Myanmar House Logo

Myanmar House

Real Estate in Myanmar

“RC Slab မှာ သံတစ်လွှာပဲ ခင်းလို့ ရပါသလား”

February 3, 2023 186 views
“RC Slab မှာ သံတစ်လွှာပဲ ခင်းလို့ ရပါသလား”

“RC Slab မှာ သံတစ်လွှာပဲ ခင်းလို့ ရပါသလား”

RC slab တွေမှာ အုတ်ရိုးအပေါ်ကို တိုက်ရိုက်တင်ထားတဲ့ ရေကန်အဖုံး၊ မြောင်းဖုံး၊ septic tank အဖုံးကျောက်ပြား စတာတွေသည် simply supported များ ဖြစ်ကြပါတယ်၊

RC building တွေရဲ့ ကြမ်းခင်း Floor slab, Roof slab တွေကတော့ အများအားဖြင့် beam တွေနဲ့ တသားတည်း monolithic လောင်းကြတာမို့ fixed end တွေ ဖြစ်ကြပါတယ်၊

အကယ်၍ simply supported ကျောက်ပြား ဖြစ်ခဲ့မယ်ဆိုရင် အလယ်မှာ maximum positive moment 
⅛ ω L² တစ်မျိုးပဲ ရှိပါမယ်၊ အဆိုပါ 1/8 ပမာဏ အထိ ထမ်းနိုင်မယ့် reinforcement ထည့်ပေးရပါမယ်၊ အောက်ဘား bottom layer ပဲ လိုအပ်ပါတယ်၊

အပေါ်လွှာ temperature and shrinkage တွေ မစဉ်းစားပါနဲ့ အောက်သံတစ်လွှာသည် သူ့အပေါ်က ကွန်ကရိသား 450mm အထိကို အပူအအေး ကိစ္စ ထိန်းချုပ်ပေးပါတယ်၊ ကွန်ကရိရဲ့ thermal expansion သည် 5.5 ဝန်းကျင်ဖြစ်ပြီး rebar က 6.5 ဝန်းကျင်မို့ သိပ်လည်း မကွာလှပါဘူး၊

Fixed end ဖြစ်လာပြီဆိုရင်တော့ နှစ်လွှာ လိုအပ်လာပါပြီ၊ ဒါကလည်း အလယ်မှာ ထမ်းနေရတဲ့ ⅛ ω L² ကိုပဲ အချို့တစ်ဝက် မျှဝေပြီး အစွန်အစပ် နှစ်ဖက်ဆီကို ပို့ပေးလိုက်လို့ပါ၊ အစွန်အစပ်တွေ မရွေ့အောင် beam နဲ့ ချုပ်ထားပါတယ်လို့ ယူဆလိုက်တဲ့ အတွက် အဆိုပါ အစွန်ချုပ်အား FEM ဖြစ်ပေါ်လာအောင် ဝေပေးလိုက်တဲ့ သဘောပါ (Calculus င်္သချာသဘောအရတော့ boundary conditions အနေနဲ့ fixed ဖြစ်နေတဲ့ နေရာတွေမှာ deflection angle ကို zero ပေးပစ်လိုက်တဲ့အတွက် ပေါ်ပေါက်လာရတဲ့ မျှဝေမှု moment ပါ)

သည့်အတွက် RC building floor တွေမှာရော
⅛ ω L² ခံနိုင်အောင် အောက်သံတစ်လွှာပဲ ခင်းမယ်၊ မရဘူးလား၊ ရပါတယ်၊
အစွန် နှစ်ဖက်မှာ ပေါ်လာနိုင်တဲ့ အရွေ့တွေကို ထိန်းချုပ်မထားတော့တဲ့ အတွက်၊
(၁) အစွန် support နေရာတွေမှာ အက်နိုင်ပါတယ်၊ (သီအိုရီ အရပါ၊ မြေပြင်မှာတော့ အက်တာ မမြင်ဖူးပါဘူး)
(၂) သေချာတာကတော့ အလယ်မှာ အိုက်ကျမှု deflection က (၅) ဆ ကြီးမားနေမှာမို့ ကြိုတင်ပြီးသာ camber ပေးမထားခဲ့ရင် အလယ်မှာ အနည်းငယ် အိကျနေမှာကတော့ သေချာပါတယ်။
ပြိုမှာလား ဆိုတော့
⅛ ω L² ကို ထမ်းပေးနေတဲ့အတွက် မပြိုနိုင်ပါဘူး

နှစ်လွှာအဖြစ် ပြောင်းလဲ ဆင်တဲ့အခါ
⅛ ω L² ကို ဝေမျှထမ်းခိုင်းတာမို့ steel area ပိုပြီး လိုအပ်လာတာမျိုးတော့ မဟုတ်ရပါဘူး၊ တစ်လွှာတုန်းက သုံးရမယ့် steel ကိုပဲ တစ်ဝက်စီ ဝေပြီး ထည့်ပေးလိုက်လို့ ရပါတယ်၊
အကျိုးတရား (၂) ခု ရပါတယ်
အစွန် support နေရာတွေမှာ ချုပ်အား ပေါ်လာတဲ့အတွက်
(၁) မအက်တော့ပါဘူး
(၂) ညွှတ်ကျမှု deflection သည်လည်း ငါးပုံလေးပုံ လျော့ကျသွားပါတယ်၊ ငါးပုံတစ်ပုံစာသာ ညွှတ်ကျပါတယ်

အပိုင်း (၂)

သည်နေရာမှာ—
အလယ် ⅛ ω L² အတွက် steel ကို တစ်ဝက်စီ ဝေပြီး 1/16 စီ ထည့်လို့ ရပါတယ် လို့ ကျနော် ပြောခဲ့ပေမယ့်    ဒါကတော့ plastic အရမ်းဆန်သွားပါတယ်၊ elastic သီအိုရီ သဘောအရတော့ top အလွှာအတွက် 1/12 အထိ ရှိနေမှာပါ၊ လက်တွေ့မြေပြင်မှာလည်း နှစ်လွှာစလုံးကို 1/12 ပမာဏစီ ထည့်ပေးနေကြတာပါ၊ အချို့ designer တွေဆိုရင် top bar ကို beam လိုပဲ 1/9 ပမာဏ အထိတောင် ထည့်ပေးကြပါတယ်။

ကောင်းပါပြီ
သည်တော့ 1/12 ပမာဏကို ထည့်ပေးမယ်၊ bent up/ bent down နဲ့ ချိုးချ-ပြန်တင် လုပ်ပြီး တစ်လွှာတည်း ဆင်မယ်၊ ရနိုင်မလား

ကျနော့ စမ်းသပ်ချက်အရတော့ ရပါတယ်

ချိုးချ ချိုးတင် လုပ်ရမယ့် inflection point နေရာကို အရမ်းကြီး စဉ်းစား ရွေးချယ်ရမယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အစွန် L/7 နဲ့ အလယ်အကွက် L/4 သည် အတော်လေးပဲ အဆင်ပြေကြောင်း တွေ့ရပါတယ်။

ကျန်တာကို အထူးတလည် မပြောလိုပေမယ့် သံတစ်လွှာချင်းအတူတူ bent up/ bent down style သည် Deflection ကို ငါးပုံလေးပုံ သက်သာသွားစေတာတော့ အငြင်းပွါးဖွယ်ရာ မရှိပါဘူး၊

RC slab မှာ သံတစ်လွှာ bent up/ bent down style သည်
သုတေသန Research တစ်ခုအတွက် လိုအပ်တဲ့
၁- သီအိုရီ—- ရှိပါတယ်
၂- အောင်မြင်မှု ( သီအိုရီနဲ့ လိုက်လျောညီထွေရှိမှု) —— ကြုံတွေ့ရပါတယ်
ဒါပေမယ့် ကျနော့်အနေနဲ့ 
၃- Compare data analysis လုပ်မပြနိုင်ခဲ့ပါဘူး

နိဂုံးချုပ် ပြောရရင်…

“Slab မှာ သံတစ်လွှာပဲ ခင်းလို့ ရပါသလား”
-ရပါတယ်၊ bent up/ bent down သံတစ်လွှာနဲ့ ခိုင်ခန့်တဲ့ မြေပြင် သက်သေတွေ ရှိပါတယ်
-မရပါဘူး ဟိုလို ဖြစ်သွားမှာ ဒီလိုဖြစ်သွားမှာ ဆိုတာသည် စိတ်ကူးယဉ် အတွေးသက်သက်ပါ

အင်ယာ နည်းပညာ နယ်ပယ်ထဲက အကြောင်းအရာပါ၊ သုတေသန လုပ်နိုင်စွမ်း ရှိသူ၊ စိတ်ဝင်စားသူ၊ လက်တွေ့ စမ်းသပ်ကြည့်နိုင်သူတွေ အတွက်သာလျှင် ရေးပြပေးတာပါ၊ စိတ်ကူးယဉ် ဝေဖန်သုံးသပ် တွေးပြမယ့်သူတွေအတွက် မဟုတ်ပါဘူး။

.
.
Crd#SeithuMin

မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts