Myanmar House Logo

Myanmar House

Real Estate in Myanmar

လုပ်ငန်းလိုင်စင် ဘယ်လိုလုပ်မလဲ

February 6, 2023 1015 views
လုပ်ငန်းလိုင်စင် ဘယ်လိုလုပ်မလဲ

လုပ်ငန်းလိုင်စင် ဘယ်လိုလုပ်မလဲ ဆိုတာ မပြောခင် လုပ်ငန်းတစ်ခု လုပ်တဲ့အခါ လိုင်စင်လိုလား/ မလိုဘူးလား ဆိုတဲ့ မေးခွန်းကလည်း ရှိပါတယ်၊ လိုချင်ရင် လိုတယ်၊ မလိုချင်ရင် မလိုဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ လိုင်စင်မရှိဘဲနဲ့ လုပ်နေတဲ့ လုပ်ငန်းတွေ ရှိသလို လိုင်စင်နဲ့ လုပ်နေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ လိုင်စင်မရှိပေမယ့်လည်း ဘာမှ သိပ်မထူးခြားသလို လိုင်စင်ရှိလို့လည်း မထူးခြားဘူးလို့ ပြောရခက်ပါတယ်။ လိုင်စင်လိုတဲ့နေရာတွေလည်း ရှိပါတယ်။ ထားပါတော့ အဓိက အကြောင်းရင်းဖြစ်တဲ့ လုပ်ငန်း လိုင်စင် ဘယ်လိုလျှောက်မလဲ ဆိုတာကိုပဲ ဆက်ပြောရအောင်ပါ

ကိုယ်လုပ်ငန်းလုပ်မယ့် သက်ဆိုင်ရာ မြို့နယ် စည်ပင်မှာ လျှောက်လွှာသွားထုတ်ပြီး တင်တာရယ် အွန်လိုင်းက ဖြည့်ပြီး လျှောက်တာရယ် ဆိုပြီးတော့ (၂) မျိုး ရှိပါမယ်။

၁။ နိုင်ငံသားစိစစ်ရေးကဒ် (နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့) မိတ္တူ
၂။ လိုင်စင်ဓါတ်ပုံ (၃) ပုံ
၃။ လုပ်ငန်း တည်နေရာ အထောက်အထား (အပိုင်ဆိုရင်လည်း ဂရံတို့ဘာတို့၊ အငှားဆိုရင်လည်း အငှားစာချုပ်)
၄။ လုပ်ငန်းနေရာ ဓါတ်ပုံများ (မျက်နှာစာ/အတွင်း/အပြင်)
၅။ လုပ်ငန်းနေရာ ပတ်ဝန်းကျင် အိမ်များက ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် လက်မှတ်များ (သူတို့ပေးတဲ့လိုက်တဲ့ ပုံစံထဲမှာပဲ လိုက်ပြီးတော့ လက်မှတ်ထိုးရပါတယ် ၁၀ အိမ်လို့ ထင်ပါတယ်)
၆။ မြို့နယ် အဖွဲ့အစည်းတွေဖြစ်တဲ့ မီးသတ်၊ ကျန်းမာရေး စတဲ့ ထောက်ခံချက်

၇။ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုမိန့် 
(ဆိုလိုတာက အစားအသောက်လုပ်ငန်းဆိုရင် ကျန်းမာရေးဝန်ကြီးဌာန၊ သင်တန်းကျောင်းဆိုရင် ပညာရေး ဝန်ကြီးဌာန စသည်ဖြင့် ခွင့်ပြုမိန့် လိုပါတယ်၊ ဒီနေရာမှာ ကျွန်တော် တိုင်ပတ်ခဲ့တာကို သပ်သပ် ရေးပါဦးမယ်)
၈။ အခြား လိုအပ်သော အထောက်အထားများ (လိုအပ်သလို တင်ပြရတတ်ပါတယ်)

၉။ အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား (ဒါက အသစ်ပြောင်းသွားတာပါ၊ အရင်က အခွန်အရင်ဆောင်ဖို့ မလိုပါဘူး၊ နှစ်ပတ်လည်မှ ဆောင်ရတာပါ၊ ခုကတော့ လိုင်စင် စလုပ်ကတည်းက ကြိုတင်ခွန်လို့ ထင်ပါတယ် အရင်သွားဆောင်ရပါတယ်)

အားလုံးစုံပြီဆိုရင် စည်ပင်မှာ ပြန်သွားတင်တာ (သို့မဟုတ်) Online Application ကို တင်ပြီးသွားရင် သက်ဆိုင်ရာ ခရိုင် သို့မဟုတ် မြို့နယ် စည်ပင်သာယာ က ကွင်းဆင်းစစ်ဆေးမယ့် ရက်ကို အကြောင်းကြားပါတယ်။ အဲလို လာပြီးစစ်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတို့ အထောက်အထားတို့ ရှိရင်လည်း ထပ်ပေးရပါတယ်။

အဲဒီ အဆင့်တွေ အားလုံး ပြီးသွားရင်တော့ (၁) ပတ် (၂) ပတ်လောက်ကြာရင် လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါတယ်။ အဲဒီအခါကျရင် မြို့နယ်စည်ပင်မှာ ငွေသွင်းပြီးတော့ လိုင်စင်ကတ်ပြား ထုတ်လို့ရပါပြီ  ကိုယ့်ရဲ့ လုပ်ငန်းမှာ ခန့်ခန့်ညားညား ချိတ်ထားလို့ရပါပြီ

အွန်လိုင်းက လျှောက်မယ်ဆိုရင်
https://app.ycdc.gov.mm/business_license/index.php ကို သွားပါ
https://app.ycdc.gov.mm/business_license/license_business.php ကနေ လိုအပ်တာတွေ ဖြည့်ပါဗျ
လုပ်ငန်းအမျိုးအစားပေါင်းများစွာ ရှိတဲ့အတွက် သေချာကြည့်ပါဗျ ..

နောက်တစ်ခုက DICA က ထုတ်ပေးတဲ့ ကုမ္ပဏီ လိုင်စင် ကိစ္စကို သပ်သပ်ရေးပါဦးမယ်။ အခုနောက်ပိုင်း ကုမ္ပဏီလိုင်စင်လုပ်တာ အရင်ကလို ကုန်လည်းမကုန်သလို ခက်လည်း မခက်တော့ပါဘူး။
ကုမ္ပဏီ လိုငျစငျရှိေ့ပမယျ့လညျး လုပ်ငန်းလိုင်စင်က သပ်သပ် ပြန်လုပ်ရတာဖြစ်ပါတယ်၊ ကုမ္ပဏီလိုင်စင်က သပ်သပ်၊ လုပ်ငန်းလိုင်စင်က သပ်သပ်ပါ။ တစ်ချို့ကလည်း ကုမ္ပဏီ လိုင်စင် ရတာနဲ့ လုပ်ငန်းလိုင်စင်ကို လျှောက်ထားဆဲ ကာလမှာ လုပ်ငန်းစနေကြတာမျိုးလည်း ရှိပါတယ်။ ခရီးသွားလုပ်ငန်းလို လုပ်ငန်းတွေမှာဆိုရင် Domestic, Inbound, Outbound စသည်ဖြင့် လိုင်စင်အမျိုးအစားတွေ ကွဲပါသေးတယ်၊ ထို့အတူ Convenience Store တွေမှာလည်း လုပ်ငန်းလိုင်စင်အပြင် ယမကာ ပါ တွဲရောင်းမယ်ဆိုရင် ယစ်မျိုးလိုင်စင် လိုပါသေးတယ်၊ ယစ်မျိုးလိုင်စင်မှာလည်း အမျိုးအစားတွေ ကွဲပါတယ် (ယစ်မျိုးလိုင်စင်က ကျွန်တော်သိသလောက် အသစ်မချပေးတော့ပါ၊

အဟောင်းကိုပဲ ပြန်ဝယ်ရပါတယ်)
အစားအသောက် ဆေးဝါးလို လုပ်ငန်းတွေဆိုရင် လုပ်ငန်းလိုင်စင် အပြင် FDA လျှောက်ရပါသေးတယ်။
အဲလိုမျိုး ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ လုပ်မယ်ဆိုရင် နောက်တစ်ခုက ကုန်အမှတ်တံဆိပ် မှတ်ပုံတင်တာပါ။

ဒီတော့ လုပ်ငန်းတစ်ခုမှာ
ကုမ္ပဏီလိုင်စင်
လုပ်ငန်းလိုင်စင်
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်
FDA
ကုန်အမှတ်တံဆိပ်ကလည်း မှတ်ပုံတင်သင့်ပါတယ်

Credit to original uploader

Related Posts