Myanmar House Logo

Myanmar House

Real Estate in Myanmar

ပြတင်းပေါက် မှန်ဘောင်လေးတွေမှာ မျက်စိအေးစရာ အပင်လေးတွေ စိုက်ပျိုးမယ်

March 6, 2023 151 views
ပြတင်းပေါက် မှန်ဘောင်လေးတွေမှာ မျက်စိအေးစရာ အပင်လေးတွေ စိုက်ပျိုးမယ်

ကိုယ့်ဌာနေ ဝန်းကျင်မှာကွယ် တကယ်ကို အလှရှိတယ်" တဲ့။ အင်တာနက်ပေါ်က အိမ်ပုံစံလေးတွေပဲ နေချင့်စဖွယ် ချစ်စရာကောင်းနေတာ မဟုတ်ပါဘူး။ ကိုယ့်အိမ်၊ တိုက်ခန်းလေးဟာလည်း  ပြင်ပြင်ဆင်ဆင်လေး လုပ်လိုက်မယ်ဆိုရင် မြင်သူတိုင်း ငေးလောက်မယ့် အိမ်လေး ဖြစ်လာနိုင်ပါတယ်။ ထူးခြားတဲ့ အပြင်အဆင်လေး ဖြစ်စေဖို့ ပြင်ဆင်မယ်ဆိုရင် အစိမ်းရောင် စိမ်းစိုစို အပင်လေးတွေကို ပန်းပင်အိုးလေးတွေနဲ့ ဝရံတာ၊ ပြတင်းပေါက်ဘောင်တွေမှာ စိုက်ပျိုးကာ အလှဆင်ခြင်းကိုလည်း မေ့ထားလို့ မရဘူးနော်။ 

ဘယ်လိုစိုက်ပျိုးရမလဲ? 
ပြတင်းပေါက် ဘောင်ပေါ်မှာ တင်လို့ရမယ့် ပန်းအိုးလေးတစ်လုံးနဲ့ အမြစ်ပါတဲ့ အပင်တစ်ပင်သာ လိုပါတယ်။ ပြတင်းပေါက်ဟာ နေရောင်ခြည် ကောင်းစွာရပြီး အပူ၊ အအေးမျှတမှုရှိလို့ အပင်လေးတွေ ရှင်သန်လွယ်ပါတယ်။ နေရောင်ကောင်းကောင်းနဲ့ လေအဝင်အတွက် ကောင်းမွန်တဲ့ ပြတင်းပေါက်လေးတွေမှာဆိုရင် အိမ်တွင်းစိုက်ပျိုးတဲ့ ပန်းပင်လေးတွေက ပိုပြီးတော့ ရှင်သန် ဖွံ့ဖြိုးစေနိုင်ပါတယ်။ ဒါပေမယ့် အပူဒဏ် အတော်အသင့် ခံနိုင်တဲ့ အပင်လေးတွေကို ရွေးချယ်စိုက်ပေးသင့်ပါတယ်။ 


ချစ်စဖွယ် ပန်းအိုးဒီဇိုင်းလေးတွေ ထပ်ပေါင်းထည့်မယ်။ 
ပန်းပင်လေးတွေရဲ့ စိမ်းစိုစို အလှတရားကို ကူညီပံ့ပိုးပေးနိုင်တာကတော့ ချစ်စဖွယ် ပန်းအိုးဒီဇိုင်းလေးတွေပါပဲ။ ပန်းအိုးလေးတွေကို ဆိုင်ကဝယ်နိုင်သလို ကိုယ့်မှာရှိတဲ့ ပုံးလေးတွေဖြစ်စေ၊ ပန်းအိုးဟောင်းလေးတွေ ဖြစ်စေကို ကိုယ့်စိတ်ကြိုက် အရောင်လေးတွေ ရွေးချယ်သုတ်ပြီး decoration အနေနဲ့ အလှဆင်နိုင်ပါသေးတယ်။ 

အရေးကြီးဆုံး အချက်ကတော့ အပင်တွေ စိုက်ပျိုးဖို့ ရွေးချယ်တဲ့အခါမှာ ကျန်းမာသန်စွမ်းတဲ့ အပင်တွေကို သေချာ ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အပင်ဝယ်ရာမှာ အပင်ရဲ့ အကြောင်းကို သေချာရှင်းပြနိုင်ပြီး ယုံကြည်စိတ်ချရတဲ့ နေရာမျိုးကနေသာ ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။ ဒါ့အပြင် အပင်ရဲ့ ကျန်းမာသန်းစွမ်းမှု၊ အရွယ်အစား၊ အရွက်တွေရဲ့အခြေအနေ၊ ပင်စည်ရဲ့အနေအထား၊ အပင်ရဲ့အရောင်အသွေးနဲ့ သွင်ပြင်လက္ခဏာတွေကို သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။ အထူးသဖြင့် အရွက်တွေ ညိုမဲနေတာမျိုး၊ အရွက်တွေကြွေပြီး အဝါရောင်ပြောင်းနေတာမျိုး၊ ပိုးရောဂါ ကျနေတဲ့အပင်မျိုး၊ မြေက စိုထိုင်းဆ အရမ်းများနေတာမျိုး၊ ပင်စည်ပျော့ပျောင်းပြီး ပုံမှန်ထက်သေးနေတာမျိုး၊ ပင်စည်က ပုံမှန်မဟုတ်ဘဲ ရှုံ့တွနေတဲ့ အပင်မျိုးတွေဆိုရင် ရှောင်ရှားသင့်ပါတယ်။ အပင်တွေကို ပထမဆုံးအနေနဲ့ စပြီးစိုက်မယ် ဆိုရင်တော့ စိုက်ပျိုးပြုစုရတာလွယ်တဲ့ ကျိကျိတက်ဂမုန်း၊ ယောက္ခမလျှာ၊ ရွှေလာငွေလာစပ်ကြား စတဲ့အပင်တွေကို ရွေးချယ်ဝယ်ယူပြီး စိုက်ပေးသင့်ပါတယ်။ 

ဒါဆိုရင်တော့ ပြတင်းပေါက်နဲ့ ဝရံတာမှာ ပန်းပင်လေးတွေစိုက်ပြီး အလှဆင်နိုင်ပြီပေါ့။ 

Credit to original uploader

Related Posts