Myanmar House Logo

Myanmar House

Real Estate in Myanmar

Laptop Battery ကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းများ

February 16, 2023 70 views
Laptop Battery ကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းများ

Laptop  Battery ကို သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းများ
——————————————————
ဒီနေ့တော့ Laptop တစ်လုံး ရဲ့ Battery ကို သက်တမ်း ကြာရှည်စွာအသုံးပြုနိုင်စေမယ့်နည်းလမ်းများကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းများကို အသုံးချခြင်းအားဖြင့်   Laptop ရဲ့  Battery သက်တမ်းကိုပိုမို ကြာရှည်ခံစေမှာဖြစ်ပါတယ်။

၁။    Screen Brightness ကိုလျှော့ချပါ။
Laptop တစ်လုံးမှာ အဓိက Battery အကုန်မြန်စေတဲ့ အရာက Display ပဲဖြစ်ပါတယ်။ Screen Brightness ကိုလျှော့ချထားခြင်းဖြင့် Battery ရဲ့သက်တမ်းကို ကြာကြာသုံးနိုင်ပါတယ်။ 
၂။    Display ကို အလိုအလျှောက်ပိတ်အောင်လုပ်ပါ။
Laptop ကို အသုံးမပြုတော့တဲ့ အချိန်မှာ Display ကို အလိုလို ပိတ်အောင်ပြုလုပ်ထားခြင်းဖြင့်လည်း Battery ကိုကြာရှည်အသုံးခံစေပါတယ်။ Control Panel က Power Options ကိုဝင်ပါ။ Change plan settings မှ Turn off the display မှာမိနစ်အနည်းဆုံးသတ်မှတ်ပေးပါ။ Mouse Cursor ရွေ့လျားခြင်းဖြင့် ဒါမှမဟုတ် ကီးဘုတ် က ကီးတစ်ခုခုကိုနှိပ်ခြင်းဖြင့် ပြန်အသုံးပြုနိုင်ပါတယ်။ အသုံးပြုနေသမျှ Display ကအလို လို ပိတ်မှာမဟုတ်ပါဘူး။
၃။    Bluetooth နဲ့ တစ်ခြား Device တွေကို Disable လုပ်ပါ။
Bluetooth , Wifi တွေကို မလို အပ်ဘဲ ဖွင့်ထားခြင်းကလည်း Battery ကို အကုန်မြန်စေပါတယ်။ 
၄။    Power Plan ကို အသုံးချပါ။
Windows မှာ Power Plan တွေ အမျိုးမျိုး ပြုလုပ်သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် Balanced Mode ကို အသုံးပြုနေရာကနေ Power အကုန်သက်သာစေချင်ရင် Power Saver Mode ကိုပြောင်းသုံးလို့ရပါတယ်။Power Plan Setting တွေကို  စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။ Screen Saver တွေကို မသုံးပါနဲ့ Battery ပို ကုန်စေပါတယ်။
၅။    Sleep အစား Hibernate ကိုသုံးပါ။
ကွန်ပြူတာ Sleep ဖြစ်သွားတဲ့အချိန်မှာတောင် Power အနည်းငယ်ကို အသုံးပြုနေပါတယ်။ Hibernate လုပ်ရင်တော့ System State ကို Drive မှာသိမ်းပြီး Power Off လုပ်လိုက်တဲ့ အတွက် Power ကိုလုံးဝအသုံးပြုမှုမရှိတော့ပါဘူး။

Credit...#ItRepair

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts