Myanmar House Logo

Myanmar House

Real Estate in Myanmar

လမ်းဘယ်လောက်လျှောက်သင့်လဲ

February 14, 2023 394 views
လမ်းဘယ်လောက်လျှောက်သင့်လဲ

လမ်းဘယ်လောက်လျှောက်သင့်သလဲ

ပြီးခဲ့တဲ့ရက်တွေက လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တင်ပေးတော့ အများစုက လမ်းဘယ်လောက်လျှောက်သင့်သလဲ ဆိုတဲ့မေးခွန်းကို မေးလာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီ Post လေးနဲ့ ပြန်လည်ဖြေကြားလိုက်ရပါတယ်။

အမေရိကန်အစိုးရ၊ အမျိုးသားကျန်းမာရေးသိပ္ပံ (National Institutes of Health) ရဲ့ အဆိုအရ

အရွယ်ရောက်ပြီးသူတွေဟာ နေ့စဉ် ခြေလှမ်း ၈၀၀၀ နှင့်အထက် လှမ်းလျှောက်သင့်တယ်လို့ ဆိုပါတယ်။ သုတေသနတွေ့ရှိချက်အရ ခြေလှမ်း ၈၀၀၀ နှင့်အထက် လျှောက်သူတွေဟာ၊ ခြေလှမ်း ၄၀၀၀ သာ လျှောက်လေ့ရှိသူတွေထက် လာမယ့် ၁၀ နှစ်အတွင်း သေဆုံးနိုင်မှုနှုန်းကို သိသိသာသာ ကျဆင်းစေပါတယ်။ ခြေလှမ်း ၈၀၀၀ နှင့်အထက် လျှောက်တဲ့သူတွေဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကြောင့် သေဆုံးမှုနှုန်း သိသိသာသာ လျော့နည်းတာကို တွေ့ရပါတယ်။ ခြေလှမ်းများများလျှောက်လေ သေဆုံးမှုနှုန်း နည်းလေပါပဲ။ ဥပမာ - ခြေလှမ်း ၄၀၀၀ လျှောက်သူတွေနဲ့ ယှဉ်ရင် ခြေလှမ်း ၈၀၀၀ လျှောက်သူတွေက ၅၀%၊ ခြေလှမ်း ၁၂၀၀၀ လျှောက်သူတွေက ၆၅% စသဖြင့် အသီးသီး သေဆုံးမှုနှုန်း လျော့နည်းတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ခြေလှမ်း ၈၀၀၀ တော့ လျှောက်ပေးသင့်ပါတယ်။ ယခုခေတ်ပေါ် စမတ်လက်ပတ်နာရီများ (Smart watches) နဲ့ Fitness trackers လို့ခေါ်တဲ့ ကျန်းမာရေးခြေရာခံ လက်ပတ်နာရီများမှာ ခြေလှမ်းမှတ်တဲ့ လုပ်ဆောင်ချက်ပါလို့ အလွန်အဆင်ပြေစေပါတယ်။

အထက်ပါအကျိုးကျေးဇူးတွေက လမ်းလျှောက်မှုအမြန်နှုန်း (တစ်မိနစ်လျှင် လျှောက်လှမ်းသည့် ခြေလှမ်းအရေအတွက်) ပေါ်မူတည်၍ ကွာခြားမှုမရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ခြေလှမ်းအရေအတွက်ကသာ ပို၍ အရေးပါတယ်လို့ ဆိုလိုပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

Related Posts