Myanmar House Logo

Myanmar House

Real Estate in Myanmar

အသေရေဖျက်မှု

February 7, 2023 583 views
အသေရေဖျက်မှု

အသရေဖျက်မှု

အသရေဖျက်မှု(ပုဒ်မ ၅၀၀) နဲ့ ၆၆ဃ ဥပဒေ 

ပုဒ်မ ၅၀၀ နဲ့ ၆၆ဃ ဥပဒေကို 
လုံး၀မသိသေးသော သူများနှင့် 
နားမလည်သောသူများအား သိရှိစေရန်

ပထမဆုံး သိထားရမှာက ပါးစပ်နဲ့ပြောတဲ့ 
အသရေဖျက်မှုဟာ ရိုးရိုး 
ပုဒ်မ ၅၀၀ ဖြစ်ပါတယ်။

အကယ်၍ ပုံနှိပ်မီဒီယာပေါ် ရောက်သွားပြီ 
သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေမှာ 
ပါလာပြီဆိုရင် ပုဒ်မ ၂၅ သတင်းမီဒီယာ 
ဥပဒေပုဒ်မ ပုဒ်မ၂၅ ထပ်တိုးပါတယ်။

ဆိုရှယ်မီဒီယာ ဖေ့ဘုတ် အွန်လိုင်း
ပေါ်ထိ ရောက်သွားမယ်ဆိုရင် 
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ 
ဖြစ်သွားပါပြီ။

ဒါကိုအရင်ဆုံး သိထားကြဖို့လိုပါတယ်။

ပါးစပ်ကပဲပြောပြော စာနဲ့ပဲပြောပြော 
အွန်လိုင်းပေါ်ရောက်တဲ့အဆင့်
ရောက်ရင်တော့ အသရေဖျက်မှု 
သတ်မှတ်ဖွင့်ဆိုချက် ရာဇသတ်ဥပဒေ
ပုဒ်မ ၅၀၀ နဲ့စပါတယ်။

အခြေအနေပေါ်မူတည်ပြီး ပုဒ်မ ၅၀၀/ 
ပုဒ်မ ၂၅/ ပုဒ်မ ၆၆ဃ ဆိုပြီး 
ကွဲပြားသွားတာကို သိရပါမယ်။

အွန်လိုင်းပေါ်တွင် ရိုင်းစိုင်းသည့် 
ကောမန့်များပေးခြင်း

Chat box တွင် ရိုင်းစိုင်းသည့်စကားများ
ပြောဆိုခြင်း

အုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့် စကား များ 
ပြောဆို ခြင်း များသည် 
ဆက်သွယ်ရေး ပုဒ်မ ၆၆ဃနှင့်
တိုက်ရိုက်အကြုံး ၀ငျတယျ။

ဟုတ်ပြီ နောက်ထပ် ဘာတွေမတူသေးလဲ 
ဘာတွေကွဲလွဲသေးလဲ 
ဆက်ကြည့်လိုက်ရအောင်။

လူတစ်ယောက်က လူတစ်ယောက်ကို 
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ 
နဲ့ဆွဲတဲ့အမှုကို ဒါလဲ အသရေဖျက်မှုပဲ
ဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ်သတ်မှတ်လို့ 
မရသလို ၆၆ဃ ကို ပုဒ္မ ၅၀၀ 
အသရေဖျက်မှုနဲ့ပဲ တရားလိုက 
ဆွဲချင်ဆွဲလို့ရပါတယ်။

ဒီလိုပြောင်းလဲဖို့ တရာလိုရဲ့ သဘောဆန္ဒ
နဲ့ပဲ ပြောင်းလွဲဆိုလို့ ရပါတယ်။

ပါးစပ်ပြော စာပြော အွန်လိုင်းမှာပြော 
တဲ့ပြစ်မှုတွေကို အသရေဖျက်မှု
ရာဇသတ်ကြီးပုဒ်မ ၄၉၉ နဲ့ပဲ 
အကြုံးဝင်မဝင် ၄၉၉ ပါ ပြစ်မှုအင်္ဂါရပ်များ
အရ ညီမညီ စစ်ဆေးရပါတယ်။

မတူတာတွေကတော့

၁။ ၆၆ဃ ဟာ (ရဲအရေးပိုင်) ရဲက
အရေးယူပိုင်ခွင့်ရှိပြီး အသရေဖျက်မှု
ဥပဒေပုဒ်မ ၅၀၀ ကတော့ (ရဲအရေးမပိုင်)
ရဲကအရေးယူပိုင်ခွင့် မရှိပါဘူး။

၂။ ပြစ်ဒဏ်မတူပါဘူး ။
ပြစ်မှုထင်ရှားရင်

၆၆ဃ = ထောင်ဒဏ်သုံးနှစ်အထိ 
(သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) 
ပြစ်ဒဏ်နှစ်ရပ်စလုံး။

ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ 
(သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) 
ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမှာ
ဖြစ်ပါတယ်။

(ပထမဆုံး ပုဒ်မ၅၀၀ကို ၈မိုင်
မှာ ချောစကီးအား
ယာဉ်ပေါ်မှ ဆဲရေးသွားသူအား
စတင်noticeထုပ်အရေးယူခဲ့ပါတယ်။

ဒုတိယအကြိမ် ကျောက်ဆည်မှာ
ကွမ်းခိုးသူတွေတရားစွဲအရေးယူတဲ့
အခါ တရားခံတွေနဲ့ပါလာတဲ့ယောက်ဖ
ဆိုသူက လူပုံလည်ကျမကို
လက်ညိူ းထိုး ပမာမခန့်ပြောလို့
တခါ အဲ့နေရာက ရဲအရာရှိတွေ
သက်သေထားပြီး အသရေဖျက်မှု
နဲ့စွဲပါတယ်

တတိယအကြိမ် ကျမနောက်ကွယ်
စာဖြင့် အပြန်အလှန်
အပုတ်ချအတင်းပြောနေတာမိ
လို့ပုဒ်မ၅၀၀နဲ့ စွဲဘို့ ပြင်ဆင်ထား
ပါသေးတယ်။)

၃။ အသရေဖျက်မှုကို အကြောင်းပြုပြီး 
ပုဒ်မ ၅၀၀ နဲ့ဆွဲရင် အာမခံပေးရမယ့်
အမှုဖြစ်ပြီး အသရေဖျက်မှုကို 
အကြောင်းပြု၍ ၆၆ဃ နဲ့ဆွဲမယ်ဆိုရင် 
အာမခံမပေးနိုင်တဲ့အမှု ဖြစ်သွားပါတယ်

ရာဇဝတ်ကျင့်ထုံးဥပဒေ ဒုတိယဇယား
အရ သုံးနှစ်နှင့်အထက် ပြစ်ဒဏ်
သင့်မယ့် အမှုများကို အာမခံမပေးနိုင်တဲ့ 
အမှုအဖြစ် သတ်မှတ်ထားပါတယ်။

၄။ ၆၆ဃ ဟာ ရဲအရေးပိုင်အဖြစ် 
သတ်မှတ်ထားတာကြောင့် 
ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ 
မည်သူမဆို တိုင်ကြားနိုင်ခွင့်ရှိပြီး 
ပုဒ်မ ၅၀၀ မှာတော့ နစ်နာသူ 
ကာယကံရှင်ကိုယ်တိုင်သာလျှင် 
တိုင်ကြားစွဲဆိုရမှာဖြစ်ပါတယ်။

Credit by မတ်မတ်အိ

Related Posts