Myanmar House Logo

Myanmar House

Real Estate in Myanmar

ငွေချေးငှားခြင်းအကြောင်းသိကောင်းစရာ

March 1, 2023 340 views
ငွေချေးငှားခြင်းအကြောင်းသိကောင်းစရာ

ငွေချေးငှားခြင်းအကြောင်းသိကောင်းစရာ

ယခုလိုခေတ်ကာလတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ခက်ခဲသော ကာလဖြစ်သည့်အတွက် 
မိမိလုပ်ငန်းတွင်    လိုအပ်နေသော ငွေပမာဏကို 
ချေးငှားရယူသည့်အခါ အဆိုပါချေးငှားရယူထား
သော ငွေများကို တကယ်အဆင်မပြေ၍ ပြန်လည်
မပေးဆပ်နိုင်သော်လည်း၊ တချို့မှာ ငွေစတင်ယူကတည်းက ပြန်လည်ပေးဆပ်ရန် ရည်ရွယ်ချက်
မရှိဘဲ ယုံကြည်အောင်ပြောပြီး လိမ်လည်လှည့်ဖြား
ချေးယူခဲ့သူများရှိပါသည်။

ထိုသို့ ငွေချေးယူစဥ်ကတည်းက ပြန်လည်ပေး
ဆပ်ရန် ရည်ရွယ်ချက်မရှိဘဲ မရိုးမဖြောင့်သော
သဘောဖြင့် ယုံကြည်အောင်ပြောဆိုပြီး ချေးယူ
ကြောင်း၊ ပြန်လည်ပေးဆပ်နိုင်စွမ်း ပေါ်ပေါက်ပါ
လျှက် ပြန်လည်ပေးဆပ်ခြင်းမရှိကြောင်းပေါ်ပေါက်
လျှင် - ထိုသူကို ရာဇသတ်ကြီး ပုဒ်မ - ၄၂၀ အရ
တရားစွဲဆိုနိုင်သည်။ ထိုပုဒ်မအရ ပြစ်မှုကျူးလွန်
ကြောင်း ထင်ရှားပေါ်ပေါက်လျှင် ထောင်ဒဏ် ၇နှဈ
အထိ ကျခံရမည့်အပြင် ငွေဒဏ်လည်း ကျခံရမည် ဖြစ်သည်။

ထို့နောက် ငွေချေးပေးသူမှ ငွေချေးသူကို ၄င်း
ပေးဆပ်ရန်ပျက်ကွက်နေသည့်ငွေကြေးများကို 
ချေးငွေရလိုမှု ဖြင့် တရားမကြောင်းအရ ထပ်မံ 
တရားစွဲဆို တောင်းပိုင်ခွင့်ရှိသည်။ ငွေချေးပေးသူ
မှ တရားစွဲဆိုပြီး အမှုနိုင်၍ ငွေချေးသူက ချေးယူ
ထားသော ငွေများကိုပြန်လည်မပေးဆပ်ခဲ့လျှင်
ငွေချေးသူ ပိုင်ဆိုင်မှု ပစ္စည်းများကို လေလံတင်
ရောင်းချပြီး ချေးငွေများကို ပြန်လည်ရယူနိုင်
သကဲ့သို့ ငွေချေးသူ၌ ပိုင်ဆိုင်မှုပစ္စည်းတစုံတရာ
မရှိပါက ၄င်းအား တရားမထောင်ချပေးရန် ရုံးတော်
သို့ လျှောက်ထားနိုင်သည်။

ငွေချေးခြင်းနှင့်ပတ်သက်၍ ၁၉၄၅ ခုနှစ်၊ ငွေတိုး
ချစားသူများအက်ဥပဒေ ပုဒ်မ - ၉ အရ ငွေတိုးချစားသူသည် ငွေချေးငှားစားခွင့် လိုင်စင် ( ငွေချေးငှားသူအဖြစ် မှတ်ပုံတင်ထားသည့်လက်မှတ်) ရှိရ
မည်။ သို့သော် မိတ်ဆွေတစ်ဦးတစ်ယောက် အမှန်တကယ် ငွေကြေးအခက်အခဲဖြစ်ပေါ်နေလျှင် မေတ္တာဖြင့် ချေးငှားပေးခြင်းကို ဥပဒေ က ခွင့်ပြုထားပေးသည်။

ထိုသို့ ငွေချေးပေးသူမှ တရားစွဲဆို တောင်းပိုင်
ခွင့်ရှိမည့် အပြင် တရားစွဲမည်ဆိုပါက အရေးကြီး
ဆုံးကတော့ ကာလစည်းကမ်းသတ်ကို မေ့လျော့နေလို့မဖြစ်ပါ။ ကာလစည်းကမ်းသတ်ကတော့ ငွေချေးပေးလိုက်သည့်နေ့မှ စ၍ ၃ နှစ်အတွင်း
တရားစွဲဆိုရမည်ဖြစ်သည်။

ငွေချေးပေးစဥ်က စာချုပ်စာတမ်းအထောက်
အထားများ၊ စာရွက်စာတမ်းများအား မလုပ်ထား
ဘူးဆိုပါက ထိုသို့ချေးပေးစဥ်က မျက်မြင်သက်သေ
တစ်ဦး ( သို့မဟုတ်) နှစ်ဦး ရှိနေမည်ဆိုပါက ငွေချေးပေးသူမှ တရားစွဲဆိုနိုင်ကြောင်း ဖော်ပြပေး
လိုက်ပါသည်။
ကူးယူဖော်ပြပါသည်။

Related Posts