Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်မရောင်းခင် ဒါတွေဆင်ခြင်ပါ

March 8, 2023 113 views
အိမ်မရောင်းခင် ဒါတွေဆင်ခြင်ပါ

အိမ်ရောင်းတယ်ဝယ်တယ်ဆိုတာက သတိထားရမယ့်အချက်တွေများသလို စဉ်းစားဆင်ခြင်သင့်တာတွေလည်းများပါတယ်။ အိမ်ပြန်ရောင်းတော့မယ်ဆိုရင် ကိုယ့်အတွက်မနစ်နာဖို့၊ ဝယ်သူအတွက်လည်း တန်ရာတန်ကြေးနဲ့ထိုက်တန်တဲ့အိမ်မျိုးဖြစ်ဖို့ ပြုလုပ်ရမယ့်အချက်တွေရှိပါတယ်။ ဒီနေ့တော့ Shwe Property ရဲ့ စာဖတ်သူတွေအတွက် ကိုယ့်အိမ်ကိုပြန်ရောင်းတော့မယ်ဆိုရင် အမြန်ရောင်းထွက်စေဖို့နဲ့ ထိုက်တန်တဲ့စျေးရဖို့ လုပ်သင့်တဲ့အချက်တွေ၊သတိထားရမယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။ 

(၁) အိမ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအစုံ လက်ဝယ်ပိုင်ပိုင်ရှိပါစေ

အိမ်ရောင်းတော့မယ်ဆိုရင် ပါးစပ်ပြောနဲ့ အခန်းတွေပြ ၊စျေးကွက်တင်တာမျိုးမလုပ်ခင် ဒီအိမ်ကို ကိုယ်ပိုင်ဆိုင်တယ်ဆိုတဲ့အထောက်အထားစာရွက်စာတမ်းအပြည့်အစုံ လက်ထဲမှာရှိနေဖို့လိုပါတယ်။ ဒါကြောင့် စာရွက်စာတမ်းတွေပျောက်နေရင်အသစ်ပြန်လုပ်၊ ပြန်ရှာထားတာမျိုး လုပ်သင့်ပါတယ်။

(၂) အိမ်ကိုပြုပြင်ပါ 

အချို့အိမ်တွေက အချိန်ကြာလာတဲ့အခါ ယိုယွင်းနေတတ်ပြီး အချို့ကတော့ ဝယ်ပြီးမနေဖြစ်တာကြောင့် လူနေလို့အဆင်ပြေအောင် ပြင်ဆင်ရမယ့်အပိုင်းတွေရှိပါတယ်။ ဒါကြောင့် ကိုယ်ရောင်းမယ့်အိမ်ကို စျေးကောင်းရစေဖို့၊ စျေးအမြင့်ခေါ်နိုင်ဖို့အတွက် အိမ်ရဲ့လိုအပ်နေတဲ့နေရာတွေကို အဆင်ပြေအောင် ပြုပြင်တာမျိုးအရင်ဆုံးလုပ်သင့်ပါတယ်။

(၃) အိမ်စျေးကို စုံစမ်းပါ 

ကိုယ့်အိမ်က ဘယ်နေရာမှာရှိလို့ ဘယ်စျေးပေါက်မှန်းမသိဘဲ မဟုတ်တဲ့စျေးတွေခေါ်နေတဲ့အိမ်တွေလည်း တွေ့ဖူးကြမှာပါ။ အဲဒီအခါစျေးကွက်ထဲမှာ အဲဒီအိမ်ကို ရှောင်သွားကြတာကြောင့် နောက်ပိုင်း စျေးအမှန်ပြန်ခေါ်မယ်ဆိုရင်တောင်မှ ကိုယ်ခေါ်တဲ့စျေးရဖို့က ခဲယဉ်းသွားပါပြီ။ ဒါကြောင့် မရောင်းခင်ကတည်းက ပေါက်လောက်မယ့်စျေးကိုအရင်ဆုံးခေါ်ပြီး မှန်မှန်ကန်ကန်ရောင်းချဖို့လိုပါတယ်။ 



(၄) အိမ်ကို လာဘ်ပွင့်အောင်လုပ်ပါ 

ကိုယ်ရောင်းမယ့်အိမ်က စျေးကွက်ထဲမှာ သောင်တင်နေတာ၊ ဝယ်သူလာပေမယ့် စျေးမတည့်တာမျိုးတွေမဖြစ်အောင် အိမ်ကို ကျက်သရေတင်ဖို့၊ လာဘ်ပွင့်အောင်လုပ်ပေးဖို့လိုပါတယ်။ အိမ်နဲ့ပတ်သက်ရင် ဖုနးရွှေနည်းအရ အိမ်ကိုသန့်စင်တဲ့စွမ်းအင်တွေကိန်းအောင်းနေအောင် ဖုန်တွေအမှိုက်တွေရှင်းလင်ပေးတာမျိုး၊ အိမ်နံရံတွေကို လင်းချင်းတဲ့အရောင်ပြောင်းပေးတာမျိုးနဲ့အိမ်ထဲကို အလင်းရောင်တိုက်ရိုက်ဝင်နေအောင် မကြာခဏ တံခါးတွေဖွင့်ပေးထားတာမျိုး နေချင့်စဖွယ်ဖြစ်အောင်ပြင်ဆင်တာမျိုးတွေလုပ်ပေးထားလို့ရပါတယ်။ မြန်မာအယူဆိုရင်လည်း အိမ်ကို မွှေးကြိုင်သန့်ရှင်းနေအောင် ထားပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ 

(၅) ရှေ့နေကောင်းကောင်းအသိရှိအောင်လုပ်ပါ 

အရောင်းအဝယ်ကိစ္စတွေမှာ အဓိကအရေးကြီးတာက ပွဲစားတွေနဲ့ရှေ့နေတွေပါ။ ပွဲစားတွေက သူတို့ကိုယ်ကျိုးအတွက်ကြည့်ရင်းနဲ့မှ ကိုယ့်ကိုပါအကျိုးဖြစ်ထွန်းအောင်လုပ်ပေးမှာဖြစ်ပြီး ရှေ့နေတွေကတော့ ကိုယ့်ဘက်က လုံးလုံးရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နေအသိကောင်းကောင်းရှိအောင်လုပ်ထားသင့်ပါတယ်။ 

(၆) အိမ်ပိုင်ရှင်တွေသဘောတူညီချက်ရယူပါ 

အိမ်က ကိုယ်တစ်ဦးတည်းပိုင်တာမဟုတ်ဘဲ မောင်နှမပိုင်၊ မိသားစုပိုင်တွေဖြစ်နေခဲ့မယ်ဆိုရင် ဥပဒေအရ အိမ်ကိုပူးတွဲပိုင်ဆိုင်သူတွေအားလုံးရဲ့ သဘောတူညီချက််ကိုပါးစပ်ပြောတင်မဟုတ်ဘဲစာရွက်စာတမ်းနဲ့ ရအောင်လုပ်ထားရပါမယ်။ ကိုယ်က ရောင်းတဲ့နေရာမှာ တာဝန်ယူမယ့်သူဆိုရင် ကျန်တဲ့သူတွေအားလုံးရဲ့ Special Power လို့ ခေါ်တဲ့ အလုံးစုံပြောရေးဆိုခွင့်ရှိသူအဖြစ် အသိအမှတ်ပြုခံရတဲ့ စာရွက်စာတမ်းမျိုး လုပ်ထားရပါမယ်။ အိမ်ရောင်းပြီးတဲ့အခါလည်း ဘယ်သူက ဘယ်လောက်ခွဲဝေယူမယ်ဆိုတာမျိုးကို ကြိုတင်ညှိနှိုင်းသဘောတူညီထားသင့်ပါတယ်။ 

အခုပြောပြသွားတာကတော့ အိမ်ပိုင်ရှင်တွေအနေနဲ့ အိမ်မရောင်းခင်လုပ်ထားသင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ 


Credit to original uploader

Related Posts