPS ကိုင်တွယ်အသုံးပြုခြင်း

အခြေခံအချက်အလက်များ

(က) Base Receiver
       (၂)ဂဏန်းနဲ့စဥပမာ ၂၉၁၇ပါ
       Base Receiver လို့ခေါ်တယ်ဗျ
       Serial နံပတ် (၂) ကိုမှတ်.....

(ခ) Rover Receiver
     Rover Receiver ကျန်သေးတာ
     Base အဖြစ်မသုံးနိုင်ပါ
     ၉ ၄ ၀ ၇ ၅ ၉ Serial နံပတ်(၉).....

(ဂ) Controller
      Data တွေကိုသိမ်းဆည်းရန်
      Receiver ပါမကျန်
      Controller ဟာအဓိက
      Bluetooth ချိတ်ပြီးဖမ်းယူရ.....

(ဃ) Controller တွင်ဦးစွာဆောင်ရွက်ချက်များ
      နှစ်၊လ၊ရက်နဲ့ အချိန်ဟာ ဦးစွာညှိရမှာ
      Start > Setting > System က
      ဝင်ရောက်ပြုပြင်မှ.....

(င) Bluetooth ချိတ်ဆက်ခြင်း

      Bluetooth ခလုတ် Open ပါ
      အောက်က Menu မှာ
      Bluetooth Setting ဝင်ပါမှ Receiver ရှာမယ်ဗျ
      Add new device နှိပ်တဲ့အခါ
      ခေတ္တစောင့်လိုက်ပါ
      Base Receiver ရဲ့ Password က
      1 2 3 4 ဗျ
      Next နဲ့အတူရှေ့ဆက်၍
      Serial Port ကိုအမှန်ခြစ်
      Rover ကိုလည်းထို့အတူချိတ်
      Save ကိုမမေ့သင့်
      Com Ports ကိုနှိပ်ရာတွင်
      (NOP) မှာတင် (New Outgoing Port)
      Base ကို Com 8
      ဖြုတ်ပါအမှန်ခြစ် Secure Connection
      Rover ဆိုတော့ Com 9 ပေါ့
      Finish ပြီးတော့ OK ပေါ့.....

Part (2) - ''Radio ချိတ်ဆက်ရန် Setting ဆောင်ရွက်ခြင်း'' ကိုလိုအပ်မည့်သူများအတွက် ဆက်လက်ပြီးတင်ပေးသွားပါမည်။

Credit# Saw Saw( T.D.G )
Photo Credit

 ပြန်လည်ကူးယူဖော်ပြပါသည်။                      

Related Posts