Myanmar House Logo

Myanmar House

Real Estate in Myanmar

များသောအားဖြင့် တိုက်ခန်း ရောင်းဝယ်တဲ့အခါမှာ ဝယ်ခွန်မဆောင်ဘဲ နေကြတာ များပါတယ်။

များသောအားဖြင့် တိုက်ခန်း ရောင်းဝယ်တဲ့အခါမှာ ဝယ်ခွန်မဆောင်ဘဲ နေကြတာ များပါတယ်။

များသောအားဖြင့် တိုက်ခန်း
ရောင်းဝယ်တဲ့အခါမှာ ဝယ်ခွန်မဆောင်ဘဲ နေကြတာ များပါတယ်။

မြေကွက်ကိစ္စတွေကတော့ အမည်ပေါက် ပြောင်းမယ်ဆိုရင် ဝယ်ခွန်ဆောင်ပြီးသား ပြေစာပါမှ ဆောင်ရွက်ပေးတာဖြစ်လို့ မဖြစ်မနေ ဝယ်ခွန်ဆောင်ကြတာ ဖြစ်တယ်။

တိုက်ခန်းတွေမှာတော့ မဖြစ်မနေ 
ဝယ်ခွန်ဆောင်ရမယ့် တင်းကျပ်တဲ့ စည်းမျဉ်းလုပ်ထုံးလုပ်နည်း ထုတ်ပြန်ထားတာ မတွေ့ရဘူး။

ဒီအချက်ကြောင့်လည်း ဝယ်ခွန်မဆောင်ဘဲ ရောင်းဝယ်နေကြတာဖြစ်တယ်''

''သက်ဆိုင်ရာဝန်ကြီးဌာနက မြေကွက်တန်ဖိုး စံနှုန်းသတ်မှတ်ပေးတာ ရှိပါတယ်''
အဲဒီစံနှုန်းပေါ်မူတည်ပြီး တန်ဖိုးဖြတ်တာဖြစ်တယ်''
တိုက်ခန်းတွေကို စံနှုန်းထား သတ်မှတ်ပေးတာမျိုးပေါ့

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အလိုက် တိုက်ခန်းအထပ်ပေါ် မူတည်ပြီး တစ်စတုရန်းပေပေါ်မှာ တန်ဖိုးစံနှုန်း သတ်မှတ်ပေးထားပါတယ်

ဝယ်ခွန်ဆောင်မယ်ဆိုရင် အခုသတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ဆောင်ကြရမှာပါ

ဝယ်ခွန်ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ တန်ဖိုးဖြတ်အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက်ပေါင်း (၃ဝ)အတွင်း လျှောက်ထားရပါတယ်။ 
အဲဒီရက် ကျော်ရင်တော့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်

''အရောင်းအဝယ်စာချုပ် တင်ပြရတာပေါ့''

အရောင်းအဝယ် စာချုပ်နဲ့အတူ ဝယ်သူကိုယ်တိုင် သွားရောက်ပြီး တန်ဖိုးဖြတ်ပေးဖို့ လျှောက်လွှာဖြည့်စွက်တင်သွင်းရမှာ ဖြစ်တယ်။

အခက်အခဲမရှိအောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြားပြသ အကူအညီပေးသွားမှာဖြစ်တယ်''

''ဝယ်ခွန်ဆောင်ရင် ဘယ်လိုအကျိုးကျေးဇူး ရနိုင်မလဲ''

''ဒါကတော့ ရှင်းပါတယ်။ ပထမဆုံးအချက်ကတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာဖြစ်ပါတယ်''

''ပြန်ရောင်းရင် ဘယ်လိုဖြစ်နိုင်သလဲ''

''ပြန်ရောင်းရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ရောင်းစဉ်က ရရှိတဲ့အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်တယ်။ ရောင်းရငွေပေါ်မှာ ဆောင်ရမှာမဟုတ်ဘူး''

''ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ ဝယ်ခွန်ဆောင်တာက ကောင်းတာပေါ့နော်''

''မှန်ပါတယ်။ အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာတွေ၊ အရောင်းထပ်နေတာတွေ ဖြစ်တတ်တယ်။

အဲဒီလို အခြေအနေမျိုးမှာဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက ပိုင်ဆိုင်ခွင့်ရမှာမို့ အကောင်းဆုံးကတော့ ဝယ်ခွန်ဆောင်သင့်ကြောင်းဖော်ပြပေးလိုက်ပါတယ်။

 

ကူးယူဖော်ပြပါသည်။

Related Posts