Myanmar House Logo

Myanmar House

Real Estate in Myanmar

Introduction to ITIL - Part I

February 17, 2023 129 views
 Introduction to ITIL - Part I

⭐⭐⭐ Introduction to ITIL - Part I ⭐⭐⭐
======================
⏩ ITIL ဆိုတာကတော့ IT နဲ့ ပက်သက်သမျှ service တွေကို ဘယ်လိုmanagement လုပ်ရမလဲဆိုတာ ညွှန်းထားတဲ့ best practice guidelines ပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ service management နဲ့ ပက်သက်ပြီး people, process, partner စတဲ့ အလွှာတခုချင်းစီအပါ်မှာ လွှမ်းခြုံထားတဲ့ framework or library တခုပါပဲ။
⏩ ITIL က ညွှန်းဆိုထားတဲ့ process တွေ checklist တွေက ဘယ်လို organization အတွက်ပါဆိုပြီး သီးသန့်ရည်ရွယ်ထားတာ မဟုတ်ပဲ Service Delivery လုပ်နေတဲ့ ဘယ်organization မှာမဆို အသုံးချနိုင်တာဖြစ်ပါတယ်။
=================
💎 အဓိကက ဘာကြောင့် ITIL လိုတာလဲဆိုတာပါ။ 💎
----------------------------------
⏩ Business manager တွေ IT manager တွေအနေနဲ့ ကိုယ့် customer တွေအတွက် service တွေကို ဘယ်လို effective manner အနေနဲ့ ပေးမလဲ။ ကိုယ့် customer တွေဆီကနေ ယုံကြည်မှုတွေ၊ ကျေနပ်မှုတွေ ဘယ်လိုရယူနိုင်မလဲဆိုတဲ့နေရာမှာ ITIL က ပိုမို အထောက်အကူဖြစ်စေပါတယ်။
⏩ အထူးသဖြင့်တော့ ITIL သည်
-IT နဲ့ business ကို ဘယ်လို align လုပ်ပြီး strategic planning လုပ်မလဲ
-Continuous improvement ရအောင် ဘယ်လိုလုပ်မလဲ
-Resouce & skillset planning တွေကို ဘယ်လိုလုပ်နိုင်မလဲ
-စနစ်တကျ စီမံခန့်ခွဲမှုရဲ့အောက်မှာ ဘယ်လိုcost တွေကို လျှော့ချနိုင်မလဲ
-IT ကြောင့် business value ဘယ်လောက်အထိ မြင့်တက်သွားနိုင်စေသလဲ
-Return On Investment (ROI) ကို ဘယ်လိုတက်လာအောင် လုပ်မလဲ
-IT service organizationတခုရဲ့ effectiveness နဲ့ efficiency ကို ဘယ်လိုတိုင်းတာမလဲ
-Business process တွေနဲ့ IT ကြားက engagement တွေကို ဘယ်လိုပြေလဲစေမလဲ
-Service delivery success rate ကို ဘယ်လိုတိုးတက်စေမလဲ
စတဲ့ မေးခွန်းတွေကို ပြေလည်စေနိုင်တဲ့ framework တခုပဲ ဖြစ်ပါတယ်။
⏩ အခုလက်ရှိမှာတော့ ITIL သည် version 3 ကို ရောက်နေပြီဖြစ်ပါတယ်။ အဓိက core category အနေနဲ့က
(၁) Service strategy
(၂) Service design
(၃) Service transition
(၄) Service operation
(၅) Continual service management
ဆိုပြီး ပါဝင်ပါတယ်။
====================
⏩ အဲတော့ ITIL ထဲက ITSM ကို ဆင်းလေ့လာပြီဆိုတာနဲ့ ပထမဆုံးပြန်လည် သုံးသပ်ရမှာက service management ဆိုတဲ့ concept ပါပဲ။ ကောင်းမွန်တဲ့ service management ရဲ့ဆိုလိုရင်းက customer satisfaction ရနိုင်ရန်အတွက် လိုအပ်တဲ့ key activities တွေ ရှိပါတယ်။
-Documenting process တွေ ရှိရပါမယ်။
-Negotiation process တွေရှိရပါမယ်။
-Customer ရဲ့ business quality targets တွေနဲ့ တာဝန်ယူမှုတွေအတွက် Service Level Agreement တွေ ချုပ်ဆိုရတာတွေရှိရမယ်။
-Customer ရဲ့ feedback တွေ satisfaction survey တွေက တဆင့် customer ရဲ့ opinion တွေ ယူရတာပါပါမယ်။
-customer နဲ့ interaction ကို တက်နိုင်သမျှ keep လုပ်ဖို့ လိုပါမယ်။
-ကိုယ် ပေးတဲ့ service နဲ့ related ဖြစ်သမျှ ICT infrastructure တွေကို သိဖို့လိုပါတယ်။
====================
ဒါတွေကို နားလည်ပြီးတဲ့နောက် ITIL ရဲ့ core category တွေထဲက တခုစီကို နောက်အပိုင်းတွေမှာ ဆက်လက်ဆွေးနွေးကြည့်ပါဦးမယ်။
=====================
Credit….Thu Rein Win

Credit… pho

ပြန်လည်ကူးယူဖော်ပြပါသည်

 

Related Posts