Myanmar House Logo

Myanmar House

Real Estate in Myanmar

အလုပ်သမား ဥပဒေအကြောင်း

February 10, 2023 1240 views
အလုပ်သမား ဥပဒေအကြောင်း

ရုံးပိတ်ရက် အားလပ်ချိန်လေးမှာ အလုပ်သမားဥပဒေ အကြောင်း စာဖတ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

အလုပ်သမားဥပဒေ(Labour Law)အရ သာမန်အလုပ်ချိန် နာရီထက်ပိုသော ~ အလုပ်ချိန်များအတွက် အချိန်ပိုOver Time ကြေး တွက်ချက်နည်း သိချင်လျှင် ဒါလေးဖတ်ကြည့်ပါ။

အနိမ့်ဆုံးလုပ်ခလစာ(Minimum Wage) ဥပဒေအရအလုပ်သမားတစ်ဦးအတွက် တစ်ရက်(၈)နာရီ အလုပ်ချိန်အတွက် အနိမ့်ဆုံး (၄၈၀၀)ကျပ် ပေးချေရပါမယ်။ 
(၈)နာရီထက်ကျော်တဲ့ အလုပ်ချိန်OTနှင့်  အများပြည်သူအလုပ်ပိတ်ရက်များမှာ OTခေါ်ပြီး အလုပ်လုပ်ရတဲ့ အလုပ်ချိန်များအတွက် ~ OTအချိန်ပိုကြေး ပေးချေပေးရပါမယ်။
အချိန်ပိုကြေး တွက်ချက်ပေးတဲ့အခါမှာ အခြေခံလစာဖြင့်တွက်ချက်ပေးရပါမယ်။ 
အခြေခံလစာ (၄၈၀၀)ကျပ် အထိဆိုလျှင် တစ်နာရီ လုပ်အားခသည် (၆၀၀)ကျပ်ဖြစ်ပါတယ်။  
တစ်နာရီ OTအချိန်ပိုခဆိုလျှင် ၆၀၀ x ၂ဆ = ၁၂၀၀ကျပ် ပေးချေပေးရပါမယ်။ (၂ဆနှုန်း) ပေးချေရပါမည်။
အကယ်၍ အခြေခံလစာမှာ (၄၈၀၀ )ကျပ်ထက်ပိုလျှင်  ( ၄၈၀၀ကျပ်အထက်ဖြစ်လျှင် ) အောက်ဖေါ်ပြပါ Formula ပုံသေနည်း ဖြင့် တစ်နာရီ OTအချိန်ပိုခအတွက် တွက်ချက် ပေးချေပေးရပါမည်-           
                                                ဆရာမျိုး(Motivator)

Related Posts