Myanmar House Logo

Myanmar House

Real Estate in Myanmar

BCC လူနေထိုင်ခွင့်မရသည့် တိုက်ခန်း ဝယ်သင့်လား

BCC လူနေထိုင်ခွင့်မရသည့် တိုက်ခန်း ဝယ်သင့်လား

BCC လူနေထိုင်ခွင့်မရသည့် တိုက်ခန်း ဝယ်သင့်လား ဆရာ
========================================
🇲🇲ZLA Law Firm
09986252417 
➡ မေး။  BCC လူနေထိုင်ခွင့်မရသေးသည့်တိုက်ခန်း ဝယ်ယူမည်ဆိုလျှင် ဘာဖြစ်နိုင်သလဲ ဆရာရေ။ ကျနော်ဝယ်ယူမည့် တိုက် ခန်းကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကတည်းက ပြီစီးပြီး နေထိုင်လာတာလည်း ၁၀ နှစ်ခန့် လောက်ရှိနေကြပါတယ်။ ယနေ့အ ချိန်ထိတော့ ဘာပြဿနာမှမရှိဘူး။ဝယ်သင့်လား။
🖋 ဖြေ။ ဘာမှ မဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ အဖြေက ရှင်းပါတယ်ဗျ။ သို့သော် ဥပဒေအရ ပြောရရင်တော့ “ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) မှာ ကော်မတီ၏ ခွင့်ပြု ချက် မရဘဲ ဝင်ရောက်နေထိုင် အသုံး ပြုလျှင် နေ့စဉ်ငွေဒဏ်ကျပ် (၁)သောင်း မှ (၅) သောင်းအထိ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဝင်ရောက်နေထိုင်တဲ့ကာလအပေါ် ဒဏ်ငွေ တပ်ရိုက်မှာဖြစ်ပါတယ်။ 
➡ မေး။ ဘာကြောင့် BCC လူနေထိုင်ရန်ခွင့်ပြုမိန့် မရတာလဲ။ 
🖋 ဖြေ။ အခွန်မဆောင်လို့ ဌာနက BCC ချမပေးတာ ရှိသလို၊ အချို့ကတော့ ဌာနကသတ်မှတ်ထားသည့် ခွင့်ပြုထားတဲ့အ တိုင်း မြေပြင်မှာ ဆောက်လုပ်ထားခြင်းမရှိလို့ BCC ချမပေးတာလဲ ဖြစ်နိုင်ပါတယ်။ 
➡ မေး။  BCC အတွက် အခွန်က ဘယ်လိုတွက်ချက်ကောက် ခံတာလဲ။ 
🖋 ဖြေ။ အိမ်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ အခွန်စည်း ကြပ်နှုန်းကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်ကစပြီး သတ် မှတ်ချက်ကို ပြောရရင် –
ပထမတန်းစား အာစီ ၈ ထပ်နှင့် ၁၅ ထပ်ထိမှာ တစ်စတုရန်းပေတွင် ငွေကျပ်သုံးသောင်းမှ ငါးသောင်း အထိ။
ပထမတန်းစား အာစီ ၈ ထပ် အောက်မှာတစ်စတုရန်းပေတွင် နှစ်သောင်းခွဲကျပ်။ 
ဒုတိယတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတု ရန်းပေတွင် နှစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။ 
➡ မေး။ BCC ရရှိဖို့ ဘယ်အချိန်ကာလမှာ လျှောက် ထားရမလဲ။ 
🖋 ဖြေ။ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ဥပဒေ – ပုဒ်မ (၇၇) မှာ မြို့တော် နယ်နိမိတ်အတွင်း အ ဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက် လုပ်ပြီးစီးပြီး နောက်ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံပြီးစီးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီသို့ တင်ပြရမည်။ ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ်ဆေးပြီး မူလခွင့်ပြုချက်နှင့်တကွ သက် ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်”
🇲🇲ZLA Law Firm
09986252417
Credit:
ဦးဇင်လင်းအောင်- ဥပဒေရေးရာ ဝန်ဆောင်မှု လုပ်ငန်း
https://www.facebook.com/permalink.php?story_fbid=pfbid02zcCTQnwFyCyQbJtHJuuK9oVz68aUmTa2Hzy4jPkZkHkVS2J97HZs2BZBCLy7XAi5l&id=100069838016415

Related Posts