Myanmar House Logo

Myanmar House

Real Estate in Myanmar

#ခရီးဝေးသွားရင်မဖြစ်မနေစစ်ဆေးရမယ့်အချက် ၁၀ ချက်

February 14, 2023 210 views
#ခရီးဝေးသွားရင်မဖြစ်မနေစစ်ဆေးရမယ့်အချက် ၁၀ ချက်

#ခရီးဝေးသွားရင်မဖြစ်မနေစစ်ဆေးရမယ့်အချက် ၁၀ ချက်

ကားဆိုတာစက်ပစ္စည်းတစ်ခုပါ။ အချိန်အတိုင်းအတာတစ်ခုကိုရောက်ရင် ချို့ယွင်းမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဆိုးဆိုးရွားရွားပျက်စီးယိုယွင်းမှုမဖြစ်အောင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ လိုအပ်ပါတယ်။ 
ဒါပေမဲ့ နေ့စဉ်စီးနေတဲ့ကားကို အချိန်မတိုင်ခင် မပျက်စေဖို့နဲ့ ကားမောင်းစဉ် မတော်တဆမှုတွေမဖြစ်အောင် မော်တော်ကားအသုံးပြုသူတိုင်း မဖြစ်မနေလုပ်ဆောင်ရမယ့် အချက် ၁၀ ချက် ရှိပါတယ်။
ကားကို အောက်ပိုင်း၊ အင်ဂျင်၊ လျှပ်စစ် ဆိုပြီး အကြမ်းဖျင်းသုံးပိုင်းပိုင်းလိုက်ပါ။

လျှပ်စစ်
၁။ ဘက်ထရီ - အိုးအစို (Dry Charged) ဆိုရင် ရေအနေတော်ရှိမရှိကြည့်ပါ။ အိုးခြောက် (Maintenance Free) ဆိုရင် တော့ အိုးပေါ်မှာရှိတဲ့ အမှတ်အသားကနေ အားပြည့်မပြည့် ကြည့်ပါ။ စိမ်းနေရင် အိုကေပါတယ်။
၂။ ဘက်ထရီငုတ်ခေါင်း - အဝေးပြေးသွားမယ့်ကားတွေဆိုရင် ပိုလိုအပ်ပါတယ်။ ငုတ်ခေါင်းချောင်နေရင် မတော်တဆ မီးပွားထွက်တတ်ပါတယ်။ အနေတော်ဖြစ်မဖြစ်စစ်ဆေးပါ။
၃။ ဝါယာကြိုး - ဝါယာကြိုးတိုင်းကို လိုက်ကြည့်ဖို့ အဆင်မပြေပေမယ့် အင်ဂျင်စက်ခန်းထဲက မြင်နေရတဲ့ ဝါယာကြိုးတွေကိုတော့ အမြင်နဲ့စစ်ဆေးပါ။ ကြွက်ကိုက်လို့ကြိုးတွေပေါက်နေတာမျိုး ဖြစ်တတ်တယ်။

အင်ဂျင်
၄။ ရေပြန်ဘူး - ရှင်းပါတယ်။ ရေပြန်ဘူးထဲမှာ လုံလောက်တဲ့ ရေပမာဏရှိမရှိစစ်ဆေးပါ။ ပိုမထည့်ပါနဲ့။ ရေပြန်ဘူးထဲမှာ လေမရှိဘူးဖြစ်သွားလိမ့်မယ်။
၅။ အင်ဂျင်ဝိုင် - စက်မနှိုးခင်မှာ အင်ဂျင်ဝိုင်ကိုတိုင်းကြည့်ပါ။ F ဆိုတဲ့ အမှတ်ကိုထိနေရင်အကောင်းဆုံးပဲ။ နည်းနေရင် F အမှတ်ရောက်တဲ့အထိဖြည့်ပါ။ ခဏခဏဖြည့်နေရရင်တော့ ကျွမ်းကျင်စက်ပြင်နဲ့ ပြကြည့်ပါ။
၆။ အင်ဂျင်ဝိုင်အဖုံး - အင်ဂျင်ပေါ်က အင်ဂျင်ဝိုင်အဖုံး လုံမလုံစစ်ပါ။ တခါတလေ အင်ဂျင်ဝိုင်ဖြည့်ပြီးပြန်ပိတ်တဲ့အခါ လျော့နေတတ်တယ်။ 
၇။ လေစစ် - ခရီးဝေးသွားတဲ့အခါ လေစစ်ကိုမဖြစ်မနေစစ်ဆေးပါ။ ညစ်ပတ်နေရင် လေနဲ့မှုတ်ပါ။ ဒါတောင်မှ ညစ်ပတ်နေရင် အသစ်လဲပါ။

အောက်ပိုင်း
၈။ တာယာ - အရေးကြီးသလို နည်းလမ်းမှန်ဖို့လည်းလိုပါတယ်။ တယာလေပေါင်နဲ့ပတ်သက်ပြီး တခေါက်တင်ဖူးပါတယ်။ 
၉။ ဂီယာဝိုငျ - စက်နှိုးပြီး အင်ဂျင်ပူလာအောင် ၂ မိနစ်လောက်စောင့်ပါ။ ပြီးရင် ဂီယာဝိုင်အလုံအလောက်ရှိမရှိ စစ်ဆေးပါ။ အင်ဂျင်ဝိုင်ကို စစ်ဆေးတုန်းကလိုပဲ ခဏခဏ လျော့နေရင် ကျွမ်းကျင်စက်ပြင်နဲ့ ပြကြည့်ပါ။
၁၀။ တိုင်းရော့ - တိုင်းရော့ (Tie rod) နဲ့ ဘောဂျွိုင်း(Ball joint) ဆိုပြီး နှစ်ခုလုံးကိုတပြိုင်တည်းစစ်ဆေးလို့ ရပါတယ်။ ရှေ့နောက်လေးဘက်လေးလံ စစ်ဆေးပါ။ ကြံခိုင်မှုမရှိတဲ့အခါအသစ်မလဲပဲ Press နင်းပြီး ပြန်တတ်တာမျိုးက သိပ်မကောင်းပါဘူး။ ယာဉ်မတော်တဆမှုကိုကာကွယ်ဖို့ လိုအပ်ရင် အသစ်လဲဖို့မနှမြောပါနဲ့။

ဒီအချက်တွေအပြင် ဘာတွေစစ်ဆေးဖို့လိုအုံးမလဲ။
စာဖတ်သူအနေနဲ့ ကျန်ခဲ့တာလေးများရှိရင် အောက်မှာ မှတ်ချက်ပေးပြီး ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။
Crd-Photo

Related Posts