Myanmar House Logo

Myanmar House

Real Estate in Myanmar

Control Panel ထဲက Recovery အကြောင်းအရာ အသုံးပြုနည်း

March 8, 2023 108 views
Control Panel ထဲက Recovery အကြောင်းအရာ အသုံးပြုနည်း

Control Panel ထဲက Recovery အကြောင်းအရာ အသုံးပြုနည်း
=============================================
ကွန်ပျူတာ သုံးစွဲတာ ကြာမြင့်လာတဲ့အခါ Window System Error ပြသနာတွေ ပေါ်လာတက်ပြီး ကွန်ပျူတာရဲ့ မြန်နှုန်းက နှေးကွေးလာတက် ပါတယ်။
ပြီးရင် ကွန်ပျူတာက ပုံမှန်သုံးစွဲလို့ မရဘဲ ခဏ ခဏ ရပ်တန့် နေတက်ပါတယ်။ အဲဒီအခါမျိုးမှာ Hard Disk ကို Format လုပ်ပြီး Windows System ကို ပြန်တင် ပေးရပါတယ်။ ပြန်တင်မယ်ဆိုရင်တော့ Windows System Recovery Control Panel ထဲက Recovery ကနေ ပြီး တင်ပေးရပါမယ်။
Recovery ကနေ Windows ပြန်တင်တဲ့အခါ System ပိုင်းကိုဘဲ တင်ပေးတာ ဖြစ်လို့ Data File တွေက အပြောင်းအလဲမရှိဘဲ ကျန်ရစ်နေမှာ ဖြစ်ပါတယ်။
လက်တွေ့လုပ်ကြည့်မည်ဆိုရင်တော့ Recovery နဲ့ Windows ပြန်တင်မယ်ဆို ရင် အရင်ဆုံး ဘယ် Program မှ မဖွင့်ဘဲ နဲ့ Windows တင်ပါ။
ပြီးရင် Control Panel ထဲ Recovery ကို ရွေးချယ်တစ်ချက်နှိပ်ပါ။
ထပ်မံပေါ်လာတဲ့ ပုံစံကွက်ထဲက Open System Restore ကို ရွေးချယ်နှိပ်ပါ။
နောက်ထပ်ပေါ်လာမည့် ပုံစံကွက်ထဲက Next ကိုနှိပ်ပါ။
ဆက်လက်ပေါ်လာတဲ့ ပုံစံကွက်ထဲမှာ နောက်ဆုံး Window Update လုပ်ခဲ့တဲ့ နေ့ရက်ကို ဖော်ပြနေမှာဘဲဖြစ်ပါတယ်။အဲဒီထဲက နောက်ဆုံး Update လုပ်ခဲ့တဲ့ နေ့ရက်နေရာကို ရွေးချယ်တစ်ချက်နှိပ်လိုက်ပြီး Next ကို ထပ်မံတစ်ချက် နှိပ်လိုက်ပါ။နောက်ထပ်ပေါ်လာမည့် ပုံစံကွက်ထဲက Finish ကို ရွေးချယ်နှိပ်လိုက်ပါ။အဲဒီအခါကျရင် Windows ကို ပြန်တင်နေမှာ ဖြစ်ပါတယ်။
လိုအပ်မှသာ Windows ကို ပြန်တင်သင့်ပါတယ်။

မိတ်ဆွေများအားလုံးရဲ့ ကွန်ပျူတာမှာ ပြသနာ ဖြစ်နေတာတွေကို Recovery ပြန်ပြီး Windows ပြန်တင်နိုင်ကြပါစေ။

Credit   >>>  Original Uploader

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts