Myanmar House Logo

Myanmar House

Real Estate in Myanmar

ရုံးခွန် နှုန်းထားများ

ရုံးခွန် နှုန်းထားများ

ရုံးခွန် နှုန်းထားများ
----------------------------
- ကျူးကျော်သူအား နှင်ထုတ်စေလိုမှု တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
- ကုန်ဖိုးငွေရလိုမှု / ချေးငွေရလိုမှု / ငွေရလိုမှု တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
- စာချုပ်စာတမ်းပြင်ဆင်ပေးစေလိုမှု တောင်းခံသည့် တန်ဖိုး ပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
- စာချုပ်စာတမ်းပယ်ဖျက်ပေးစေလိုမှု စာချုပ်တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
(အကျိုးဆက်သက်သာခွင့်အား ခံစားနိုင်သည်)
- စာချုပ်စာတမ်းလက်ရောက်ရလိုမှု စာချုပ်တန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
(အကျိုးဆက်သက်သာခွင့်အား ခံစားနိုင်သည်)
- စာရင်းရှင်းပေးစေလိုမှု ဆိုလွှာတန်ဖိုးအပေါ် 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
- ကွာရှင်း ပြတ်စဲပေးစေလိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
- မွေးစားခြင်းပယ်ဖျက်ပေးစေလိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
- မွက်ဟကြေငြာပေးစေလိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်)
- ကွာရှင်း ပစ္စည်းခွဲ စေလိုမှု တရားလိုရသင့်သည့် တန်ဖိုး 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
မယားခေါ်လိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်) 
- အခွင့်အမိန်ရ နေထိုင်သူအား နှင်လိုမှု ပုံသေရုံးခွန် (၁၀၀၀ ကျပ်) 
(ပုံသေရုံးခွန်များသည့် ရုံးခွန်ဥပဒေ ဇယား (၂) အပိုဒ် ၁၇ (၆) အရ သတ်မှတ်ပါသည် ။
- အမွေပုံစီမံခန့်ခွဲပေးစေလိုမှု တရားလိုတောင်းဆိုသည့်သက်သာခွင့်အပေါ် တန်ဖိုး 0.5% (အများဆုံးတန်ဖိုး ငါးသိန်း)
(ရုံးခွန်ဥပဒေ ဇယား (၁) အပိုဒ် -၁ အရ သတ်မှတ်ပါသည် )
- အမွေဆက်ခံပိုင်ခွင့်လက်မှတ် ရမယ့် ငွေ 5%(ဘဏ်ဥပဒေအရ အခွန်ကင်းလွတ်ခွင့် အား ဘဏ်မှ တောင်းခံ လျှင် အခွန်ကင်းလွတ်ခွင့်ရရှိနိုင်သည်)
- တရားမအယူခံတက်မည်ဆိုလျှင်မူလရုံးတွင် ထမ်းဆောင်ခဲ့သည့်အခွန် နှုန်းထားတိုင်း ရုံးခွန်ထမ်းဆောင်ရပါမည် ။ 
- တရားမပြင်ဆင်မှု တက်မည်ဆိုလျှင် မူလအမှုတန်ဖိုး သိန်းတစ်ရာအောက်ဆိုလျှင် ရုံးခွန် တစ်သောင်း ကျပ် တစ်ရာနှင့်အထက် ရုံးခွန် နှစ်သောင်းကျပ်အား ထမ်းဆောင်ရပါမည် ။
- မြို့နယ်အဆင့်သို လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း ငါးဆယ်ကျပ်အား ထမ်းဆောင်ရပါမည် ။
ခရိုင်အဆင့်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၊ ဒေသ သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း တစ်ရာကျပ်အား ထမ်းဆောင်ရပါမည် ။
တိုင်း/ ပြည်နယ်/ ကောင်စီ အဆင့် သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း နှစ်ရာကျပ်အား ထမ်းဆောင်ရပါမည်။
ဗဟိုအဆင့် နှင့် ညွန်ကြားမှုဦးစီးဌာနအဆင့် သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း သုံးရာကျပ်အား ထမ်းဆောင်ရပါမည် ။ 
ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ လျှောက်လွှာတင်မည်ဆိုပါက ရုံးခွန်တံဆိပ်ခေါင်း ငါးရာကျ့ပ်အား ထမ်းဆောင်ရပါမည် ။ 
- တားဝရမ်း ထုတ်ပေးခြင်း၊ ဝရမ်းခွာပေးရန်လျှောက်ထားခြင်း ၊
မြို့နယ် ၅၀ ကျပ်
ခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၀၀ ကျပ် 
တိုင်း၊ ပြည်နယ်၊ကောင်စီ၊ ၂၀၀ ကျပ်
ဗဟို၊ညွန်ကြားမှုဦးစီးဌာန ၃၀၀ ကျပ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၅၀၀ ကျပ်
Credit

Related Posts