Myanmar House Logo

Myanmar House

Real Estate in Myanmar

Google မှာ Microsoft လက်သစ်ဖြစ်လာမည်လား Google Is the New Microsoft

February 9, 2023 164 views
Google မှာ Microsoft လက်သစ်ဖြစ်လာမည်လား Google Is the New Microsoft

 

Goolge ဟာ Microsoft နဲ့လုပ်ပုံကိုင်ပုံ တူညီတယ်ဆိုတာကို အသုံးပြုသူများအကြား အငြင်းပွါးဖွယ် ဖြစ်ရပ်များဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်တည်းက ဖြစ်ခဲ့တာပါ။ သို့သော်လည်း ထိုစဉ်အခါက ငြင်းဆိုခဲ့ရတဲ့ အချက်များဟာ ယခုအချိန်တွင် ပြန်လည်အသက်ဝင်လာခဲ့ပြီး ငြင်းဆန်လို့မရတဲ့ အချက်တွေကိုလည်း မြင်တွေ့သွားနိုင်ပါတယ်။ ထိုအထဲကမှ Google ဟာ Microsoft ရဲ့နည်းလမ်းများ၊ လုပ်ပုံကိုင်ပုံများ နှင့် တစ်ထပ်တည်း တူညီခဲ့တဲ့ အချက်တွေကို ယခု တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအချက်အနေဖြင့် ၎င်းတို့ကုမ္ပဏီ နှစ်ခုလုံးဟာ ကွန်ပျူတာလောကကို ၎င်းတို့ရဲ့ အဓိက Product များနှင့် ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်ပါတယ်။ ယခုလောလောဆယ် အချိန်တွင် Microsoft ဟာ Desktop PC များအတွက် OS ထုတ်လုပ်ရေးဈေးကွက်ကို ၉၀ ရာခိုင်နှုန်းရယူထားနိုင်ပါပြီ။ သို့သော်လည်း Microsoft ရဲ့ OS တွေဟာ အခုချိန်မှာ လူကြိုက်များမှုနည်းပါးလာပြီး Tabletများတွင် လုံး၀ အသုံးပြုခြင်းပင် မရှိသလောက်ဖြစ်နေတဲ့အချက်ကတော့ Google ရဲ့ Chrome ကို Desktop OS အဖြစ်အသုံးမပြုသေးတာနဲ့ ပြောင်းပြန် ဖြစ်နေတယ်လို့ပဲ ပြောရမှာပါ။ မည်သို့ပင်ဆိုစေ Microsoft ဟာ Desktop PC လောကတွင်တော့ ယှဉ်ပြိုင်သူမရှိ အသုံးပြုသူအများဆုံး OS ထုတ်လုပ်သူအဖြစ် ရပ်တည်နေနိုင်ပါတယ်။

Google အနေနဲ့ကတော့ Microsoft လို ကွန်ပျူတာလောက တစ်ခုရဲ့ ဈေးကွက်အတွင်း ၉၀ ရာခိုင်းနှုန်းကိုတော့ ရယူထားနိုင်ခြင်း မရှိသေးသော်လည်း Web Browsing လုပ်တဲ့နေရာမှာ Google ဟာ မပါမဖြစ် ဆိုတာကိုတော့ လူတိုင်းက လက်ခံထားကြပါတယ်။ Google ဟာ လက်ရှိအချိန်မှာ Search Engine လောကဈေးကွက်အတွင်း ၆၇ ရာခိုင်းနှုန်းကို ရယူထားနိုင်ပြီ ဖြစ်ပြီး ၎င်းရဲ့အဓိက ပြိုင်ဘက်ဖြစ်တဲ့ Yahoo! မှ ဈေးကွက်ရဲ့ ၁၆ ရာခိုင်နှုန်းကိုသာ ရယူထားနိုင်တာဟာ Google ရဲ့ အောင်မြင်မှု ဘယ်လောက်ကြီးမားလဲ ဆိုတာကို မြင်တွေ့သွားနိုင်မှာ ဖြစ်ပါတယ်။

Google မှ ယခုလို Web လောကမှာ အောင်မြင်လာတဲ့ အဓိကအချက်ကတော့ အွန်လိုင်းအတွင်း ကြော်ငြာခြင်းကို ဦးဆောင်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ Web Advertising လို့ခေါ်တဲ့ Website မှ တဆင့် ကြော်ငြာခြင်းလုပ်ငန်းမှာ Google ဟာ ဈေးကွက်ရဲ့ ၈၃ ရာခိုင်နှုန်းကို ရယူထားနိုင်တဲ့အတွက် နောက်ပိုင်းတွင် ဈေးကွက်ရဲ့ နေရာအများအပြား ကို ရယူသွားနိုင်မှာ အမှန်ပဲ ဖြစ်ပြီး ယခု ဖြစ်ရပ်ဟာ Microsoft မှ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်အတွင်း Windows 95 ထုတ်လုပ်ခဲ့စဉ် အချိန်က ကွန်ပျူတာလောကရဲ့ ထိပ်သီး၊ ယှဉ်ပြိုင်သူမရှိ ဖြစ်ခဲ့ခြင်းနှင့် စဉ်တူပဲ ဖြစ်ပါတယ်။

ထို့အပြင် Microsoft နှင့် Google တို့မှာ ၎င်းတို့ရဲ့ အဓိကအားထားသော Product များကို အသုံးပြုသူများ ကိုပိုမို ဆွဲဆောင်နိုင်ရန် Application များကို ထုတ်လုပ်ထားပါတယ်။ Microsoft အနေနဲ့ကတော့ ၎င်းရဲ့ထုတ်လုပ်ခဲ့သမျှ OS တိုင်းမှာ Windows platform နဲ့ အဆင်ပြေစေမယ့် မသုံးမဖြစ် Application များဖြစ်တဲ့ Microsoft Office၊ Internet Explorer နှင့် တစ်ခြား Cloud နည်းပညာ အခြေခံ Hotmail နည်းတူ ဝန်ဆောင်မှုများနှင့်လည်း စွဲဆောင်ထားပါတယ်။

Google အနေနဲ့ကတော့ ၎င်းရဲ့ နာမည်ကို ပိုမိုကျော်ကြားလာစေတဲ့ Gmail၊ Gtalk၊ Google Docs၊ Google Search၊ Google Maps အစရှိတဲ့ ဝန်ဆောင်မှုများကို အသုံးပြုများထံအောင်မြင်စွာ ပေးအပ်ထားပြီးဖြစ်ပြီး ယခုအချိန်တွင် Google မှ Chrome ကို ပိုမိုလူကြိုက်များလာစေရန် Web Application များကို ၎င်း၏ Web Application Store မှ တဆင့်ရယူနိုင်ရန် စီမံထားပေးပြီး ဖြစ်ပါတယ်။ Web Application Store ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Google Chrome အားအသုံးပြုသူများအနေဖြင့် ပိုမို နှစ်ခြိုက်လာစေရန် ရည်ရွယ်ခြင်းပဲ ဖြစ်ပါတယ်။

Microsoft မှ လွန်ခဲ့သော ၉၀ ခုနှစ် အချိန်ကာလများတွင်တော့ ယခုလို Application များထုတ်လုပ်မှုနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ယခုတွင်တော့ Microsoft နည်းတူ Google မှလည်း အလားတူ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အဓိကပြိုင်ဘက်မှာ Apple နှင့် Facebook တို့ပါ။ Apple မှာ ၎င်း၏ iOS platform အား mobile ပစ္စည်းများတွင် အသုံးပြုသွားလျှက်ရှိနေပြီး Facebook မှလည်း Web ပေါ်တွင် Platform တစ်ခု လုပ်ဆောင်သွားရန် ကြိုးစားနေတဲ့အတွက် Google အနေနဲ့Microsoft ကဲ့သို့ခံနိုင်ရည် ရှိသွားမည်လား ဆိုတာကိုတော့ ကြည့်ရဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ယခုအချိန်မှာ Microsoft ဟာ IBM လက်သစ်ဖြစ်နေသလို Google ဟာလည်း Microsoft လက်သစ်ပါပဲ။ အဲဒိအတွက် Apple ဟာ ဘယ်မျိုးဆက်ရဲ့လက်သစ်လို့ မေးခွန်းထုတ်ရင်တော့ Apple ဟာ Apple ရဲ့လက်သစ်ပဲလို့ပဲ ဖြေရပါလိမ့်မယ်။ Microsoft အနေနဲ့ Windows 95 ကို ထုတ်လုပ်ခဲ့သည့် အချိန်ကစပြီး Apple ရဲ့ ကျော်ကြားနေတဲ့ ဈေးကွက်အများအပြားကို သိမ်းယူနိုင်ခဲ့သလို ဖြစ်ခဲ့ပါတယ်။ Microsoft ရဲ့Windows အား ကွန်ပျူတာ ပစ္စည်း အများဆုံးမှာ အသုံးပြုစေနိုင်ခဲ့တဲ့ နည်းဗျူဟာ ဟာ Apple အား နောက်ကကျသွားစေပြီး Apple မှလည်း ၎င်းရဲ့ကိုယ်ပိုင်ထုတ်ကွန်ပျူတာများ တွင်သာ Mac OS ကို ထုတ်လုပ်သွားနိုင်ပါတော့တယ်။

အဆိုပါအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ၉၀ ခုနှစ်များအတွင်း Microsoft ရဲ့နည်းဗျူဟာဖြစ်ပြီး ယခု ခေတ်သစ် ၂၀၁၁ မှာတော့ Google ဟာ Apple ရဲ့ iPhone နှင့် iPad တို့ကိုတိုက်ခိုက်သွားဖို့ရန်အတွက် Microsoft ရဲ့နည်းဗျူဟာကိုပဲ ဆက်လက်အသုံးပြုနေပါတယ်။ iPad နှင့် iPhone အပေါ်တွင် Apple ရဲ့ iOS ကိုမြင်တွေ့နေရချိန်မှာ Google ရဲ့ Android OS ကတော့ mobile ပစ္စည်းတော်တော်များများ မှာ နေရာယူထားတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ။် လက်ရှိ Apple ရဲ့ iOS များဟာ ၎င်း၏ ထုတ်ကုန်များတွင်သာ သုံးစွဲလို့ရနိုင်ပြီး Android OS မှာ နာမည်ကြီး HTC၊ Motorola၊ Samsung နှင့် Sony အစရှိတဲ့ ကုမ္ပဏီများမှ mobile ဖုန်းများပေါ်တွင် တွင်ကျယ်စွာ နေရာယူထားနိုင်ပါတယ်။

သို့အတွက်ကြောင့် Microsoft နှင့် Google တို့ဟာ ဖြစ်ပေါ်လာပုံခြင်းမတူညီသော်လည်း လုပ်ဆောင်နေပုံခြင်းများမှာ တစ်စထက်တစ်စ ပိုမို တူညီလာနေပြီး ခေတ်၏ တစ်ချိန်တစ်ခါတွင် Microsoft မှလွဲပြီး တစ်ခြားမည်သည့် OS မှ မရှိခဲ့သလို ထင်နေကြသည့်အတိုင်း ယခုတွင်လည်း Search Engine တွင် Google မှလွဲပြီး မည်သည့် Search Engine ကိုမှ အသုံးမပြုတတ်သယောင် ဖြစ်နေခြင်းမှာ Goolge မှပဲ Microsoft အား အားကျခဲ့သည်လား သို့မဟုတ် ၎င်း၏ ဗျူဟာများ  အတိုင်းဆက်လက်လုပ်ဆောင်သွားမည်လား ဆိုတာကိုတော့ စောင့်ကြည့်သွားရဦးမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Credit to original uploader

Related Posts