Myanmar House Logo

Myanmar House

Real Estate in Myanmar

DDR3 အကြောင်း

February 15, 2023 124 views
DDR3 အကြောင်း

DDR3 အကြောင်းနှင့်ပတ်သက်ပြီး
DDR3 ဆိုတာ ကွန်ပျူတာမှာ အသုံးပြုသော Memory တစ်ခုပါပဲ။ DDR3 ဆိုတာ SDRAM တစ်မျိုးဖြစ်ပြီး Dynamic Random Access  Memory တွေထဲက တစ်မျိုးပါပဲ။ DDR3 SDRAM ဆိုတာ Double Data Rate Three Synchronous Dynamic Random Access Memory ၏ အတိုကောက်ဖြစ်တယ်။ ဘယ်တုန်းကပေါ်ပေါက်လာတာလဲဆိုတော့ ၂၀၀၇ ခုနှစ်အစောပိုင်းမှာ ပေါ်ပေါက်လာတာ ဖြစ်တယ်။ DDR3 Memory ကို ကွန်ပျူတာ တစ်လုံးမှာ Bandwidth များများ အသုံးပြုရန်လိုသော ကွန်ပျူတာတွေအတွက်နှင့် တစ်ခြား Digital Electronic Device တွေအတွက် အသုံးပြုတယ်။ များစွာသော DRAM Memory ထုပ်လုပ်သူများက PC ထုပ်လုပ်သူများ၏ဈေးကွက်ကို မြှင့်တင်နိုင်ဖို့အတွက်  ဦးဆောင်နိုင်ဖို့အတွက် ပထမဦးဆုံး DDR3 Device တွေနှင့် Modules တွေကို ၂၀၀၇ ခုနှစ်အစောပိုင်းမှာ ထုတ်လုပ်ခဲ့ကြတာ ဖြစ်တယ်။
DDR3 SDRAM သည် DDR2 SDRAM ပြီးတော့ ထပ်ပြီး အဆင့်မြှင့်ထုတ်လုပ်လာသော အမျိုးအစားတစ်ခု ဖြစ်တယ်။ DDR2 ထက် ဘာကောင်းလဲဆိုတော့ Data Transfer လုပ်တဲ့ နေရာမှာ DDR3 ဟာ DDR2 ထက် နှစ်ဆပိုပြီးတော့ မြန်ဆန်ပါတယ်။  တခြား အစောပိုင်း Memory နည်းပညာတွေထက် Bus Rate နှင့် Peak Rate တွေ မြင့်မားတယ်။ 
Intel ရဲ့ Bearlake Chipset ဟာ ဒီ DDR3 Memory ကို Support လုပ်နိုင်သော ပထမဦးဆုံးသော Chipset တစ်ခု ဖြစ်တယ်။ ၂၀၀၇ ခုနှစ် တတိယပတ်လောက်မှာ ပေါ်လာတာ ဖြစ်တယ်။ 
DDR3 Memory ရဲ့ အဓိက Feature လက္ခဏာရပ်များ-
•        DDR3 Memory Component ရဲ့ အားသာချက်တွေကတော့ ယနေ့ခေတ် အသုံးပြုနေကြသော အမြင့်ဆုံး Speed ရှိတဲ့ DDR2 Memory  Product တွေထက် နှစ်ဆ ပိုပြီးတော့ မြန်ဆန်ပါတယ်။
•        DDR3 Memory နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုထားသော  ကွန်ပျူတာ System တွေဟာ ၂၀၀၇ ခုနှစ်မှာဆိုရင် ပထမဦးဆုံး ပေါ်ပေါက်လာတာ ဖြစ်တယ်။
•        DDR3 Memory ရဲ့ အဓိက အားသာချက်တွေကတော့ Bandwidth မြင့်မားတယ်။ Power နည်းနည်းလေးနဲ့ Performance ကောင်းကောင်း လုပ်နိုင်တယ်။
•        နောက်တစ်ခုက DDR3 SDRAM  Device တွေကို အသုံးပြုသော ကွန်ပျူတာတွေမှာ Data Transfer Rate ကို 1600 Mbps ထိ Support လုပ်နိုင်ပါတယ်။
•        DDR2 Memory ကို အသုံးပြုတဲ့ ကွန်ပျူတာမှာ ဆိုရင် Power Consumption ဟာ 1.8 Volts လောက်ရှိပေမယ့် DDR3 Memory  ဟာဆိုရင် 1.5 Volts လောက်ပဲရှိတာ ဖြစ်တယ်။ ပြောရမယ်ဆိုရင် Voltage ယူနှုန်း သက်သာတာပေါ့။ DDR2 ထက် 30 ရာခိုင်နှုန်းလောက် သက်သာတယ်။ Voltage ယူနှုန်းသက်သာခြင်းဟာ ကွန်ပျူတာရဲ့ Powerကိုလည်း သက်သာစေတဲ့အပြင် Heat အပူချိန်ကိုလည်း လျှော့ချပေးနိုင်တယ်။ Connection ဆက်သွယ်တဲ့အခါတွေမှာလည်း Bandwidth ကို ကောင်းစေပါတယ်။
         DDR3 Memory Standard အမျိုးအစားတွေကို 512 Mb ကနေမှ 8 Gb ထိ အမျိုးအစားတွေ ရှိပါတယ်။ အစပိုင်းမှာတော့ 512 Mb နှင့် 1 Gb ထိလောက်ကိုပဲ အရင်ဦးဆုံး ထုတ်လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ 2 Gb ထုတ်လုပ်လာတယ်။ တဖြည်းဖြည်း 4 Gb အထိ ထုတ်လုပ်လာခဲ့ကြပါတယ်။
         Module တွေအနေနဲ့ ပြောရရင်တော့ JEDEC Module အမျိုးအစားတွေအတွက် 256 MB ကနေမှ 8 GB ထိ ထုတ်လုပ်ခဲ့တယ်။ Windows Server တို့လို Application တွေအတွက် 8GB Module တွေကို ထုတ်လုပ်ပြီးတော့ စတင်မိတ်ဆက်လာတော့မှာ ဖြစ်တယ်။ အမြင့်ဆုံး Memory  Module Size ဟာ 16 GBထိ ရှိပါတယ်။
DDR3 SDRAM Component အစိတ်အပိုင်းများ
•        Introduction of synchronous RESET pin
•        Support of System Level Flight Time Compensation
•        On-DIMM Mirror Friendly DRAM Ballout
•        Introduction of CWL (CAS Write Latency) Per Speed bin
•        On-die IO Calibration Engine
DDR2 Memory နှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုလျင်- DDR3 ဟာ-
•        DDR3 Memory ဟာ DDR2 Memory ထက် Bandwidth ပိုကြီးတယ်။ 1600 Mbps ထိ Support လုပ်နိုင်တယ်။
•        Power နည်းနည်းလေးနဲ့လည်း Performance ကောင်းကောင်းပေးနိုင်ပါတယ်။
•        Low Power Feature တွေဖြစ်တဲ့ Power အသုံးပြုမှုနည်းတဲ့ အမျိုးအစားတွေ နှင့် Thermal Design တွေကိုလည်း အဆင့်မြင့်အောင် Enhance လုပ်ပေးတယ်။ မြှင့်တင်ပေးနိုင်တယ်။
         DDR3 အမျိုးအစား အမျိုးမျိုးရှိပါတယ်။ အောက်ပါတို့မှာ DDR3 SDRAM DIMM Module တွေနှင့် ၎င်းတို့ရဲ့ Feature တွေကိုဖော်ပြပေးထားပါတယ်။
၁။       ပထမဆုံး Chip နံပါတ် အမျိုးအစား DDR3-800 မှာ သူ့ရဲ့ Clock Speed က 400 MHz ရှိတယ်။ Data Rate က 800 Mbit နှင့် Data Transfer Rate ကတော့ 6400 MHz ရှိတယ်။ DIMM Module နံပါတ်ကတော့ PC3-6400 ဖြစ်ပါတယ်။
၂။       DIMM Module နံပါတ် PC3-8500 ဖြစ်တဲ့ DDR3-1066 Chip အမျိုးအစားမှာ Clock Speed က 533 MHz နှင့်အလုပ်လုပ်တယ်။ Data Rate မှာ 1066 Mbps ရှိတယ်။ Data တွေကို ပို့တဲ့ Transfer Rate က 8,530 MHz  ရှိတယ်။
၃။       DDR3-1333 မှာ DIMM Module နံပါတ် PC3-10667 ဖြစ်တယ်။ သူက Clock Speed 667 MHz ဖြင့်အလုပ်လုပ်ပြီးတော့ Data Rate ကတော့ 1333 Mbps ရှိပါတယ်။ Data ပို့တဲ့ Tansfer Rate မှာ 10,660 MHz ရှိတယ်။
၄။       Chip အမျိုးအစား DDR3-1600 မှာ Clock Speed 800 MHz ဖြစ်ပြီး Data Rate မှာ 1600 Mbps ဖြစ်တယ်။ Data ပို့တဲ့ Transfer Rate က 12,800 MHz နှင့်ပို့တာဖြစ်တယ်။ DIMM Module အမျိူးအစားက PC3-12800 ဖြစ်တယ်။
၅။       DDR3-1866 Chip အမျိုးအစားရဲ့ Data ပို့တဲ့ Clock Speed မှာ 933 MHz ဖြစ်တယ်။ Data Rate မှာတော့ 1866 Mbps ဖြစ်ပြီး Data Transfer Rate က 14,930 MHz ဖြစ်အလုပ်လုပ်တာဖြစ်တယ်။ DIMM Module မှာ PC3-14900 အမျိုးအစားဖြစ်ပါတယ်။
         ဒီလောက်ဆိုရင် DDR3 Memory နည်းပညာအကြောင်းကို သိသင့်သလောက်တော့ သိလောက်ပြီလို့ထင်ပါတယ်။ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သော DDR3 Memory နှင့် DDR2 တို့ရဲ့ ကွာခြားချက်တွေလည်းသိလောက်ပြီ။ DDR3 Memory ရဲ့ Chip အမျိုးအစားတွေနှင့်  ၎င်းတို့၏ အလုပ်လုပ်တဲ့ Clock Speed, Data Rate, Transfer Rate တို့ကိုပါ သိမယ်နော်။  ဒါဆိုရင် ဒီမှာတင်ပဲ DDR3 နည်းပညာအကြောင်းကို အပြီးသတ်လိုက်ပါတယ်။

Credit…မူရင်းရေးသားသူ

Credit ..Photo

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts