Myanmar House Logo

Myanmar House

Real Estate in Myanmar

Laptop Lid (Laptop ၏ အပေါ်အဖုံးကို) လက်ကဘယ်လိုကိုင်ပြီး လှန်တတ် သုံးရန်ဖွင့်တတ်လေ့ရှိလဲ

March 16, 2023 126 views
Laptop Lid (Laptop  ၏ အပေါ်အဖုံးကို) လက်ကဘယ်လိုကိုင်ပြီး လှန်တတ် သုံးရန်ဖွင့်တတ်လေ့ရှိလဲ

Laptop Lid (Laptop  ၏ အပေါ်အဖုံးကို) လက်ကဘယ်လိုကိုင်ပြီး လှန်တတ် သုံးရန်ဖွင့်တတ်လေ့ရှိလဲ

Laptop အသုံးပြုဖို့ Laptop Lid (Laptop Display/ Screen ရှိတဲ့အပေါ်ဘက်ကအဖုံး) ကိုလှန်တဲ့အချိန် အဖုံးဘက်ကိုင်ထားတဲ့လက်က Camera/ Webcam နေရာကနေ လက်ကိုဖိဖိပြီးမလှန်သင့်ပါ ညာဘက် ဘယ်ဘက် ခပ်ဝေးဝေးကကိုင်ပြီးမှ လှန်ဖွင့်သင့်ပါတယ် Laptop Camera မှာ Privacy Shutter ပါတဲ့အမျိုးအစားတွေဆို ခလုတ်ကြောင်တာ Camera Error ဖြစ်တာကြုံရတတ်ပါတယ် Laptop Screen ၏ ဘောင်တွေက NanoEdge တို့ Narrow bezel (အရမ်းပါးပါးလေး ဘေးဘောင်ကျဉ်းကျဉ်း ဘေးဘောင်သေးသေး) တို့ Bezel-less တို့ Frameless (ဘောင်ပျောက်) တို့စသဖြင့် Thin & Light, Ultra Thin ပါးပါး ပေါ့ပေါ့လေးဆိုတဲ့ Design ဘက်ခေတ်စားလာ ထုတ်လုပ်လာတယ် Laptop Chasis အောက်ဘက် Hardware အစိတ်အပိုင်းထည့်တဲ့ Body ကိုယ်ထည်အပိုင်းရော Laptop Lid အပေါ်ဘက် Screen ရှိတဲ့အပိုင်းရော Thin & Light ပါးပါး ပေါ့ပေါ့ (ပေါ့ပါးတဲ့) Design ဘက် ဦးစားပေးလာလို့ Laptop Bag အိတ်ထဲထည့်ချိန် အပေါ်က အခြားအရာဝတ္တုပစ္စည်းတွေရောထည့်ပြီးဖိမိနေတာ Screen/ Display ရှိတဲ့နေရာတွေအားနှင့်ဖိတာ လက်နှင့်ဖျစ်တာ သိပ်မလုပ်သင့်ပါ အလင်းပေါက်တာတို့ကင်မရာ Error ဖြစ်တာတို့တွေ့ရတတ်လို့ပါ

ချစ်ခင်စွာဖြင့်
Zaw Myint Oo
ZMO Online Training

Crd:

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts