Myanmar House Logo

Myanmar House

Real Estate in Myanmar

Sheet pile

January 24, 2023 139 views
Sheet pile

Credit..cellular 
Sheet pile 
***********

အလွယ်ပြောရရင်တော့ Sheet pile ဆိုတာ မြေထိန်းလုပ်ငန်းအတွက် မြေကာနံရံအဖြစ် အသုံးပြု ကြပါတယ်

Foundation အတွက် မြေတူးတဲ့အခါ / မြေအောက် အဆောက်အဦတွေအတွက် ကျင်းတူးဆောက်ရတဲ့အခါ …
ဘေးက မြေတွေ ပြိုကျမလာအောင် အရံအတား အရင်လုပ်တာမျိုး
မှာ အဓိက အသုံးပြုပါတယ်

Sheet pile ကို ကုန်းပေါ် / ရေထဲ  နေရာ အစုံ သုံးပါတယ် …
ရေထဲဆောက်မယ့် foundation တွေမှာ… အရင် Sheet pile ရိုက် အလုံပိတ်ဖြစ်လာရင် ရေတွေစုပ်ထုတ် … ဆောက်လိုတာ ဆက်ဆောက် စသည်ပေါ့လေ …

Sheet pile ဆိုတာ ရေတံလျောက်လို / ဇလားလိုပုံ သံ အထူနဲ့ လုပ်ထားတဲ့ အရာပါပဲ … မြင်လွယ်အောင် ပုံတွေ ရှာဖွေပြီး တွဲတင်ပေးထားပါတယ်

Sheet pile တွေကို မြေကြီးထဲ ပိုင်ရိုက်စက်နဲ့ ရိုက်သွင်းပါတယ် … အသုံးပြုတဲ့ စက်နဲ့ နည်းပညာကတော့ အမျိုးမျိုးရိကြပါတယ်

Sheet pile မှာလဲ အရွယ် အစား / အထူ / ပုံ အမျိုးမျိုး ရှိပါတယ် … တခုနဲ့ တခုချိတ်ဆက်ဖို့ အကောက်လေးတွေ မြောင်းလို ပုံဖော်ထားတာ ပါရှိပါတယ်

ကိုယ်ဆောက်မယ့် အဆောက်အဦအတွက် ဘေးပတ်လည် လေးဘက်လေးတန် အပိတ်ဖြစ်အောင် Sheet pile နဲ့ ဘောင်ခတ် ယူတဲ့ သဘောပါပဲ

Sheet pile တွေကို ဒီအတိုင်း တခုနဲ့ တခု ချိတ်ဆက် ရိုက်သွင်းရုံနဲ့တော့ ဘေးက မြေ / ရေ ရဲ့ တွန်းအားကို မခံနိုင်ပါဘူး

အဲ့အတွက် အတွင်းကနေ တန်းတွေ / တိုင်တွေ / ထောက်တွေ နဲ့ ကျားကန် ထောက်ပေးရပါတယ်

ဒီလို ဆောက်လုပ်တဲ့ အခါမှာ … Sheet pile တွေကို အလျားလိုက် တွဲ ချုပ်တဲ့တန်းကို Waller beam လို့ခေါ်ပါတယ်

မျက်နှာချင်းဆိုင် ရှိနေတဲ့ Waller beam တွေကို ပြန်ထောက်တဲ့တန်းတွေကို Strut လို့ ခေါ်ပါတယ်

ဒီလို Beam တွေ Strut တွေကို ဆောက်တဲ့ အခါ Engineering အရ တွက်ချက် ဒီဇိုင်းလုပ်ရပါတယ်

Waller beam တွေက အထက်အောက် ၂ တန်း / ၃ တန်း … Sheet pile ရဲ့ အနက်ကိုလိုက်လို့ ထိုထက်မက ရှိတတ်ပါတယ်

Waller beam တွေ Strut တွေကို I beam, C beam, U beam, H beam, hollow section စသည့် ( member ) တွေ သုံးကြပါတယ်

ဒါတွေကလည်း 10 meter / 12 meter / 20 meter စသည် လာပါတယ် … ကိုယ်ဆောက့်မယ် Structure က မီတာ ၂၀ ထက်မက ကြီးမားတော့ တဖြတ်တည်း မရပဲ ဆက်စပ် သုံးရပါတယ်

အဲ့အတွက် Design က အရေးကြီးလာပါတယ် … Design drawing / Construction drawing တွေမှာ Typical အနေနဲ့ အသေးစိတ် ပြတတ်ပါတယ် … နောက် စာနဲ့ အသေးစိတ် အညွှန်းရေး ထားတတ်ပါတယ်

ဥပမာ … အထက်အောက် တည်ရှိနေတဲ Waller beam တွေကို တနေရာထဲ အထက်အောက် ဆက်တာမျိုး မလုပ်ရ … ဆက်ရာကို အနည်းဆုံး ** m ကနေ ** m လွှဲဆက်ရပါမယ် … စသည်ဖြင့်
ရှိကြပါတယ်

Shop drawing ထုတ်တဲ့အခါ အဲ့အချက်တွေကို သေချာ လိုက်ဖတ်ရပါတယ် … ပြီးမှ ဘောင်ဝင်အောင် Cutting plan ချ ဆွဲရပါတယ်

လွှဲဆက်ရမှာဖြစ်လို့ တချို့ member တွေကို မီတာ ၂၀ ရှိပေမယ့် ၂၀ မသုံးပဲ ဖြတ်ထုတ်ရတာမျိုးလည်း ရှိတတ်ပါတယ်

သူ့ Spect နဲ့လဲ ကိုက်အောင် ပစ္စည်းလဲ အလေအလွင့်နည်းအောင် တခုချင်း အစအဆုံး ဆွဲရင်း စစ်ရင်း ပုံထုတ်ရတာပါ

ပြီးရင် Naming system စနစ်ကျဖို့ လိုပါတယ် … ဥပမာ Zone A, B, C ခွဲလိုက်မယ် … ပြီးရင် အစကနေ … A1, A2 စသည် ပုံမှာ ပြရပါမယ် … အဲ့ အတိုင်း ဖြတ်တောက်ပြီး တခါတည်း နာမည်ရေးထိုးသွားရပါမယ်

Site ရောက်ရင် A1, A2,…. B1,B2 … အစဉ်လိုက် ကောက်ရိုက်သွားတာပါပဲ … အဲလိုရိုက်ရင်း Waller beam တွေ ဆင်တာ ၊ Strut တွေ ထောက်တာ အတူတူ လုပ်သွားတာ … A1 မှာ Strut တခု A6 မှာ Strut တခု စသည် ပုံနဲ့ အံကိုက် လုပ်သွားရပါတယ်

Site office မှာ အဲ့ plan ပုံကို အကြီးကြီးထုတ် နံရံကပ်ထားတာ … သူ့ Schedule အလိုက် ပြီးတာနဲ့ high light လုပ် Progress ပါ တခါတည်း record လုပ် … QS ကလဲ ပြီးတာနဲ့ နောက်က လိုက် Claim … Team work ကပါတခါတည်း
ပြီးအောင်တွဲလုပ်ကြရပါတယ်

ဒါက အရာရာ အဆင်ပြေ စည်းဝါးကိုက် ဖြစ်နေရင် ပေါ့လေ … တခါတခါ ထင်မှတ်မထားတဲ့ အရာတွေနဲ့ ကြားတဝက်မှာ အခက်အခဲ
ပြသာနာတချို့ ရှိတက်ပါတယ် ။

Ref: 
CQHP Inspector Guideline  ( Civil Work )
Card:ZawNaingMoe

Cellular Light Weight

Credit <<<<

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts