Myanmar House Logo

Myanmar House

Real Estate in Myanmar

ကျွန်မတို့မှာ မောင်နှမ ၅ ယောက်ရှိပါတယ် ။ မိဘများမရှိတော့ပါ။ မိဘရဲ့ အိမ်ခြံမြေကို အမွေခွဲမယ်လုပ်တော့ အကိုအကြီးဆုံးက သူဟာ သြရသဖြစ်တဲ့အတွက် အမွေဝေစု ပိုရသင့်တယ်လို့ ပြောနေ ပါတယ် ။ အဲဒါ တကယ်ဟုတ်ပါသလား ။

February 17, 2023 189 views

=======================
သြရသနဲ့ ပတ်သက်ပြီး အခွင့်အရေးကို သိသင့်တာပြောပြဦးမယ်။  သြရသ အခွင့်အရေးက နှစ်နေရာရှိ တယ်။ ပထမအချက်က သြရသဆိုတာ အကြီးဆုံးသားသမီးဖြစ်ရမယ်။ သားရင်းသမီးရင်းဖြစ်ရမယ်။ အဓိက က တော့ ဖခင်ကွယ်လွန်တဲ့အချိန်မှာ သားအကြီးဆုံး၊ ၁၈ နှစ်ဖြစ်ရမယ်။ နောက် ဖခင်ရဲ့ လုပ်ငန်းတွေမှာဝင်ရောက် ကူညီ လုပ်ကိုင်နိုင်တဲ့သူဖြစ်ရမယ်။ အဲဒါဆို သြရသဖြစ်တယ်။ သြရသအခွင့်အရေးတောင်းဆိုလို့ရတယ်။  တ ကယ် လို့ အမိက ဆုံးပါးသွားပြီဆိုရင်လည်း သမီးက အကြီးဆုံးဖြစ်နေမယ်။ သူက ၁၈ နှစ်ပြည့်မယ်။ မိဘရဲ့ လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်နိုင်တဲ့သူဖြစ်တယ်ဆိုရင် သြရသ သမီးအခွင့်အရေး တောင်းဆိုလို့ရပါ တယ်။ ဒါတွေက နံပတ် တစ် အချက်ပေါ့။  

နောက်တစ်မျိုးကတော့ မိဘက နောက်အိမ်ထောင်ပြုမယ်။ အဲဒီမှာ သြရသက သားဖြစ်ဖြစ် သမီးဖြစ် ဖြစ် အကြီးဆုံးဖြစ်ရင် သြရသသားလည်းဖြစ်ချင်ဖြစ်မယ် သမီးလည်းဖြစ်ချင်ဖြစ်မယ်။ အဲဒီသြရသက နောက် အိမ်ထောင်ပြုပြီဆိုတာနဲ့ သူရဲ့ ရပိုင်ခွင့် သြရသအခွင်အရေးတောင်းပိုင်ခွင့်ရှိတယ်။ ဒါကတစ်ချက်ပေါ့။ စော စော ကတော့ မိဘဆုံးပါးသွားတာနဲ့ဆိုင်တာ။ ခုက မိဘနောက်အိမ်ထောင်ပြုတာနဲ့ဆိုင်တာ။ သြရသအခွင့် အရေးက အပြီးတိုင်ရတဲ့ အခွင့်အရေး။ ဒီအခွင့်အရေးကို ကာလစည်းကမ်းသတ်က ၁၂ နှစ်သတ်မှတ်ထားပါ တယ်။ ၁၂ နှစ်အတွင် ဒီအခွင့်အရေးကို တောင်းဆိုနိုင်ပါတယ်။

မေးခွန်းက အကြီးဆုံးဖြစ်တဲ့အတွက် အမွေကို ပိုချင်တယ်။ ရသင့်မရသင့်ဆိုပြီးမေးထားတာ။ စော စောက ပြောတဲ့ အခွင့်အရေးနှစ်မျိုးစလုံး နဲ့ စပ်ဆိုင်တဲ့ အခွင့်အရေးကို အစ်ကိုအကြီးဆုံးကရခဲ့မယ်ဆိုရင်၊ ရှိလည်းရှိခဲ့မယ်ဆိုရင်၊ ၁၂ လည်းမကျော်သေးဘူးဆိုရင်တော့ အမွေခွဲတဲ့အခါမှာ သြရသအခွင့်အရေးရပါတယ်။ သို့သော် စောစောကအခွင့်အရေးတွေ မရခဲ့ဘူး ၊မရှိခဲ့ဘူး၊ မိဘဆုံးတော့ ၁၈ နှစ်ပြည့်ရမယ်ဆိုတာနဲ့လည်း အကြုံး မဝင်ခဲ့ဘူးဆိုရင် မောင်နှမထဲမှာ အစ်ကို အကြီးဆုံးဖြစ်တာနဲ့  သြရသအခွင့်အရေးက မရနိုင်ပါဘူး။ စောစောက အချက် ၂ ချက်နဲ့ ညီမှသာလျှင် သ​ြရသအခွင့်အရေး ရနိုင်ပါတယ်။ ဒီအချက်ကလည်း သတ်မှတ် ထားတဲ့ ကာလအတွင်းမှာ အကြုံးဝင်နေမယ်ဆိုရင်တော့မှန်တယ်။ သူက အစ်ကိုအကြီးဆုံးအဖြစ်နဲ့ အပြီးတိုင်ရ ထားတဲ့ သြရသအခွင့်အရေးကို သူရမှာပါ။

#DVBlawlab #DVBtvnews #သွရသ

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts