Myanmar House Logo

Myanmar House

Real Estate in Myanmar

ဗဟုသုအဖြစ်တင်ပေးတာပါ.... Paypal တည်ထောင်သူထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Elon Musk

March 1, 2023 166 views
ဗဟုသုအဖြစ်တင်ပေးတာပါ.... Paypal တည်ထောင်သူထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Elon Musk

ဗဟုသုအဖြစ်တင်ပေးတာပါ....
Paypal တည်ထောင်သူထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Elon Musk
အမည်   -   Elon Musk
မွေးနေ့   -   ၁၉၇၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်
မွေးရပ်   -   တောင်အာဖရိက

တောင်အာဖရိက- အမေရိက လူမျိုး၊ လက်ရှိ ကမ္ဘာမှာ ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန်ရဲ့ နည်းပညာနဲ့ စက်မှုဖွံ့ဖြိုးရေးမှာ အင်မတန် အရေးပါတဲ့ ပုဂ္ဂိုလ် တစ်ဦးကတော့ Elon Musk ဖြစ်ပါတယ်။

Paypal ဆိုရင် အားလုံး သိကြမှာပါ။ Paypal ကိုတည်ထောင်ခဲ့သူထဲမှာ ပါဝင်သူ တစ်ဦးဖြစ်ပြီး SpaceX အမည်ရ အာကာသ ခရီးသွားလာရေး ကုမ္မဏီ တည်ထောင်သူကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဝန်ထမ်းအင်အား ၃၀၀၀ ကျော်ရှိတဲ့ Space X ကို ဦးစီးဦးဆောင်နေသူ CEO ကလည်း Elon Musk ပဲ ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး။ လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ် အခြေဆိုက် လျှပ်စစ်ဓာတ်အား သုံး မော်တော်ယာဉ်နဲ့ ပိ့ုဆောင်ဆက်သွယ်ရေး နည်းပညာ၊ ပစ္စည်းထုတ် Tesla Motors ကုမ္မဏီရဲ့ စီအီးအိုကလည်း Elon Musk ပဲ ဖြစ်ပါတယ်။ ပြီးတော့ Tesla Motors ကို တည်ထောင်ခဲ့သူကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Elon Musk တစ်ယောက် ဘာကြောင့် အမေရိကန် စီးပွားရေး နဲ့ နည်းပညာ လောကမှာ လူသိများရခြင်းကို လေ့လာကြည့်တဲ့အခါ သူ့ရဲ့ ပရိုဖိုင်ကို ယခုလို ဖတ်ရှု လေ့လာမိခဲ့ပါတယ်။

မွေးဖွားရာ ဇာတိက တောင်ဖရိကမှာ ဖြစ်ပြီး ကနေဒါ နဲ့ တောင်ဖရိက လူမျိုး ဆက်တဲ့ သူ ဖြစ်ပါတယ်။ ကွန်ပြူတာ Programming ကို စိတ်ဝင်စားပြီး ဆရာ မပါပဲ သူကိုယ်တိုင် ငယ်ငယ်လေးကတည်းက လေ့လာ သင်ယူပါတယ်။ အသက် ၁၂ နှစ်သား ရောက်ချိန်မှာတော့ သူ့ရဲ့ ပထမဆုံး ပရိုဂရမ်ဖြစ်တဲ့ Space Game ကို ရေးဆွဲအောင်မြင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ ရောင်းချခဲ့ဖူးပါတယ်။ ဒါက သူ့ရဲ့ ဘဝ အမှတ်တရ တစ်ခုပါ။ အသက် ၁၇ နှစ်ရောက်တော့ တောင်အာဖရိကမှာ စစ်မှု မထမ်းချင်တာနဲ့ အမေရိကန်ပြည်ထောင်စုကို အပြီးတိုင်း ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ Queen’s University တက်ပြီး စီးပွားရေး ဘာသာရပ်ကို လေ့လာ သင်ယူခဲ့ပါတယ်။ ပြီးတော့ University of Pennsylvania မှာ ရူပဗေဒ ဘာသာရပ်ကို အထူးပြုပြီး ဆက်လက် သင်ကြား လေ့လာခဲ့ပါတယ်။ Ph.D ပါ ဆက်ယူဖို့ စိတ်ကူးရှိတော့ Stanford University မှာ လက်တွေ့ အသုံးချ ရူပဗေဒနဲ့ Material Science ကို အထူးပြု လေ့လာသင်ကြားခဲ့ပါတယ်။

သူအထင်ကြီး လေးစားတဲ့ ပုဂ္ဂိုလ်များကတော့ Nikola Tesla, Bill Gate, Steve Jobs, Walt Disney များ ဖြစ်ပြီး သူတို့ရဲ့ ကြိုးစားမှု၊ ခံယူချက်များကို အချိန်ပေး လေ့လာခဲ့ပါတယ်။ ပြီးတော့ သူ့မှာ အိုင်ဒီယာ တစ်ခုရှိလာပါတယ်။ ယင်းအိုင်ဒီယာကတော့ အနာဂတ်မှာ လူတွေအတွက် အခက်အခဲ ရှိလာနိုင်တဲ့ နယ်ပယ် သုံးရပ်ကို ဝင်ရောက်ဖို့ ဖြစ်ပါတယ်။ တစ်ခုက အင်တာနက်၊ တစ်ခုက Clean Energy, တစ်ခုက အာကာသ အစရှိသဖြင့် အိုင်ဒီယာ တစ်ခုထဲမှာ ရည်ရွယ်ချက် သုံးခုပါပြီး ပထမဦးဆုံးအနေနဲ့ အင်တာနက် လောကကို စတင် ခြေလှမ်းပါတယ်။

သူကိုယ်တိုင်က ငယ်ငယ်လေးကတည်းက Programming ကို Self-Study လုပ်ခဲ့သူဖြစ်တဲ့အတွက် IT Business အတွက် ခြေလှမ်းသွက်ခဲ့ပါတယ်။ အစ်ကို အရင်းဖြစ်သူနဲ့ Zip2 အမည်ရ ဆော့ဖ်ဝဲဖြန့်ချိရေး ဝဘ်ဆိုဒ် တစ်ခု တည်ထောင်ပြီး ၁၉၉၉ ခုနှစ်အရောက်မှာ အမေရိကန်ဒေါ်လာ ၃၀၇ သန်းနဲ့ ရောင်းချနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ X.com လို့အမည်ရတဲ့ Paypal အွန်လိုင်း ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းကိုလည်း သူငယ်ချင်းတို့နဲ့ အတူတည်ထောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်အရောက်မှာ eBay ကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထဲမှာ Paypal မှာ သူ့ရဲ့ ရှယ်ယာတွေ အများစု ပါဝင်နေပါသေးတယ်။

အင်တာနက်မှာ အောင်မြင်ပြီး သူနောက်ထပ် လှမ်းလိုက်တဲ့ ခြေလှမ်းကတော့ အာကာသ ဖြစ်ပြီး Space X အမည်ရ ကုမ္မဏီကို တည်ထောင်ခဲ့ပါတယ်။ Falcon 1, Falcon 9 နှစ်စီးဟာ သူပိုင်တဲ့ အာကာသ ယာဉ်ပျံများ ဖြစ်လာပြီး အမေရိကန်ရဲ့ အရေးကြီးတဲ့ အာကာသ ပို့ဆောင်ဆက်သွယ်ရေးနဲ့ နည်းပညာမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်လာနိုင်ခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင် သူ့ရဲ့ လုပ်ငန်းကို လာရောက် လေ့လာရတဲ့အထိ ဖြစ်ခဲ့ပြီး အစိုးရရဲ့ ထောက်ပံ့မှုလည်း ရရှိခဲ့တဲ့ အာကာသ ပို့ဆောင်ဆက်သွယ်ရေး ကုမ္မဏီတစ်ခု ဖြစ်ခဲ့ပါတယ်။ NASA နဲ့ ၁.၆ ဘီလျံတန်တဲ့ စာချုပ်ရရှိထားပြီး ပို့ဆောင်ဆက်သွယ်ရေးကို တာဝန်ယူထားပေးရပါတယ်။

နောက်ထပ် ခြေလှမ်းတစ်ခုကတော့ Tesla Motors ပါ။ ၂၀၀၃ ခုနှစ်က Space X ကိုလည်း လုပ်ကိုင် နေစဉ် ပူးတွဲ တည်ထောင်ခဲ့ပြီး အမေရိကန်ရဲ့ ပထမဆုံး နည်းပညာမြင့် လျှပ်စစ်ဆလွန်းများ ထုတ်လုပ် ပြသနိုင်ခဲ့ပါတယ်။ တိုယိုတာ၊ Daimler တို့က ရှယ်ယာ လာခွဲဝယ်ရတဲ့အထိ သူ့မှာ အဆင့်မြင့် နည်းပညာများ ပိုင်ဆိုင်ခဲ့ပြီး Tesla မှာ စီအီးအိုအဖြစ် ယနေ့တိုင် လုပ်ကိုင်နေပါတယ်။ Tesla မှာ သူ့ရဲ့လစာက တစ်လကို ၁ ဒေါ်လာ တည်းပါ။ သိ့ုပေမယ့် သူပိုင်တဲ့ ရှယ်ယာက ၃၂ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ကုမ္မဏီကို ပိုင်ဆိုင်ထားသူ ဆိုရင်လည်း မမှားပါဘူး။

ကဏ္ဍကြီး သုံးခု ဖြစ်တဲ့ အင်တာနက်၊ အာကာသ၊ မော်တော်ယာဉ် သုံးခုစလုံးကို ခြေလှမ်း လှမ်းပြီး လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ အောင်မြင်မှု ရရှိတဲ့ ပုဂ္ဂိုလ်အဖြစ် Elon Musk ဟာ ကမ္ဘာမှာ စီးပွားရေး အမြင်ရှိသူများ စာရင်းထဲ ထိပ်တန်း ပါဝင်လာပါတယ်။ စီးပွားရေး အမြင်တင်မက အိုင်တီနဲ့ နည်းပညာမှာပါ တီထွင်ဉာဏ်စွမ်းရှိတဲ့ Elon Musk ဟာ အမေရိကန်ရဲ့ အားထားရတဲ့ စီးပွားရေးနဲ့ နည်းပညာရှင် တစ်ဦးအဖြစ်လည်း သိထားကြပါတယ်။ အခြားသော စီးပွားရေးနဲ့ နည်းပညာ လုပ်ငန်းငယ်များကိုလည်း တည်ထောင်ထားပါသေးတယ်။

လက်ရှိ သူပိုင်ဆိုင်တဲ့ ငွေကြေး တန်ဖိုးဟာ ၇.၇ ဘီလျံရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

***********************************

ပြဿနာအားလုံးကို ဖြေရှင်းဖို့ Elon Musk သုံးတဲ့ ရိုးရှင်းသောနည်းလမ်း (၆) ခု

Neil Strauss ရဲ့   Rolling stone ပွဲမှာ Elon Musk အကြောင်း တော်တေ်ာများများပြောခဲ့ကြပါတယ် ။ Tesla Truck ရဲ့အောင်မြင်မှုနောက်ကွယ်က လူတစ်ယောက်အကြောင်းပေါ့။
Musk လိုအောင်မြင်မှုမျိးရချင်တဲ့ လုပ်ငန်းရှင်တွေအတွက် အဓိကအရေးကြီးဆုံးအချက်က သူ့ရဲ့အောင်မြင်ရေးလမ်းစဉ်ဟာ သိပ်အထူးအဆန်းကြီးတွေမဟုတ်ပါဘူး။ ဒါတွေဟာ နှစ်ရာစုပေါင်းများစွာကတည်းက ရှိနေပြီး သင်ဟာဒါတွေကို မူလတန်းကျောင်းလောက်မှာကတည်းက သိကောင်းသိခဲ့မှာပါ။

ဒါဟာသိပ္ပံနည်းကျဖြစ်တယ်။ဒါပေမယ့် Musk ကဘာပြောလဲဆိုတော့ သိပ္ပံနည်းကျနည်းလမ်းတွေကို  တော်ရုံတန်ရုံ စီးပွားရေးလောကမှာ မသုံးဘူးလို့ဆိုပါတယ်။ သူတို့ဟာ သူတို့ပြိုင်ဘက်တွေ ဘာလုပ်နေလဲဆိုတာကို ခန့်မှန်းနိုင်ဖို့ (သို့) သူတို့မျှော်မှန်းတာတွေ ကွက်တိဖြစ်ဖို့ တွေးကြပါတယ်။ တကယ်ဖြစ်နိုင် မဖြစ်နိုင်သိနိုင်ဖို့လေ့လာသင့်တာကို မေ့ထားလေရဲ့။

၁။မေးခွန်းတွေမေးပါ။

ပြဿနာတစ်ခုကိုရင်ဆိုင်ရတော့မယ့်ဆိုရင် အဖြေတန်းရှာဖို့မလုပ်ပါနှင့်။ စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်တွေကိုအရင်မေးကြည့်ပါ။
ဥပမာ Telsa ကားတွေကို စထုတ်လုပ်တဲ့အခါ Musk ဟာ  First principle Thinking ဆိုတဲ့ အခြေခံတွေကို အယူအဆတွေ သိပ်မပါပဲနှင့် စစ်ဆေးတဲ့ဟာကို သုံးခဲ့ပါတယ်။ ဒါဟာ ကားကောင်းကောင်းတစ်စီးထုတ်လုပ်စေနိုင်ဖို့အတွက် အထောက်အကူပြုတယ်။ သူ့ပြိုင်ဘက်တွေထက် ပိုကောင်းတဲ့ကားကိုထုတ်လုပ်ဖို့မဟုတ်ပါဘူး ။ သူလုပ်နိုင်တဲ့ အကောင်းဆုံးကားကို ထုတ်လုပ်ခြင်းသာဖြစ်ပါတယ်။အောက်ကမေးခွန်းနှစ်ခုရဲ့ကွာခြားချက်ကိုမေးကြည့်ပါ။

✔ကားတွေကိုဘယ်လိုပိုကောင်းအောင်လုပ်ရမလဲ။

✔ကားကောင်းကောင်းတစ်စီးမှာ ဘာတွေလိုအပ်လဲ။

Musk ဟာ ဒုတိယမေးခွန်းကို ကိုယ့်ကိုကိုယ်မေးခဲ့ပါတယ်။

၂။ရသမျှအချက်အလက်သက်သေကိုရှာပါ။

ဒုတိယအချက်ကတော့ အဆိုတင်သွင်းဖို့မဟုတ်ပါဘူး။ဒါပေမယ့် သုတေသနလုပ်ရပါမယ်။ သိပ္ပံပညာရှင်တွေအတွက်ဆိုရင်တော့ လက်တွေ့လုပ်ခြင်းပါပဲ။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကျတော့  ဒီလုပ်ငန်းမှာ ကျင်လည်နေတဲ့ ပညာရှင်တွေကို မေးမြန်းတာပဲဖြစ်ပါတယ်။ Rolling stone feature မှာ  Strauss က Musk နှင့်သူ့အဖွဲ့တွေ Boring ကုမ္ပဏီတစ်ခုကို ကားပါကင်တစ်ခုမှာ စတင်ခဲ့တဲ့အကြောင်းထပ်ခါထပ်ခါပြောပါတယ်။ စီမံကိန်းကြီးရင် ဘယ်လောက်အချိန်ပေးရတဲ့အကြောင်း သူနားလည်သွားခဲ့တယ် ဆိုတဲ့အကြောင်းလဲပြောပါတယ်။

၃။ အချက်အလက်တွေကိုအခြေခံပြီး ပုံစံကြမ်းတစ်ခု တည်ဆောက်ကြည့််ပါ။
မူကြမ်းတစ်ခုမှာ ဘယ်လောက်အထိအမှန်တရားတွေပါနိုင်လဲကြည့်ပါ။တော်တော်များများကတော့ ၅၀-၅၀ သို့မဟုတ် အပုံတစ်သန်းမှာ တစ်ပုံသာမှန်နိုင်ကြောင်းပြောပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ချေတွေကို စဉ်းစားတဲ့အခါ ကွဲပြားနေပါစေ။

၄။ နိဂုံးချုပ်ပါ။

Musk ကဘာပြောလဲဆိုတော့ နိဂုံးချုပ်ဟာ ဆုံးဖြတ်ချက်ချဖို့အတွက် ခိုင်မာနေပါစေတဲ့ ။ ဒီဖြစ်နိုင်ချေတွေဟာ မှန်ရဲ့လား ၊ ဆက်စပ်မှုရှိရဲ့လားဆိုပြီးတော့ပေါ့။ အခြေံအားဖြင့်တော့ ကောက်ချက်တစ်ခုချဖို့အတွက် သင်စုစည်းထားတဲ့အချက်အလက်တွေအပေါ်မှာ ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာပါပဲ။

၅။သင်ကောက်ချက်ချတာမှားတဲ့အကြောင်း သက်သေပြဖို့ကြိုးစားကြည့်ပါ။

တစ်ပါးသူတွေကထောက်ပြပါစေ။ ကိုယ့်ရဲ့ကောက်ချက်ချမှုဟာ မှန်ကန်တဲ့အကြောင်း သက်သေအခိုင်အလုံရှိတာတောင်မှ  တစ်ပါးသူတွေရဲ့အကြံကို ယူသင့်ပါတယ်။ ကိုယ့်မသိစိတ်ရဲ့ ဘက်လိုက်မှုကြောင့် မှားယွင်းနေပေမယ့်လည်း ကိုယ်လုပ်တာအမှန်ဆိုပြီး ထင်မှတ်သွားနိုင်ပါတယ်။

၆။ ဘယ်သူကမှ သင့်ရဲ့ ကောက်ချက်ချတာကို မငြင်းနိုင်ဘူးဆိုရင်တော့ သင်မှန်ကောင်းမှန်ပါလိမ့်မယ်။

လုံးဝကြီးမှန်တာတော့မဟုတ်ပါ။ ကွဲပြားမှုရှိနိုင်ပါတယ်။ အချက်အလက်သစ်တွေဟာ အမြဲတမ်းပေါ်ထွက်နေပါတယ် ။ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ သီအိုရီအချို့တောင် မှားယွင်းနေကြောင်း သက်သေပြခံခဲ့ရပါတယ်။ ဒါကို Musk က သိပ္ပံနည်းကျမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။

#wincts
#wincts_1Knowledge

Credit   >>>  Original Uploader

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်။
 

Related Posts