Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်သော့တွေကို ရွှေဖြတ်ကပ်ကြေး (Bolt Cutter) နဲ့ ဖြတ်လို့မရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်း

March 9, 2023 184 views
အိမ်သော့တွေကို ရွှေဖြတ်ကပ်ကြေး (Bolt Cutter) နဲ့ ဖြတ်လို့မရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်း

အိမ်သော့တွေကို ရွှေဖြတ်ကပ်ကြေး (Bolt Cutter) တွေနဲ့ ဖြတ်လို့ မရအောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်း....

အသိတစ်ယောက်ရဲ့ ဆိုင်တော့ နံနက် လေးနာရီလောက်မှာ ဖောက်ထွင်းခံလိုက်ရပါတယ်။ အတော်ပါသွားပါတယ်။

ရွှေဖြတ်ကပ်ကြေးလို့ ခေါ်တဲ့ Bolt Cutter ဟာ သော့ခလောက်တွေကို ဖြတ်နိုင်ပါတယ်။ Bolt Cutter မှာ အသွားနှစ်ခုပါပါတယ်။ သော့ခလောက်မှာပါတဲ့ သံချောင်းကို အဲ့ဒီအသွားနှစ်ခုကြားထဲ မဝင်နိုင်အောင် ပုံမှာပြထားတဲ့အတိုင်း ဝါရှာ နဲ့ နပ်တွေကို မိမိသော့ခလောက် အရွယ်ပေါ်မူတည်ပြီး ထည့်သွင်းအသုံးပြုကြည့်ပါ။ အဓိက က သော့ခလောက်အတွင်းကို Bolt Cutter ထည့်လို့မရအောင် ဝါရှာနဲ့ နပ်တွေခံပေးလိုက်တာပါပဲ။

နောက်တစ်ချက်အနေနဲ့ သော့ခလောက်ကို မြင့်နိုင်သလောက် အမြင့်မှာ ခတ်ပါ။ Bolt Cutter ဟာ Leverage ခေါ် ကုတ်အား၊ မောင်းတံအပေါ် တည်ပါတယ်။ လက်နှစ်ဖက်ကို အားကုန်သုံးရတဲ့အတွက် ခါးအမြင့်လောက်မှာ ကုတ်အားအကောင်းဆုံးဖြစ်ပြီး မြင့်လေ ကုတ်အားနည်းလေဖြစ်ပါတယ်။

အရည်အသွေးမြင့်တဲ့ သော့ခလောက်ကိုသုံးပါ။ သံကြိုးမသုံးပါနဲ့။ ဖြတ်ရတာ ပိုလွယ်ပါတယ်။ အကောင်းဆုံးကတော့ လူစောင့်ထားနိုင်ရင် ပိုကောင်းပါတယ်။

ဒီရွှေဖြတ်ကပ်ကြေးကြီးတွေက အကုန်နီးပါး ကိုက်ဖြတ်နိုင်နေတော့ အလွယ်ဖျက်ဝင်လို့ ခိုးလို့ရနေတယ်.. အဲ့တော့ ခုနောက်ပိုင်း ခြံတံခါးတွေ သော့တွေကို ပြီးစလွယ် အသေး အပါးလေးတွေ လုပ်လို့မရတော့ဘူး.. ဒီကပ်ကြေးဒဏ်ခံနိုင်တဲ့ အရွယ်အစားလုပ်ရမယ်။

Credit: original uploader

Related Posts