Myanmar House Logo

Myanmar House

Real Estate in Myanmar

Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ

February 8, 2023 139 views
Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ

အခုလို ITခေတ်ကြီးမှာ သတင်းအချက်အလက်နဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အရာအားလုံးဟာ online ပေါ်ရောက်လာပါတယ်။ အလုပ်လုပ်တော့လည်း အိမ်မှာပဲလုပ်ရ၊ သင်တန်းတွေတတ်မယ်ဆိုတော့လည်း Online class တွေ ဖြစ်ပြီး အိမ်မှာပဲသင်ရ၊ အိမ်မှာပဲနေနေရတဲ့အခါ လူတစ်ယောက်ရဲ့ တစ်နေ့တာ အချိန်သုံးပုံပုံ နှစ်ပုံလောက်ကို Social Media ပေါ် မှာပဲ ကုန်ဆုံးနေကြရပါတော့တယ်။
အားလုံး သုံးနေတဲ့ Social Mediaဆိုတာကလည်း သတင်းနှင့် သုတရသအဖြာဖြာ အစရှိတာတွေကို တစ်နေရာထဲမှာ အစုံအလင်ကြည့်ရှုနိုင်ပါတယ်။ လူတော်တော်များများကလည်း Up To Date သတင်းတွေကို အရင်ကလို တီဗီရုပ်မြင်သံကြားတွေကနေ တစ်ဆင့် ၊ ရေဒီယို တွေကနေ တစ်ဆင့် ဒါမှမဟုတ် သတင်းစာတွေ ဖတ်ရှုခြင်းကနေ မဟုတ်ဘဲ Social Media ပေါ်ကနေ ကြည့်ကြတာဟာ ပိုမို များပြားလာပါတော့တယ်။
ဒီတော့ ကိုယ်ဖတ်လိုက်တဲ့ သတင်း (သို့) ကိုယ်ကြည့်လိုက်တဲ့ အရာက တကယ်ရော မှန်ရဲ့လားအပြင်မှာ တကယ် ဖြစ်နေရဲ့လား။ စသည်ဖြင့် ချင့်ချိန်တတ်ဖို့လည်း လိုပါမယ်။
သတင်းတု သတင်းယောင် တွေကြောင့် မလိုလားအပ်တဲ့ စိုးရိမ်မှုတွေ ပြဿနာတွေ ထိခိုက်မှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။
ဒီတော့ MYEO အနေနဲ့ တကယ့် အထောက်အထားခိုင်လုံတဲ့ သတင်းအစစ်အမှန်တွေကို ဘယ်နေရာတွေမှာ ဘယ်လိုရှာဖွေနိုင်မလဲဆိုတာနဲ့ ပက်သက်ပြီး ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် မှန်ကန်တဲ့ သတင်းတွေရှာဖတ်နိုင်ဖို့ မပြောပြခင်မှာ MYEO ရဲ့ ထုံးစံအတိုင်း သတင်းတုတွေရဲ့ အကြောင်းကို အရင်ဆုံး ဗဟုသုတ ရအောင်လို့ အနည်းငယ်ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
သတင်းတုလို့ ဆိုတဲ့ နေရာမှာလည်း Fake News ၊ Misinformation အပြင် Disinformation ဆိုတာပါ ရှိပါသေးတယ်။ ဆိုတော့ကာ ဒီသတင်းတုတွေအကြောင်း ဆက်လက်လေ့လာကြည့်ရအောင်နော် 🧐

📮 What’s Fake News 📮

Fake News ဆိုတာကတော့ အဓိကအားဖြင့် သတင်းတွေကို အထောက်အထားတုတွေကို အသုံးပြုကာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ထားတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

📮 What’s Misinformation 📮

Misinformation ဆိုတာကတော့  သတင်းမှားမှန်း မသိရှိပဲ သင့်လိုပဲ အခြားမသိရှိသေးတဲ့သူတွေဆီ ပျံ့နှံ့အောင် ဖြန့်ဝေလိုက်တဲ့ သတင်းမှား တစ်ခုပဲ ဖြစ်ပါတယ်။

📮 What’s Disinformation 📮

Disinformation ဆိုတာကတော့ မကောင်းတဲ့ စိတ်နဲ့ တမင်တကာ လှည့်ဖြားကာ အချက်အလက်အမှားတွေနဲ့ ဝါဒဖြန့်ခြင်း၊ တစ်ဦးတစ်ယောက် အတွက် ဘက်လိုက်ခြင်းတို့အတွက် လုပ်ကြံဖန်တီးထားတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလိုမျိူး အမျိူးကွဲပြားလွန်းတဲ့ သတင်းတု သတင်းမှားတွေကို ဆင်ခြင်နိုင်ဖို့ မယုံမိဖို့ အထူးသတိထားသင့်ပါတယ်။ သင့်အနေနဲ့ သင်ဖတ်လိုက်တဲ့ သတင်းဟာ ယုံကြည်စိတ်ချရတဲ့ Reliable Source ကဖြစ်ရဲ့လားဆိုတာဟာ အလွန်အရေးကြီးပါတယ်။

*️⃣ ဒါဆိုရင် စိတ်ချရတဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်ကြမလဲ *️⃣

တကယ်လို့ သင်ဟာ သတင်းတွေကို Facebook ကဖတ်မယ်ဆိုရင် အစိုးရဝန်ကြီးဌာနတွေရဲ့ Official Facebook Page တွေ၊
BlueMark ရထားတဲ့ Official Page အစစ်တွေ Offline publication ရှိတဲ့ တကယ့်သတင်းဌာနတွေရဲ့ Facebook Page တွေကနေ တင်ထားတဲ့ သတင်းတွေမှသာ ယုံကြည်သင့်ပါတယ်။


နိုင်ငံတကာသတင်းတွေကို Website တွေကနေဖတ်မယ်ဆိုရင်လည်း Wall Street Journal ၊ The New York Times ၊ NBC News စတဲ့ သတင်းဌာနတွေမှာဆိုရင် Official Website တွေရှိသလို Application တွေပါ ရှိပါတယ်။ ဒါ့အပြင် Google News ၊ Apple News ၊ CNN News အစရှိတဲ့ သတင်းသီးသန့် အပ်ပလီကေးရှင်းတွေကနေတစ်ဆင့်လည်း ဖတ်ရှုနိုင်ပါတယ်။


ဒါမှမဟုတ် သင်ဟာ Twitter ၊ Instagram တွေကို အသုံးပြုသူတစ်ယောက်ဆိုရင်လည်း Facebook ကဲ့သို့ Authentication ဖြစ်ကြောင်း စစ်မှန်ကြောင်း BlueMark ရရှိထားတဲ့ တကယ့် သတင်းပေ့ချ်တွေ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပေ့ချ်တွေ ကနေ နောက်ဆုံးရသတင်းတွေကို ဖတ်ရှုနိုင်ပါတယ်။


ဒါမှမဟုတ် သင်ဟာ YouTube ကြည့်သူတစ်ယောက်ဆိုရင်လည်း နိုင်ငံတကာ သတင်းဆိုရင် CNN လို Wall Street Journal လို သတင်းအင်ဂျင်စီတွေရဲ့ Offical YouTube Channel တွေအပြင် ပြည်တွင်းသတင်းအတွက်ဆိုရင်လည်း ပြည်တွင်းရှိ မီဒီယာတွေရဲ့ Official YouTube Channel တွေလည်း ရှိပါတယ်။

ကဲဒီတော့ သင့်အနေနဲ့ မှန်ကန်တဲ့ သတင်းတွေကို မှန်ကန်တဲ့ အထောက်အထားခိုင်လုံတဲ့ နေရာတွေကို ဘယ်နေရာမှာ ဘယ်လိုရှိတယ် သတင်းအမှန်တွေကို ဘယ်လိုသိနိုင်မလဲ​ဆိုတာ ပြောပြပြီးပြီဆိုတော့ ယခုပဲ၎င်းတို့စီကလွှင့်တဲ့သတင်းတေွဖတ်ကြည့်ရအောင်နော်….

Credit to original uploade

Related Posts