Myanmar House Logo

Myanmar House

Real Estate in Myanmar

ကလေးအုပ်ထိန်းခွင့်

February 27, 2023 641 views
ကလေးအုပ်ထိန်းခွင့်

လျှောက်ထားရသည့်အကြောင်းအရာများ

1)မိဘနှစ်ပါးအကြောင်းအမျိုးမျိုးကြောင့်ကွာရှင်းကြသည့်အခါ ၎င်းတို့အရွယ်မရောက်သေးသော သားသမီးများကို အဖ(သို့မဟုတ်)အမိ မည်သူကရယူမည်ဖြစ်စေ၊
2) မိဘနှစ်ပါးလုံးကွယ်လွန်သည့်အခါ/ပြည်ပထွက်ခွါသွားတဲ့အခါ/နေက်အိမ် ထာင်ထူပီး ကျန်ရစ်သည့်အရွယ်မရောက်သေးသည့်သားသမီးကိုအဘိုး၊အဘွား၊ဦးလေးဒေါ်လေးမည်သူကရယူလိုကြသည်ဖြစ်စေ၊
3)အရွယ်မရောက် သေးသူ၏အကျိုးအတွက်ဆောင်ရွက်ရန်ကိစ္စပေါ်ပေါက်လျှင်ဖြစ်စေ၊
အုပ်ထိန်းခွင့်ခန့်ထားပေးရန်ရုံးတော်သို့လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။
မိခင်၊ဖခင်တို့ကွာရှင်းချိန်တွင်ကလေးအုပ်ထိန်းခွင့်နှင့် ပတ်သက်၍ညှိနှိုင်းပြီးသဘောတူလျှင်အုပ်ထိန်းခွင့်မှာ ဥပဒေပြဿနာပေါ်ပေါက်ခြင်းမရှိပါ။အတည်ဖြစ်သည်။

*ကလေးအုပ်ထိန်းခွင့်အား ဘာသာဓလေ့ထုံးတမ်းအရသတ်မှတ်ခြင်းမဟုတ်ပါ။

*အုပ်ထိန်းသူနှင့်အုပ်ထိန်းခံရသူများအက်ဥပဒေ(The Guardians and Wards Act.(India Act8,1890,Vol X1)အရဖြစ်ပါသည်။

မှတ်ချက်။

1)အက်ဥပဒေပုဒ်မ-4အရ (18)နှစ်မပြည့်သေးသူကို အရွယ်မရောက်သေးသူဟုခေါ်ပါသည်။

2)ဖခင်သက်ရှိထင်ရှားရှိစဥ် အခြားသူတစ်ဦးတစ်ယောက်အုပ်ထိန်းသူအဖြစ်ခန့်ထားပေးရန်လျှောက်ထားခွင့်မရှိပေ။(ပုဒ်မ-19)

သို့ရာတွင် ဖခင်သည် အုပ်ထိန်းထိုက်သူမဟုတ်ကအခြားသူတဦးကိုခန့်ထားနိုင်သည်။(အထက်ပုဒ်မချွင်းချက်)

3)တရားမကြီးမှုမစွဲရဘဲ တရားမအထွေထွေလျှောက်လွှာသာလျှောက်ထားရမည်။

4)လျှောက်ထားသူသည် အုပ်ထိန်းသူအဖြစ်ဆောင်ရွက်လိုကြောင်းဝန်ခံချက်ကို သက်သေနှစ်ဦးရှေ့တွင်လက်မှတ်ရေးထိုးတင်ပြရမည်။

5)အရွယ်မရောက်သေးသူသည် အမှားအမှန်ဝေဖန်ခွဲြခါးနိုင်သည့် ဆင်ခြင်တုံတရားရှိက၎င်း၏ဆန္ဒကိုတရားရုံးကအလေးပေးစဥ်းစားရမည်။

6)အရွယ်မရောက်သေးသူသည် နူးညံသောအရွယ်(သို့မဟုတ်)မိန်းကလေးဖြစ်လျှင်မိခင်ကိုအုပ်ထိန်းခွင့်ပြုသင့်သည်။

7)အကယ်၍ယောကျာ်းလေးဖြစ်ပြီးပညာသင်ရန်နှင့်အလုပ်လုပ်ရန်လိုအပ်သော အသက်အရွယ်ဖြစ်က ဖခင်ကအုပ်ထိန်းခွင့်ပေးသင့်သည်။

အရွယ်မရောက်သေးသူ၏ကိုယ်ကိုအုပ်ထိန်းသူသည် အရွယ်မရောက်သေးသူ၏ကျန်းမာရေး၊ပညာရေး၊စားဝတ်နေရေးနှင့်အခြားလိုအပ်သည်များကိုစောက်ရှောက်ကြည့်ရှုရမည်။(ပုဒ်မ-24)

9)ကလေးအုပ်ထိန်းခွင့်မရသည့်မိဘတစ်ဦးအား ကလေးတွေ့ဆုံခွင့်အားတရားရုံးမှသတ်မှတ်ပေးသည်။

*ကလေးအုပ်ထိန်းခွင့်မှာ ပြဿနာတစ်ခုခြင်းအလိုက် အကြောင်းချင်းရာပေါ်မူတည်၍ဆုံးဖြတ်ပေးကြောင်းလမ်းညွှန်စီရင်ထုံးများရှိပါသည်။

မတင်ညွန့်နှင့်ကိုအောင်သိန်း၊1963- ခုနှစ်၊မတစ၊စာ-16
ကလေးသူငယ်အားကြည့်ရှုစောင့်ရှောက်ခွင့်ပေးရန်အရေးအကြီးဆုံးအချက်မှာကလေး၏အကျိုးကျေးဇူးဖြစ်ခြင်း၊မိခင်ကဖခင်ထက်အုပ်ထိန်းရန်သင့်တော်ခြင်း။

မောင်ကျော်ဝင်းနှင့်မလှကြည်၊1965-ခုနှစ်၊မတစ၊စာ-173
ကလေးများ၏ချမ်းသာကောင်းကျိုးကိုသာအဓိကထား၍ဆုံးဖြတ်ရမည်ဖြစ်ခြင်း၊ကလေးများကမိဘနှင့်အတူမနေလိုဘဲအဖွားနှင့်သာပျော်နေလျှင်တရားခံကမဖျက်ဆီးသင့်။

မလဲ့လဲ့ဝင်းနှင့်မောင်စိုးလွင်၊1968-ခုနှစ်၊မတစ၊စာ-45
အရွယ်မရောက်သေးသူ၏ဖခင်အသက်ရှင်လျက်ရှိခြင်း၊အခြားသူတပါးအားအုပ်ထိန်းသူအဖြစ်ခန့်ထားခွင့်မရှိ။

မသန်းကြည်နှင့်ကိုတင်စိန်ပါ-2၊1974-ခုနှစ်၊မတစ၊စာ-34

မိခင်အရင်းနှင့်တစိမ်းဖြစ်သူတို့အုပ်ထိန်းခွင့်ကိုပြိုင်လျောက်သည့်အခါမည်သူအားခွင့်ပြုသည်ကိုဆုံးဖြတ်ရာတွင်မိခင်အရင်းကပိုမိုကောင်းမွန်သင့်မြတ်မည်ဖြစ်ကြောင်းထင်ရှားပေါ်လွင်နေသည်။

ဦးတင်မြင့်နှင့်ဒေါ်ခင်မြင့်ပါ-2၊1992-ခုနှစ်၊မတစ၊စာ-65
အရွယ်မရောက်သေးသူကလေးနှင့်ပတ်သက်၍အုပ်ထိန်းသူလျှောက်ထားရာ၌သဘာဝကျကျစဥ်းစားရန်လိုအပ်ခြင်း၌
ကလေးအပေါ်၌ဖခင်အရင်းထက်ဦးကြီးကသော်၎င်း၊အဘွားလေးကသော်၎င်းပို၍စေတနာမေတ္တာရှိသည်ဟုမူလရုံးမှသုံးသပ်ခြင်းမှာလောကသဘာဝနှင့်ဆန့်ကျင်သည်ဟုယူဆရမည်။

ကိုးကား။ဦးမြင့်လွင်၊ဆိုလွှာ100/ဦးသောင်းထွန်း၊စီရင်ထုံးပေါင်းချုပ်။

Related Posts