Myanmar House Logo

Myanmar House

Real Estate in Myanmar

DDR3 နှင့် DDR4 ကြားမှ ကွာခြားချက်မျာ

February 16, 2023 217 views
DDR3 နှင့် DDR4 ကြားမှ ကွာခြားချက်မျာ

DDR3 နှင့် DDR4 ကြားမှ ကွာခြားချက်များ 💾
.....................................................................................

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ 🤗၊ ကျွန်တော် အရှေ့က အပိုင်းလေးမှာတော့ RAM နဲ့ ပတ်သတ်တဲ့ အတွင်းကျတဲ့အကြောင်းအရာများကို ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ရှင်းပြခဲ့ပါတယ် ခင်ဗျာ။ ကျွန်တော် ဒီနေ့ ရှင်းပြမယ့် အကြောင်းအရာလေးကတော့ RAM အမျိုးအစားတွေဖြစ်တဲ့ DDR3 နဲ့ DDR4 တို့ နှစ်ခုရဲ့ ကွဲပြားကွာခြားချက်များနဲ့ ပတ်သတ်ပြီး ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ရှင်းပြသွားပါ့မယ် 🙋🏻‍♂️၊ ဒီနေ့ရဲ့ Topic လေးကိုတော့ DDR3 Vs DDR4 လို့ပဲ ခေါင်းစဉ်ပေးလိုက်ပါတယ် ခင်ဗျာ၊ ကဲ ..... အားလုံးပဲ စလိုက်ကြရအောင်ဗျာ 💁🏻‍♂️.

DDR3 Vs DDR4 💾
.......................................

ကျွန်တော်တို့ Phone တွေ၊ Computer တွေ ဝယ်တော့မယ်ဆို RAM ဘယ်လောက်ပါလဲဆိုပြီး မေးတတ်ကြပါတယ်။ RAM များများပါတဲ့ Device တွေက Multifunction သုံးဖို့ ပိုပြီးမြန်ဆန်သွက်လက်လို့ပဲ ဖြစ်ပါတယ်။ Internet Browser Tab တွေကို အများကြီး တန်းစီဖွင့်သုံးတာမျိုး၊ တစ်ပြိုင်နက်တည်း Software 2 ခု၊ 3 ခု ပြိုင် Run ချင်တယ်ဆိုရင်တော့ Random Access Memory လို့ခေါ်တဲ့ RAM ရဲ့ အခန်းကဏ္ဍက တော်တော်လေး အရေးပါပါတယ်။ 2GB, 4GB စတဲ့ Capacity တွေကို အားလုံးသတိထားမိပေမယ့် DDR3, DDR4 စသဖြင့် အသုံးပြုတဲ့နည်းပညါတွေ ကွဲပြားသွားတာကိုလည်း သိထားဖို့ လိုပါတယ် 💾.

Double Data Rate DDR3 ကတော့ RAM ဈေးကွက်ကို ဆယ်စုနှစ်တစ်စုကျော်ကြာအောင် လွှမ်းမိုးထားခဲ့နိုင်ပါတယ်။ DDR3 ကို 2007 မှာ စတင်ထုတ်လုပ် ရောင်းချခဲ့ပြီး၊ Intel ရဲ့ 6th နဲ့ 7th Gen တွေမှာသာ အဓိက ထားသုံးနိုင်ပါတယ်။ မကြာခင်နှစ်အတွင်းမှာပဲ DDR4 က Market ထဲ ဝင်လာတဲ့အခါ Older RAM Generation တွေထက် ထူးခြားပြီး သာလွန်တဲ့ Quality တွေ ပါဝင်လာတော့ Demand လဲ များလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ 8th Gen or Later ( ဒါမှမဟုတ် ) AMD Ryzen Processor CPU တွေ ရှာရင်တော့ DDR4 လိုအပ်မှာ အသေအချာပါပဲ။ ဒါဆိုရင် DDR4 က DDR3 ထက် ဘာတွေ ပိုအားသာလာလဲဆိုတာ ကျွန်တော် ဆက်ပြီးရှင်းပြသွားပါမယ် ခင်ဗျာ 💁🏻‍♂️.

DDR4 က DDR3 ထက် Volt အားနည်းနည်းနဲ့ အလုပ်လုပ်ပြီး 1.5Volts ကနေ 1.2 နဲ့ Run ပါတယ်။ DDR3 နဲ့ DDR4 ကြားမှာ နောက်ထပ်ကွာခြားချက်တစ်ခုက Speed ပါ။ DDR3 ရဲ့ Specifications က 800MT/s or Millions of Transfers per second နဲ့ စပြီး 2133 အထိပဲ မြင့်ပေမဲ့ DDR4 ကတော့ 2133MHz ထက် ပိုမြင့်ပါတယ်။ နောက်ထပ် ထင်ရှားတဲ့ Differences တွေကတော့ဗျာ -

1. Chip Densities - DDR3 ရဲ့ Chip Densities 512Mb - 8Gb အတွင်းရှိတဲ့အချိန်မှာ DDR4 က 4Gb ကနေ 16Gb အထိ ထွက်လာပါတယ်။ ဒါကြောင့် DDR4 မှာ DIMM Capacities ပိုကြီးပါတယ် 💾.

2. Rates - DDR4 ဟာ Data Rate 1600Mb/s to 3200Mb/s လောက် Run နိုင်ပြီး DDR3 က DDR4 ရဲ့ Mb/s ထက်ဝက်လောက်ပဲ Operate လုပ်နိုင်လို့ DDR4 က Input ကော၊ Output Speed ပါ ပိုသွက်တဲ့ အားသာချက်တစ်ခုပါပဲ 💾.

3. Voltage - 1.2Volts နဲ့ Run လို့ Power Demand Memory ကို လျှော့ချပေးတဲ့ အားသာချက်ကို DDR4 မှာ တွေ့နိုင်ပါတယ် 💾.

4. Voltage Standard - DDR3 က အထူးသဖြင့် DDR3L ရဲ့ အနိမ့်ဆုံး Voltage Standard က 1.35V ရှိနေပြီး၊ DDR4 က 1.05V ဖြစ်တော့ Memory Power ကို Reduce လုပ်တဲ့အခါ ပို Effective ဖြစ်ပါတယ် 💾.

ဒါကြောင့် Memory က Computer တစ်လုံးအတွက် များစွာ အရေးပါပါတယ်။ Computer ကို Boot မလုပ်ခင် POS( Power on self test ) မှာ Memory Test လုပ်ပါတယ်။ Memory Test အောင်မြင်မှသာ Computer ရှေ့ဆက် အလုပ်လုပ်ပါတယ်။ အဲ့သလို မဟုတ်ပဲ Beep အသံမြည်ပြီး၊ Computer Boot လုပ်လို့မရပဲ Computer မှာ Memory များပါရင် အလုပ်လုပ်ဆောင်ရာမှာ ပိုမိုမြန်ဆန်ပါတယ်။ ဥပမာဗျာ - Chrome Browser မှာ Tab များများဖွင့်ထားမယ်ဆိုရင် Computer က အသုံးပြုရတာ လေးလာတာမျိုးကို တွေ့ရှိရမှာပါ။ Memory အသုံးများတဲ့ Software တွေအတွက်လည်း Memory များများရှိဖို့ လိုအပ်ပါတယ်။ Motherboard နဲ့ OS ပေါ် မူတည်ပြီးတော့ Memory ထပ်ထည့်နိုင်ပါတယ်။ Window 32bits OS က 4GB Memory ကိုပဲ အသုံးပြုနိုင်ပြီးတော့၊ 164bits OS ကတော့ Memory 4GB ထက် ပိုပြီးထားနိုင်ပါတယ် 💾.

စာဖတ်သူများကော ဘယ် RAM အမျိုးအစားကို သုံးကြလဲ ခင်ဗျ၊ Cmt မှာ ပြောပြသွားကြပါဦးဗျာ။ ပြီးတော့ တခြားသိလိုရာများကိုလည်း လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ် ခင်ဗျာ၊ ကျွန်တော်တို့ မေးသမျှကို ဖြေပေးသွားပါ့မယ် 💬.

ကျွန်တော် ခု RAM ရဲ့ နောက်ဆုံးအပိုင်းလေးမှာတော့ DDR3 နဲ့ DDR4 တို့ နှစ်ခုကြားကကွဲပြားကွာခြားချက်တွေကို ဗဟုသုတအဖြစ် သိသင့်၊ သိထိုက်တာတွေနဲ့ ပတ်သတ်ပြီး ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ရှင်းပြပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ကျွန်တော့်ရှေ့မှာလည်း Senior တွေမြောက်များစွားရှိကြပါတယ်။ ကျွန်တော်ရေးတဲ့ အကြောင်းရာတွေကလည်း တချို့သော page တွေ၊ Google ကနေပါ ဆွဲယူရေးထားခြင်း ဖြစ်တဲ့အတွက် ဘယ် Page ကနေ Online ကနေလေ့လာမှတ်သားခဲ့လည်း မမှတ်မိတဲ့အတွက် Source on Inter လို့ဘဲ #crd ပြပါရစေ ခင်ဗျ။ 🤗.

#RainbowTechnology
#Hardware #RAM
#DDR3VsDDR4 #TypesOfRAM
#crd Info Tech Computer Center

Credit…

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts