Myanmar House Logo

Myanmar House

Real Estate in Myanmar

Window CD/DVD များ USB သို့ထည့်နည်း

February 9, 2023 220 views
Window CD/DVD များ USB သို့ထည့်နည်း

Window CD/DVD များ USB သို့ထည့်နည်း

ကျနော်ရေးပြမှာက Window CD/DVDများကို USB 
သို့ထည့်နည်းလေးပါပဲ။ တစ်ချို့ကွန်ပျူတာများ CD Rom
ပျက်ဆီးသွားပြီးတာဖြစ်ဖြစ်၊ CD Rom ကနေ ဝင်းဒိုးမထည့်သွင်းပဲ၊ 
USB Port ကနေ ဝင်းဒိုးထည့်သွင်းချင်
တဲ့ ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါတယ်။ Notebook မဟုတ်တဲ့ 
Netbook လက်တော့ပ်ကွန်ပျူတာများအ
တွက် အတော်ကိုအဆင်ပြေပါတယ်။

လုပ်နည်းကလဲအမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ 
cmd မှာ diskpart (command line) ကိုအသုံး
ပြုပြီး Window CD/DVD များ USB သို့ထည့်တဲ့နည်းကတော့ 
အကြိုက်ဆုံးပါပဲ။ ဆော့ဝဲလ်တွေနဲ့ဆိုအလုပ်
တောင်ရှုပ်သေးတယ်။ cmd နဲ့ဆို ဘာမှမလိုတော့ဘူး။
cmd ဆိုပြီးခက်တယ်လို့ထင်နေကြတာ။ စမ်းကြည့်ပါ။

ကဲ...စကြရအောင်...

အရင်ဆုံး မိမိဝင်းဒိုး CD/DVD ထည့်မယ့် USB ကို ကွန်ပျူတာ 
usb port သို့ထိုးထည့်လိုက်ပါ။

ပြီးတော့ ထုံးစံအတိုင်း...Start > Menu> Run ပေါ့ဗျာ။ ဒါမှမဟုတ် Window + R တွဲနှိပ်

Run ဘောက်စ်ပေါ်လာရင် cmd ရိုက်ထည့် Enter ခေါက်

အောက်ပါ command line များအစဉ်အတိုင်းရိုက်ထည့်ပါ.....

diskpart Enter ခေါက်(ခဏစောင့်ပါ)
list disk Enter ခေါက်
select disk 2 Enter ခေါက်(2 ဆိုတာ မိမိ usb နံပါတ်ကိုရိုက်ထည့်ပါ)
clean Enter ခေါက်
create partition primary Enter ခေါက်
select partition 1 Enter ခေါက်
active Enter ခေါက်
format fs=fat32 quick Enter ခေါက်(100% complete ထိစောင့်ပါ)
assign Enter ခေါက်
exit ( exit ရိုက်ထည့်ပြီး enter ခေါက်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။ cmd.exe ကို မပိတ်လိုက်နဲ့)

ထိုနောက် ဝင်းဒိုး CD/ DVD များကို ကွန်ပျူတာ CD Rom သို့ထည့်။ ပြီးတော့ CD Rom letter နဲ့ USB
ူletter တို့ကို မှတ်ထားပါ။

ပြီးလျှင် cmd သို့ပြန်ဝင်။ အောက်ပါ 
command line ကို ဂရုတစိုက်ရိုက်ထည့်ပါ...

xcopy F:\. /s/e/f G:\ (F: ဆိုတာ CD Rom letter J: 
ဆိုတာ usb letter တို့ကိုမှန်
အောင်ရိုက်ထည့်ပါ) Enter ခေါက်။

ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတာတွေ့ရပါလိမ့်မယ်။
Copied ဆိုတဲ့ စာချောင်းပြီးသွားတာနဲ့ ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတဲ့ကိစ္စပြီးဆုံးသွားပါပြီး
ခင်ဗျား။ ဒါဆို USB ကို ကွန်ပျူတာသို့ထိုးသွင်းပြီး 
ဝင်းဒိုးတင်လို့ရပါပြီးခင်ဗျား။

အားလုံးအဆင်ပြေပါစေ....
စောလင်းနက်စ်

Credit…..Original Writer
လေးစားစွာဖြင့်

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts