Myanmar House Logo

Myanmar House

Real Estate in Myanmar

မြေချပါမစ် မှဂရန်သစ်လျောက်ထားမည့်သူများသတိပြုနိုင်ရန်

January 25, 2023 124 views
မြေချပါမစ် မှဂရန်သစ်လျောက်ထားမည့်သူများသတိပြုနိုင်ရန်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
တွင် မြေချပါမစ်၊ဖြင့်ဂရန်သစ်လျောက်ထားပါက
၁-မြေချပါမစ်မူရင်း
၂-အရောင်းအဝယ်အရပ်ကတိစာချုပ်အဆက်ဆက်မူရင်း
၃-မြေငှားဂရန်သစ်‌လျောက်ထားမည့်
သူရဲ့မှတ်ပုံတင်မူရင်း


အထက်ပါသုံးမျိုးအား မိတ္တူဆွဲပြီး၊ ဂရန်သစ်အမူ့တွဲလျောက်လွှာအားဖြည့်ပြီး၊ဂရန်သစ်လျောက်ထားရပါမည်။(မူရင်းနှင့်မိတ္တူ များအားလုံးယူသွားရပါမည်။)
အခုတလော ၊ဂရန်သစ်လျောက်ထားရင်းတန်းလန်းအဆင်မပြေသဖြင့် လာရောက်မေးမြန်းကြသောမိတ်ဆွေများနှင့်

မိမိတို့ကိုယ်တိုင်ဆောင်ရွက်လိုသောမိတ်ဆွေများအခက်ခဲမရှိစေရန်တင်ပြခြင်းဖြစ်ပါသည်။


မြေချပါမစ်မှဂရန်သစ်လျောက်ထားမည်ဆို
ဥပမာ။ ။ပါမစ်အမည်ပေါက် ++ဦးဖြူ
ဦးဖြူဆီမှအရပ်ကတိစာချုပ်အရ++ ဒေါ်နီ မှဝယ်ပါတယ်။


ဒေါ်နီထံမှ ယခုဂရန်သစ်‌လျေက်ထားမည့်သူ ++ဦးလှ
မှထပ်မံဝယ်ယူပါတယ်။
အရပ်ကတိစာချုပ်နှစ်ဆက် ဆိုလျင်အဆိုပါစာချုပ်
နှစ်ဆက်လုံးတင်ပြလျေက်ထားရပါမည်။


မိတ်ဆွေအချို့မှာ ဂရန်လျောက်ထားချိန်တွင် ဦးဖြူနဲ့ ဦးလှ အရပ်ကတိစာချုပ်အားဖန်တီးလိုက်ပြီး၊လျောက်ထားကြပါတယ်။(စာချုပ်အဆက်များနေသဖြင့်)
မြေစာရင်းအားမစစ်ဆေးပဲဂရန်သစ်လျောက်ထားခဲ့ကြပါတယ်။အဆိုပါမြေကွက်အား ဒေါ်နီမှ ဂရန်သစ်လျေက်ထားပြီး၊အမူ့တွဲအားဆက်မဆောင်ရွက်ပဲ၊
ဦးလှသို့ရောင်းချခဲ့ပါတယ်။

မြေစာရင်းတွင် ဒေါ်နီမှဂရန်သစ်လျောက်ထားခြင်းပေါ်ပေါက်သဖြင့် ဌာနမှဒေါ်နီဂရန်သစ်လျောက်ထားခြင်းကိစွ‌ဖြေရှင်းစေပါတယ်။

ဦးလှ မှလည်းဒေါ်နီ ကိုခေါ်မရ။ ဒါမှမဟုတ်ဒေါ်နီ ကိုမမြင်ဖူးအဆက်သွယ်မရဆိုလျင် ဦးလှ လျောက်ထားသောဂရန်သစ်အမူ့တွဲရွာလည်ပါပြီ။


သို့ပါ၍ မိတ်ဆွေများအနေဖြင့် အရပ်ကတိစာချုပ်အဆက်များ သဖြင့် စာချုပ်အဆက်ဖြတ်လျောက်ထားမည်ဆိုလျင် မြေရာဇဝင် စစ်ဆေးပြီးမှ ပြုလုပ်ကြပါရန်၊အကြံပြုလိုပါတယ်။


လေးစားစွာဖြင့်
UTO( UTZ Lawfirm)

Related Posts