Myanmar House Logo

Myanmar House

Real Estate in Myanmar

အမွေဆိုင်မြေကို ဝယ်ယူမည်ဆိုလျှင် သတိထားသင့်တဲ့ အချက်( ၃ )ချက်

February 24, 2023 149 views
အမွေဆိုင်မြေကို ဝယ်ယူမည်ဆိုလျှင် သတိထားသင့်တဲ့ အချက်( ၃ )ချက်

မြေကွက်တွေကို ဝယ်တဲ့အခါမှာ မြေအမျိုးအစားဟာ အလွန်စကားပြောပါတယ်။ ပါမစ်မြေ၊ ရွာမြေ၊ လယ်ယာမြေ၊ ဘုရားမြေ၊ ဂရမ်မြေ၊ အမွေဆိုင်မြေ စသဖြင့် မြေအမျိုးအစား အမျိုးမျိုးရှိတဲ့အလျှောက် မြေပိုင်ဆိုင်မှုအလျှောက် ဈေးနှုန်းတွေကလည်း အမျိုးမျိုး ပြောင်းလဲသွားသလို ပိုင်ဆိုင်မှု အရှုပ်အရှင်းတွေလည်း အမျိုးစုံ ပြောင်းလဲသွားပါတယ်။ အဲ့ဒီထဲမှာမှ အမွေဆိုင်မြေကို ဝယ်ယူမယ်ဆိုရင်တော့ အမွေဆိုင်မြေဟာ တစ်ဦးဆိုင်မြေ မဟုတ်တဲ့အတွက် တစ်ဦးတစ်ယောက်ရဲ့ သဘောတူညီချက်နဲ့ပဲ ဝယ်ယူလို့မရပါဘူး။ အမွေဆိုင်သူတွေထဲက ဒီမြေရောင်းချမှုကို သဘောမတူတဲ့အခါ ရှင်းရခက်တဲ့ မြေပိုင်ဆိုင်မှုဆိုင်ရာ အရှုပ်အရှင်းတွေ ပေါ်လာတတ်ပါတယ်။ 

ဒါကြောင့် အမွေဆိုင်မြေကို ဝယ်ယူမယ်ဆိုရင် သတိထား စုံစမ်းထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

- မြေအမျိုးအစား 
အမွေဆိုင်မြေမှာ မြေကွက် အမျိုးအစား များစွာရှိနေသေးတာကြောင့် ကိုယ်ဝယ်ယူမယ့်မြေက ဘယ်လို မြေအမျိုးအစားဖြစ်တယ်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းက ဘယ်လိုရှိတယ် ဆိုတာကို သေချာ သိရှိအောင် စုံစမ်းသင့်ပါတယ်။


- အမွေဆိုင်သူဦးရေ 
အမွေဆိုင်မြေကို ဝယ်ယူတဲ့အခါ အမွေဆိုင်အားလုံးရဲ့ သဘောတူမှုဟာ မရှိမဖြစ် အရေးကြီးပါတယ်။ တကယ်လို့ မြေအရောင်းအဝယ်ကို အမွေဆိုင်သူ တစ်ဦးတစ်ယောက်က ကန့်ကွက်ရင်ဖြစ်စေ (ဒါမှမဟုတ်) သဘောမတူရင်ဖြစ်စေ ဥပဒေအရ အရောင်းအဝယ်ပျက်ပါတယ်။ ဒါကြောင့် အမွေဆိုင်သူ အားလုံးက သဘောတူညီမှု ရှိဖို့ လိုအပ်ပါတယ်။ 

- မြေပုံမြေရာဇဝင် ထုတ်ယူထားခြင်း ရှိ၊ မရှိ 
အမွေဆိုင်မြေကို ရောင်းဝယ်မဲ့သူဟာ လုပ်ဆောင်ရမဲ့ အဆင့်တွေအတိုင်း ကန့်ကွက်သူမရှိ လုပ်ဆောင်ပြီးပြီ ဆိုရင်တော့ သက်ဆိုင်ရာ မြေပုံမြေရာဇဝင် ဌာနက ရောင်းချမဲ့ မြေကွက်ရဲ့ မြေပုံမြေရာဇဝင်ထုတ်ပေးပါတယ်။ ဒါကို ရောင်းချမယ့်သူ(အမွေဆိုင်တွေက) ထုတ်ယူထားပြီးပြီဆိုရင်တော့ ဥပဒေအဆင့်ဆင့်အတိုင်း အရောင်းအဝယ် ဆက်လက်ပြုလုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။

Credit to original uploader

Related Posts