Myanmar House Logo

Myanmar House

Real Estate in Myanmar

CPU ရွေးချယ်တဲ့အခါမှာ i3, i5, i7 သိယုံနဲ့ မလုံလောက်ဘူးနော်။ နာမည်နံပါတ်အပြည့်အစုံကိုဖတ်ပြီး ဘယ်လိုအဓိပ္ပာယ်ရှိတာဆိုတာ အကြမ်းမျဉ်းနားလည်သင့်ပါတယ်။

March 17, 2023 256 views
CPU ရွေးချယ်တဲ့အခါမှာ i3, i5, i7 သိယုံနဲ့ မလုံလောက်ဘူးနော်။ နာမည်နံပါတ်အပြည့်အစုံကိုဖတ်ပြီး ဘယ်လိုအဓိပ္ပာယ်ရှိတာဆိုတာ အကြမ်းမျဉ်းနားလည်သင့်ပါတယ်။

CPU ရွေးချယ်တဲ့အခါမှာ i3, i5, i7 သိယုံနဲ့ မလုံလောက်ဘူးနော်။ နာမည်နံပါတ်အပြည့်အစုံကိုဖတ်ပြီး ဘယ်လိုအဓိပ္ပာယ်ရှိတာဆိုတာ အကြမ်းမျဉ်းနားလည်သင့်ပါတယ်။

✅ Intel®Core™ i7-1065 G7 ဆိုတဲ့နာမည်မှာဆိုရင် i7 အနောက်ကကပ်ရက် 10 ဆိုတာ 10th Generation ကိုပြောတာဖြစ်ပြီး 65 ဆိုတာကတော့ အဆင့်မြှင့်တင်ထားတဲ့ SKU (Stock Keeping Unit) နံပါတ်ပဲဖြစ်ပါတယ်... SKU နံပါတ်မြင့်လေလေ နောက်ဆုံးပေါ်ဖြစ်လေလေပါပဲ။
⚠️ ဒါပေမယ့်လည်း အမျိုးအစားမတူတဲ့ CPU ကိုတော့ SKU နံပါတ်နဲ့ နှိုင်းယှဉ်လို့မရပါဘူး။

✅ CPU Generation ကိုရေးတဲ့အခါမှာ 10th Generation CPU တွေကစလို့ ဂဏန်း (၂)လုံးပြောင်းသွားပေမယ့် Generation အနှိမ့်တွေမှာတော့ ဂဏန်း (၁)လုံးပဲဖြစ်ပြီး SKU နံပါတ်က ဂဏန်း (3)လုံးနဲ့ရေးပါတယ်။
⚠️ For Example ↔️ Intel®Core™ i7-9750H

💁‍♂️ နာမည်တွေ၊ နံပါတ်အပြည့်အစုံတွေရဲ့ နောက်မှာပါတဲ့ အက္ခရာကလည်း သူ့အဓိပ္ပါယ်နဲ့သူရှိပါတယ်။

▪️G1-G7 က ဂရပ်ဖစ်နည်းပညာသစ်ကို ရည်ညွှန်းတာဖြစ်ပြီး ပုံရိပ်ရည်အသွေးအမြင့်စားတွေသုံးမယ့်သူတွေအတွက်ပိုသင့်တော်ပါတယ်။
▪️E ဆိုတာက Embedded ဖြစ်ပြီး ပါဝါစားတာလျော့ကျစေပါတယ်။
▪️F ကတော့ Requires discrete graphics ဖြစ်တဲ့ Graphic တစ်ပါတည်းမပါလာဘူး။ Graphic Card သပ်သပ်စိုက်ဖို့လိုပါတယ်။
▪️G ကတော့ ဂရပ်ဖစ်တစ်ပါတည်းပါတဲ့ အမျိုးအစားပါ။
▪️H ကတော့ High performance ကို ရည်ညွှန်းပါတယ်။ ပါးလွှာပြီးသယ်ယူရလွယ်တဲ့အပြင် စွမ်းဆောင်ရည်ကောင်းတယ်ဆိုတဲ့ Laptop CPU ဖြစ်ပါတယ်။
▪️HK ကတော့ စွမ်းဆောင်ရည်ကောင်းတဲ့အပြင် unlocked လုပ်လို့ပါရပါတယ်။
▪️K သီးသန့်ကတော့ unlocked အဓိပ္ပါယ်ပါ။
▪️S က Special Edition အထူးထုတ်
▪️T က Power-optimized lifestyle ပါတဲ့။ ပါဝါစားသက်သာစေချင်တဲ့သူတွေအတွက် ပိုသင့်တော့ပါတယ်။
▪️U က လည်း ပါဝါစားတာသက်သာစေတဲ့ Laptop မှာအသုံးပြုတဲ့ CPU ပါ။
▪️Y ကတော့ Laptop မှာ ပါဝါမစားအောင်အထူးလုပ်ဆောင်ထားတဲ့ CPU ဖြစ်ပါတယ်။

✅ အကြမ်းမျဉ်းမှတ်နိုင်တာက စွမ်းဆောင်ရည်ကောင်းလေလေ ပါဝါပိုစားလေဖြစ်ပါတယ်။ ပုံမှန်လောက်ပဲသုံးပြီး ဘက်ထရီကြာကြာသုံးချင်တဲ့သူတွေအတွက်ကတော့ ပါဝါစားသက်သာတဲ့အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

ယခုဖော်ပြထားသော အကြောင်းအရာသည် #𝗦𝘆𝗻𝗻𝗲𝘅_𝗠𝘆𝗮𝗻𝗺𝗮𝗿_𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸_𝗣𝗮𝗴𝗲 မှ ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါတလ် …

#လေးစားစွာဖြင့်
🅲🆁🅴🅳🅸🆃

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts