Myanmar House Logo

Myanmar House

Real Estate in Myanmar

စကွာတာမြေဆိုတာဘယ်လိုမြေမျိုးလဲ

January 23, 2023 403 views
စကွာတာမြေဆိုတာဘယ်လိုမြေမျိုးလဲ

စကွာတာမြေဆိုတာဘယ်လိုမြေမျိုးလဲ

စကွာတာမြေများသည် ၁၉၅၃ ခုနှစ် အင်္ဂလိပ်အစိုးရ လက်ထက်တွင် ရန်ကုန်မြို့တည်ဆောက်ခဲ့စဉ်က ပေါ်ပေါက်လာသည့်မြေအမျိုးအစားဖြစ်တစ်မျိုးဖြစ်သည်။

ရန်ကုန်မြို့ကို အကွက်ရိုက်၍ မြေပိုင် အမျိုးအစား အနေဖြင့် ၊ ရောင်းချပေးရာ မြေဝယ်နိုင်သူများက မြေအပိုင် ဝယ်ခဲ့ကြသော်လည်း မဝယ်နိုင်သူများ မှာ မြေငှား စာချုပ်ဖြင့် ဂရန်မြေငှားခပေးနေထိုင်ခဲ့ကြသည်။ ထိုမြေငှားစာ ချုပ်ဖြင့်ပင် မြေငှားခ မပေးနိုင်သူများလည်းရှိနေသည်။ ၎င်းတို့အတွက် အစိုးရက မပြောပလောက်သော မြေငှားခကို ပေးဆောင်စေ၍၊ စကွာတာ (Squatter) မြေများ သတ်မှတ်ပေးခဲ့သည်။

ထို့နောက် မြေငှားဂရန် စာချုပ်သက်တမ်း ကုန်ဆုံးခြင်း သို့မဟုတ် ဂရန်စာချုပ်ပါ စည်းကမ်းချိုးဖေါက်ခြင်း ၊ သို့မဟုတ် ဂရန်ဖျက်သိမ်းခံရခြင်း များရှိသည့်တိုင် ထိုမြေပေါ်တွင် ဆက်လက်နေထိုင်ကာ ရန်ကုန်စည်ပင်သာယာ
အဖွဲ့က စည်းကြပ်သော မြေခကို ထမ်းဆောင်နေသူ သို့မဟုတ် ၎င်းထံမှတစ်ဆင့်ဝယ်ယူ နေထိုင်သော မြေကို စကွာတာဟု သတ်မှတ်ခဲ့သည်။

ထို့ပြင် ရန်ကုန်စည်ပင်သာယာရေးအဖွဲ့က မြို့ကွက်သစ်များ ဖော်ထုတ်သည့်အခါတွင် ယင်းမြေပေါ်တွင် မူလနေထိုင်ခဲ့သူများအား ဖယ်ရှား၍ မြေကွက်သစ်များတွင် နေရာချထားပေးခဲ့သည်လည်းရှိသည်။

၎င်းတို့ကို မြေငှားဂရန်စာချုပ် မထုတ်ပေးနိုင်မီ စပ်ကြားကာလတွင် စကွာတာဟု ခေါ်ဝေါ်သတ်မှတ်လျက် မြေငှားခများ စည်းကြပ်ကောက်ခံခဲ့သည်။

ရန်ကုန်မြို့စည်ပင်သာယာရေးအဖွဲ့ မြေဝါဒစည်းမျဉ်း( ၁၉၅၄ ခုနှစ်) တွင် ဂရန်ကိုင် စကွာတာနှင့် ကျူးကျော်သူတို့ကို အောက်ပါ အတိုင်း သုံးမျိုးဖေါ်ပြထားသည်။ ယင်းတို့မှာ...

(၁) ဂရန်ကိုင်
(၂) စကွာတာ
(၃) ကျူးကျော်သူ ဟူ၍ဖြစ်သည်။

- ဂရန်လျှောက်ထားနိုင်ပါသည်။ ( ရောင်း / ပေါင် / လွှဲပြောင်း / ခွဲစိတ်ခွင့်မရှိပါ )

- စကွာတာမြေကို ဂရန်မြေအဖြစ် ပြောင်းနိုင်သည်။ ဂရန်မြေကျပြီးမှ ရောင်းချခြင်း၊ ပေါင်းနှံခြင်း ၊ လွှဲပြောင်းခြင်း ပြုလုပ်နိုင်ပေသည်။

Credit : အောင်ရဲစိုး(ဥပဒေ)

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts