Myanmar House Logo

Myanmar House

Real Estate in Myanmar

ကြက်သွန်ဖြူ ကူနိုင်သမျှ

March 16, 2023 124 views
ကြက်သွန်ဖြူ ကူနိုင်သမျှ

အိမ်တိုင်းမှာ အခြေခံစားသောက်ကုန်အနေနှင့် မရှိမဖြစ်ဆောင်ထားကြရသည့် အရာများစွာရှိပါသည်။ ထိုအရာများမှာ ဆန်၊ဆီ၊ဆား၊ငရုတ်၊ ကြက်သွန်အဖြူအနီ၊မန်ကျီးသီး၊ဂျင်းစသဖြင့် အများအပြားရှိပါသည်။

သုံးတတ်လျှင်ဆေးဖြစ်သော ပစ္စည်းများကြီးဖြစ်နေသည်။ဒီအထဲကမှ ကြက်သွန်ဖြူအကြောင်းလေးကို ဗဟုသုတ အလို့ငှာ ရှာဖွေတင်ပြလိုက်ရပါသည်။

Garlic ခေါ် ကြက်သွန်ဖြူကို ရုက္ခဗေဒအနေနှင့် (Allium sativum) လို့ခေါ်ကြောင်းသိရပါသည်။မှတ်တမ်းအရ ရုရှားနိုင်ငံဆိုက်ဘေးရီးယားတွင် BC ၅၀၀၀ လောက်မှာစတင်အသုံးပြုခဲ့ကြောင်းသိရပါသည်။ထို့နောက် မြေထဲပင်လယ်သို့ ရောက်ရှိခဲ့ပြီး BC ၃၀၀၀ လောက်တွင် တရုတ်သို့ရောက်ရှိခဲ့ကြောင်းသိရသည်။ အချို့ကလည်း ကြက်သွန်ဖြူသည် အာရှတိုက်တွင်ပေါက်ရောက်သော အပင်ဖြစ်ပြီး နှစ်ပေါင်း ၄၀၀၀ လောက်တွင် ဥရောပသို့ပြန့်နှံ့သွားခဲ့ကြောင်း လည်းဆိုကြသည်။

ယခုအခါတွင် ကြက်သွန်ဖြူကို ရာသီဥတုမရွေး နေရာတိုင်းပေါက်ရောက်ရှင်သန်အောင် စိုက်ပျိုးနေနိုင်ပြီလည်း ဖြစ်သည်။စိုက်ပျိုးသည့်နိုင်ငံများ၏ ရေမြေကိုလိုက်ပြီး အရွယ်အစားကွာခြားမှုရှိသော်လည်း ဥတစ်လုံးပဲဖြစ်ဖြစ်၊ အမွှာများစွာပါသည့် ဥဖြစ်ဖြစ် ဆေးဖက်ဝင်မှုအာနိသင်သည် အတူတူပင်ဖြစ်ကြောင်းသိရသည်။

ကြက်သွန်ဖြူသည် အခွံမခွာဘဲ အလုံးအတိုင်းဆိုလျှင် အနံ့မရသော်လည်း အနည်းငယ်ဖိပြီးမှ အခွံကိုခွာလိုက်မည်ဆိုလျှင် စူးရှသည့် အနံ့ထွက်လာပါသည်။ ကြက်သွန်ဖြူ၏ ဆဲလ်(Cell)အတွင်းတွင် အယ်လင်န်(Allin) ဆိုသည့်ဓာတ်ပေါင်းနှင့် Allinase ဆိုသည့် အင်ဇိုင်း သူ့အကန့်နှင့်သူ သီးခြားပါဝင်နေပြီး ဖိလိုက်၊လှီးလိုက်၊ ဝါးလိုက်သည့်အခါတွင် ထိုဆဲလ်လေးများ ပေါက်ကွဲသွားပြီး လေထဲက အောက်စီဂျင်အကူအညီနဲ့ ဓာတ်ပြု ပြောင်းလဲစေပြီး Allicin လို့ခေါ်သည့် Sulfur ပါဝင်တဲ့ ဒြပ်ပေါင်းဖြစ်လာပြီး ထိုဒြပ်ပေါင်းမှာ အငွေ့ပျံလွယ်သည့် ဆီတစ်မျိုး(Volatile oil)ကိုရရှိကြောင်း၊ အဆိုပါဒြပ်ပေါင်း မှာ လေတွင်ပြန့်လွင့်သည့်အခါ စူးရှသည့် အနံ့ကိုဖြစ်စေကြောင်းသိရသည်။အဆိုပါ ဓာတ်ပြောင်းလဲမှုကြောင့် ဖြစ်လာသည့် ပစ္စည်းသည်သာ ဆေးဖက်ဝင်ကြောင်း၊အနံ့ပြင်းလေ ဆေးဖက်ဝင်လေဖြစ်ကြောင်းလည်းသိရသည်။

အချို့ ကြက်သွန်ဖြူအနံ့ကို ကြောက်သဖြင့် အမွှာကို ဆေးသောက်သကဲ့သို့ မကိုက်မဝါးဘဲသောက်ကြသည်။ အစာအိမ်အတွင်းတွင် အောက်စီဂျင်မရသဖြင့် ဒြပ်ပေါင်းအဖြစ် မပြောင်းလဲနိုင်ဘဲ ဆေးဖက်ဝင်သည့် အကျိုးကို ရရှိနိုင်မှာမဟုတ်ကြောင်း သိရသည်။လတ်ဆတ်သည့် ကြက်သွန်ဖြူကို အခွံနွှာပြီး နည်းနည်းချင်းဝါးစားမှသာလျှင် ဆေးဖက်ဝင်အာနိသင်ကို အပြည့်အဝရမည်ဖြစ်ကြောင်းသိရသည်။

ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခြင်းဖြင့်-

 

-နှလုံးသွေးကြောတွေ ပုံမှန်ဖြစ်စေခြင်း

-ရောဂါပိုးမွှားတွေကိုကာကွယ်ပေးခြင်း

-ဆီးချိုရောဂါအတွက် အထောက်အကူဖြစ်ခြင်း

-ကိုယ်ဝန်အဆိပ်တတ်ခြင်းမှ ကာကွယ်ခြင်း

-ပန်းသေပန်ညှိုးရောဂါကာကွယ်ပေးခြင်း

-ကင်ဆာရောဂါတို့ကိုကာကွယ်ပေးခြင်း

-ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း စသည့်အကျိုးကျေးဇူးမျာကိုရရှိနိုင်ကြောင်း ဒေါက်တာခင်မောင်လွင်၏ သဘာဝအစားအစာနှင့်ကျန်းမာရေးစာအုပ်အရ သိရသည်။

 

ကြက်သွန်ဖြူအစွမ်းနှင့်ပတ်သက်၍ -

-သန့်စင်မှုပေးနိုင်ခြင်း၊ပိုးမွှားများကိုသေစေနိုင်ခြင်း၊ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ခွန်အားကိုတိုးပွားစေခြင်း၊ သန်ကောင်များ ကိုကျစေခြင်း၊ချောင်းဆိုးခြင်းကို သက်သာစေခြင်း၊ရူမဲတစ်ရောဂါနှင့်ဂေါက်နာတို့ကို သက်သာစေကြောင်းသိရသည်။

-သွေးစုခဲခြင်း၊သွေးတိုးရောဂါ၊ခန္ဓာကိုယ်အတွင်းအပြင်နာ၊ဆီးချိုရောဂါ၊အအေးမိချောင်းဆိုးရောဂါ၊ကင်ဆာ ရောဂါ၊ခေါင်းရိုးလှိုဏ်ခေါင်းနာ၊အဆုတ်ပြွန်နာများအတွက်လည်း ကြက်သွန်ဖြူသည်အထောက်အကူ ဖြစ်စေ ကြောင်းသိရသည်။

-ကြက်သွန်ဖြူသည် သလိပ်ကိုရွှင်စေခြင်း၊ပန်းနာကိုသက်သာစေခြင်း၊သည်းခြေနှင့်အူများအတွက် အထောက်အကူဖြစ်စေခြင်း၊ဝမ်းရောဂါပိုးများ၊အူထဲရှိ သန်ကောင်တုတ်ကောင်များကိုကျစေကြောင်းလည်း သိရသည်။

ကြိတ်ခြေထားသော ကြက်သွန်ဖြူ တစ်မွှာ၊နှစ်မွှာကို နွားနို့(သို့မဟုတ်)လိမ္မော်ရည်တို့တွင်ထည့်သောက်ပါက သန်ကောင်တုတ်ကောင်များကို သေစေသည်။

ကြက်သွန်သွန်ဖြူ ၁၅ မွှာခန့်ကိုထောင်း၍ လိမ်မ္မော်ရည်တွင်တစ်ညစိမ်ကာ တစ်နေ့(၃)ဇွန်းသောကပေးခြင်းဖြင့်သန်ကျစေကြောင်း၊ကလေးများအတွက် ကြက်သွန်ဖြူသန်ချဆေးအဖြစ်သုံးလိုလျှင် နွားနို့ထဲ ကြက်သွန်ဖြူ ထောင်းထည့် ကာ (၁၀)မိနစ်ခန့်ကြိုပြီး ကလေးကို ၁ခွက်လောက်တိုက်ပေးခြင်းဖြင့် သန်ကျစေကြောင်း သိရသည်။

ကြက်သွန်ဖြူသည် အဆိပ်အတောက်များကို သန့်စင်ပေးနိုင်စွမ်းရှိပြီး ယူရစ်အက်စစ်ကို ချေဖျက်ပေးနိုင်ခြင်း ကြောင့် အဆစ်နာရောဂါများအတွက် အထူးကောင်းမွန်ကြောင်းဆိုသည်။

ကြက်သွန်ဖြူရည်သည်ဝမ်းကိုက်ရောဂါ၊ကာလဝမ်း၊စကာဗီ(ခေါ်)ဗီတာမင်စီချို့တဲ့ခြင်း၊ဝမ်းလျောခြင်း၊လိပ်ခေါင်း၊ အကြောထုံး၊ကျောက်ကပ်နှင့်သည်းခြေရောဂါများ၊ဝမ်းချုပ်ခြင်း၊အစာအိမ်ရောဂါ၊ခံတွင်းပျက်ခြင်း၊ ချောင်းဆိုး ရောဂါ၊ရင်ကျပ်ပန်းနာရောဂါ၊အသံနာ၊လန့်ခြင်း၊အကြောက်လွန်ခြင်း၊နှလုံးတုန်ခြင်း၊ခေါင်းကိုက်ခြင်းတို့က်ို အထူးပင်သက်သာစေကြောင်း၊ ချောင်းဆိုး၊အသံနာ၊အဆုတ်ပြွန်နာများအတွက် ကြက်သွန်ဖြူကို နွားနို့ထဲတွင် နာရီပေါင်းများစွာစိမ်ထားကာ သောက်ခါနီးတွင် ပျားရည်(သို့မဟုတ်)လိမ်မ္မော်ရည် တစ်မျိုးမျိုးနှင့် ရောသောက် ပါက အထူးသက်သာကောင်းမွန်စေကြောင်း ဆိုထားသည်။

Credit: Original Uploader

Related Posts