Myanmar House Logo

Myanmar House

Real Estate in Myanmar

ဒီနေ့ ကျွန်တော်တို့ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ WiFi adapter ပဲဖြစ်ပါတယ်

February 8, 2023 201 views
ဒီနေ့ ကျွန်တော်တို့ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ WiFi adapter ပဲဖြစ်ပါတယ်

ဒီနေ့ ကျွန်တော်တို့ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ WiFi adapter ပဲဖြစ်ပါတယ် !
WiFi Adapter ဆိုတာကို ကြားဖူးတဲ့သူလည်း ရှိမှာ ဖြစ်သလို မကြားဖူးတဲ့ လူလည်း ရှိမှာပါ။ ဒါပေမဲ့ အခုစာကို ဖတ်နေတဲ့သူတွေထဲမှာတော့ WiFi adapter ကို အသုံးမပြုဘူးတဲ့သူတော့ပါမယ် မထင်ပါဘူး။ 
ဘာလို့လဲဆိုတော့ ဒီစာကိုဖတ်နေတဲ့လူတိုင်းမှာ Ph တစ်လုံး သို့ Laptop 1 ခု တော့ရှိမှာပါ။ ပြီးတော့ အခုစာကိုဖတ်ဖို့ အတွက် WiFi သို့မဟုတ် Internet တော့ဖွင့်ထားကြမှာပါ။
WiFi Access Point တစ်ခုက လွင့်ထားတဲ့ WiFi Network ကို ချိတ်ဖို့အတွက် Phone သို့မဟုတ် PC ရဲ့ Setting မှာရှိတဲ့ WiFi ကနေ သွား၍ ချိတ်ဆက်ရပါတယ်။
အဲ့လို ချိတ်ဆက်လို့ရခြင်းဟာ ကျွန်တော်တို့ရဲ့ Phone တွေ PC တွေမှာ Built-in WiFi Adapter ပါလို့ပဲဖြစ်ပါတယ်။
Wireless Wifi Adapter ကဘာလဲ ?   
Wireless Wi-fi adapter တွေက Computer သို့မဟုတ် Laptop တို့ကို အနီးအနားရှိ wireless network နှင့်ချိတ်ဆက်ရန်အတွက် ကူညီပေးသော Hardware ကိရိယာတစ်ခု ဖြစ်ပါတယ်။ Wifi adapter အများစု၏ ပုံစံသည် USB dongle ပုံစံ ဖြစ်ပါတယ်။
ဘာလို့ WiFi adapter လိုအပ်ရတာလဲ ?  
ကျွန်တော်တို့၏ Laptop အများစုတွင် built-in WiFi adapter တစ်ခုပါဝင်သည်။ သို့သော် တစ်ခုထက်ပိုသော network များနှင့် ချိတ်ဆက်လိုသည့်အခါ WiFi adapter လိုအပ်ပါတယ်။
Built-in WiFi adapter မပါဝင်သော Destop PC များကို WiFi network နှင့်ချိတ်ဆက်ရန် WiFi adapter လိုအပ်ပါတယ်။
Built-in WiFi adapter တွေက များသောအားဖြင့် အရွယ်အစားအလွန်သေးငယ်သောကြောင့် Acess Point နဲ့ ဝေးကွာနေပါက သူတို့ရဲ့ ဖမ်းယူနိုင်စွမ်းက နိမ့်ပါတယ်။ Acess Point နဲ့ ဝေးကွာသောနေရာများတွင် ဖမ်းယူနိုင်စွမ်းကောင်းစွာ အသုံးပြုလိုပါက WiFi Adapter ကို လိုအပ်ပါတယ်။
Built-in WiFi adapter များထက် Wireless WiFi adapter များပို၍ စွမ်းဆောင်နိုင်စွမ်းကောင်းပါသည်။ ထို့ကြောင့် ပိုကောင်းသော performance လိုအပ်သည့်အခါ Wireless Wifi Adapter ကိုအသုံးပြုနိုင်ပါတယ်။
WiFi Hacking လုပ်တဲ့အခါ Build-in WiFi Adapter တွေထက်ပိုပြီးစွမ်းဆောင်နိုင်စွမ်းကောင်းမွန်သော Adapter လိုအပ်ပါတယ်။ ထို့ကြောင့် WiFi Hacking လုပ်တဲ့အခါ Wireless WiFi adapter ကို အသုံးလို့ရပါတယ်။

Credit…… Rainbow Technology  မှ ကူးယူဖော်ပြလိုက်ပါသည်။

ပြန်လည်ကူးယူဖော်ပြပါသည်။
 

Related Posts