Myanmar House Logo

Myanmar House

Real Estate in Myanmar

Screen Resolution

March 14, 2023 152 views
Screen Resolution

Screen Resolution
==============
Screen တွေမှာရှိတဲ့ resolutionတွေဖြစ်တဲ့ 720p, 1080p, 1440p, 2K, 4K နဲ့ 8K စတာတွေကတစ်ခုနဲ့တစ်ခု ဘာကွာသလဲ?
Resolution ဆိုတာကို screen တစ်ခုမှာရှိတဲ့ pixel စုစုပေါင်း ရဲ့အရေအတွက်လို့သုံးရင်မှားပါတယ်။ အမှန်တကယ်မှာတော့ resolution ဆိုတာ တစ်ယူနစ် area မှာရှိတဲ့ pixel အရည်အတွက်ကိုပြောတာပါ။ နောက်ထပ်တစ်ခုဖြစ်တဲ့ PPI (pixel per inch) ဆိုတဲ့ တာကတော့ pixel လေးတွေဘယ်လောက်သိပ်သိပ်သည်းသည်းရှိနေသလဲဆိုတာကိုပြတဲ့ အတိုင်းအတာဖြစ်ပါတယ်။ Resolution တွေမှာ p နဲ့ I ဆိုပြီးတော့ နောက်ဆုံး စာလုံးနှစ်မျိုးကို သင်မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်။ P ကတော့ progressive display ကိုပြောတာဖြစ်ပြီးတော့ I ကတော့ interlaced display ကိုပြောတာပါ။ သူတို့နှစ်ခုရဲ့ကွာခြားချက်ကတော့ ရုပ်ပုံတွေကို ဖန်သားပြင်ပေါ်မှာ ပြတဲ့နည်းလမ်းပါ။
High-definition TV တွေ monitor တွေစထွက်တဲ့ အချိန်မှာတော့ ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို အသုံးပြုသူတွေအလွယ်သိရှိအောင်ဆိုပြီးတော့ 720p, 1080p, 1440p, 2K, 4K နဲ့ 8K ဆိုပြီးတော့ အဲ့ဒီ screen တွေရဲ့ display resolution တွေကို အလွယ်နည်းနဲ့ ဖော်ပြလာပါတော့တယ်။ ဒီလိုဖော်ပြတဲ့နေရာမှာ TV တွေရော computer monitor တွေရောကိုပါ ဖော်ပြကြပါတယ်။
Resolution ကို အလျားအလိုက် စီထားတဲ့ pixel အရေအတွက်နဲ့ ဒေါင်လိုက် စီထားတဲ့ pixel အရေအတွက် များရဲ့ မြှောက်လဒ်များ အဖြစ်ဖော်ပြပါတယ်။ ဥပမာ အနေနဲ့ဆိုရင်တော့ 640 x 480 = 307200 pixels ။
720p = 1280 x 720 – ကို HD သို့ “HD ready” resolution လို့သိရှိကြပါတယ်။
------
1080p = 1920 x 1080 - ကိုတော့ FHD ဒါမှမဟုတ် "Full HD" resolution ဖြစ်ပါတယ်။
------
1440p = 2560 x 1440 - ကိုတော့ QHD ဒါမှမဟုတ် Quad HD resolution လို့လူသိများပါတယ်။ ဒီလို screen တွေကိုတော့ gaming monitor တွေနဲ့ high-end ဖုန်းတွေမှာတွေ့ရတတ်ပါတယ်။ 1440p ဟာ HD သို့ “HD ready” resolution ရဲ့ 4 ဆဖြစ်ပြီးတော့ တချို့ premium ဖုန်းတွေမှာဆိုရင် 2960x1440 Quad HD+ resolution နဲ့တောင်မှ လာကြပါတယ်။
------
4K or 2160p = 3840 x 2160 -ကိုတော့ 4K, UHD or Ultra HD resolution လို့လူသိများပြီး premium TV တွေနဲ့ monitor တွေမှာ တွေ့ရတတ်ပါတယ်။ ဒီကောင့်ကို 4K လို့ခေါ်ရတဲ့ အကြာင်းကတော့ သူ့ရဲ့ အကျယ်က 4000 pixels နားကပ်နေလို့ပါ။ 1080p FHD or "Full HD." ရဲ့ pixel အရေအတွက်ထက် 4ဆ ပိုများပါတယ်။
------
8K လည်းရှိပါသေးတယ်။ 8K ကတော့ pixel 7680 x 4320 ရှိပါတယ်။
.
.
ကိုယ့် screen မှာရှိတဲ့ resolution ထက်ပိုတဲ့ video တွေကိုကြည့်လို့ရပါ့မလား?
========
ရပါတယ်။ သင့် screen က 720p ပဲရှိတယ်လို့ ဥပမာဆိုကြပါဆို့။ သင်ဟာ 1080p ရှိတဲ့ video တစ်ခုကို ကြည့်လို့ရပါတယ်။ သင့် display ဟာ downsampling ဆိုတဲ့နည်းပညာကိုသုံးပြီးတော့ သင့် resolution နဲ့ကိုက်ညီအောင် video resolution ကိုလိုက်ညှိပေးမှာဖြစ်ပါတယ်။ အဲ့ဒီတော့ သင့်မှာ 720p ပဲရှိပြီးတော့ 4K video ကိုကြည့်လည်း သင်က 720p ကိုပဲမြင်ရမှာဖြစ်ပါတယ်။
သင့်မှာ ရှိတဲ့ resolution ?
=======
http://whatismyscreenresolution.net/ ဆိုတဲ့ အင်တာနက် စာမျက်နှာကို သွားရောက်ခြင်းအားဖြင့် သင့် screen resolution ကိုသိရှိနိုင်မှာဖြစ်ပါတယ်။ တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ အလွယ်ဆုံးနဲ့ အမြန်ဆုံးကို ဖော်ပြထားတာဖြစ်ပါတယ်။
ဖတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ရေးတာကျန်သွားတာတွေရှိရင် comment ပေးပေးပါ။ စာလုံးပေါင်း အမှားတွေ၊ typoတွေပါသွားရင် သည်းခံပေးပါ။
By - zer0eXploit
Credit….Easterncomputer မှ ကူးယူဖော်ပြလိုက်ပါသည်။

Credit.photo

လေးစားစွာဖြင်
NayLinHtet (အိုင်တီလမ်းညွှန်)

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts