Myanmar House Logo

Myanmar House

Real Estate in Myanmar

နှစ်ဦးနာမည်နဲ့ချုပ်ထားတဲ့ စာချုပ်ကို ခင်ပွန်းဆုံးသွားလို့ ဇနီးက တယောက်တည်းအမည်နဲ့ စာချုပ်ပြောင်းချင်ရင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် သိချင်လို့ပါရှင်။အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာချက် ချုပ်ဆိုခြင်း။

January 27, 2023 308 views
နှစ်ဦးနာမည်နဲ့ချုပ်ထားတဲ့ စာချုပ်ကို ခင်ပွန်းဆုံးသွားလို့ ဇနီးက တယောက်တည်းအမည်နဲ့ စာချုပ်ပြောင်းချင်ရင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် သိချင်လို့ပါရှင်။အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာချက် ချုပ်ဆိုခြင်း။

နှစ်ဦးနာမည်နဲ့ချုပ်ထားတဲ့ စာချုပ်ကို ခင်ပွန်းဆုံးသွားလို့ ဇနီးက တယောက်တည်းအမည်နဲ့ စာချုပ်ပြောင်းချင်ရင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် သိချင်လို့ပါရှင်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာချက် ချုပ်ဆိုခြင်း။
===========================
( ၁ ) လင် ( သို့ ) မယား ကွယ်လွန်ခြင်း

လင် ( သို့ ) မယား ကွယ်လွန်က မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ( အိမ်ခြေ ) ကျန်ရစ်က မြန်မာ့ဓလေ့ထုံး တမ်းဥပဒေအရ ကျန်ရစ်သူဇနီး ( သို့ ) ခင်ပွန်းမှ အမွေဆက်ခံပိုင်ဆိုင်ခွင့် ရရှိလာပါသည်။

စာချုပ်ရုံးတွင် ပိုင်ဆိုင်ချုပ်ဆိုရာတွင် တင်ပြရမည့် စာရွက်စာတမ်းများ

( က ) ခင်ပွန်း ( သို့ ) ဇနီး၏ သေစာရင်းမူရင်း

( ခ ) ဂရန် ( သို့ ) မြေပိုင်မြေဖြစ်က ပိုင်ဆိုင်စာချုပ်မူရင်း တင်ပြရန်။

( ဂ ) သက်ဆိုင်ရာစည်ပင်မှ ထုတ်ပေးသည့် တစ်နှစ်သက်တမ်းရှိ ပိုင်ဆိုင်စာချုပ်ရန် မြေပုံရာဇဝင်မူရင်း

( ဃ ) ပိုင်ဆိုင်ချုပ်ဆိုသူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း

( င ) အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးကျမ်းကျိန်မူရင်း

( ၂ ) မိဘနှစ်ပါး ကွယ်လွန်ခြင်း

မိဘနှစ်ပါး ကွယ်လွန်က ကျန်ရစ်သူသားသမီးနှင့် ကိတ္တိမမွေးစားသားသမီးများမှ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ အမွေဆက်ခံပိုင်ဆိုင်ခွင့် ရရှိလာပါသည်။

စာချုပ်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာချုပ် ချုပ်ဆိုရန် တင်ပြရမည့် စာရွက်စာတမ်းများ

( က ) အမိ အဖတို့၏ သေစာရင်းမူရင်း

( ခ ) မိဘနှစ်ပါး ( သို့ ) တစ်ပါးအမည်ပေါက်သည့် ဂရန် ( သို့ ) မြေပိုင်မြေဖြစ်က ပိုင်ဆိုင်စာချုပ်မူရင်း

( ဂ ) သက်ဆိုင်ရာစည်ပင်၏ ပိုင်ဆိုင်စာချုပ် ချုပ်ဆိုရန် တစ်နှစ်သက်တမ်းရှိ မြေပုံရာဇဝင်မူရင်း

( ဃ ) ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုသူ သားသမီးများ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်းများ

( င ) ပိုင်ဆိုင်ကြောင်း ကြေညာသူတို့၏ အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးကျမ်းကျိန်မူရင်း စသည်တို့ တင်ပြရပါမည်။

( ၃ ) အပျိုကြီး / လူပျိုကြီး ကွယ်လွန်ခြင်း

ကိတ္တိမသားသမီးမရှိက ဗုဒ္ဓဘာသာဝင်အမွေခံအစီအစဉ်အရ အမွေအောက်သို့စုန်။

မှတ်ချက် ။ ။ကိုယ်စားလှယ်လွှဲစာဖြင့်လည်း ချုပ်ဆိုနိုင်ပါသည်။

လွှဲစာဖြင့်ချုပ်ဆိုက လွှဲစာပေးသူ သက်ရှိထင်ရှားရှိကြောင်းနှင့် ယင်းလွှဲစာကို ပြန်လည်မရုပ်သိမ်းသေးကြောင်း တရားရုံးကျမ်းကျိန်လွှာမူရင်းနှင့် စာချုပ်ရုံးတာဝန်ခံ၏ ကန့်ကွက်မှု မရှိကြောင်း မှတ်ချက် ပါရှိရပါမည်။

( ၄ ) တံဆိပ်ခေါင်းခွန် ၂၅ဝိ/ -ကပ်ရမည်။

( ၅ ) မှတ်ပုံတင်ခမှာ ၆ ိ/ - ဖြစ်ပါသည်။

[ဦးမြင့်လွင်( တရားလွှတ်တော်ရှေ့နေ )၊ စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုနည်းလမ်းညွန် ၊ စာ ၂၉၁] ။ ဓာတ်ပုံ - အင်တာနက် ။
#DVBlawlab

Credit <<<<

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts