Myanmar House Logo

Myanmar House

Real Estate in Myanmar

လိုင်စင်မြေအား ‌မြေငှားစာချုပ် လျှောက်ထားဖို့ ဘယ်လိုသတ်မှတ်ချက်တွေ ရှိသလဲ။

March 21, 2023 193 views
လိုင်စင်မြေအား ‌မြေငှားစာချုပ် လျှောက်ထားဖို့ ဘယ်လိုသတ်မှတ်ချက်တွေ ရှိသလဲ။

လိုင်စင်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ်-၃ဝ၊ ၃၄ တို့အရ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေး ထားသော မြေကိုဆိုသည်။

လိုင်စင်မြေအား မြေငှားစာချုပ် ရရှိရန်အလို့ငှာ လက်ရှိ လိုင်စင်အမည်‌ပေါက်သူ သို့မဟုတ် လိုင်စင် (၃) နှစ် သက်တမ်း ချထားခြင်းခံရသူ သို့မဟုတ် လိုင်စင်သက်တမ်းအား (၁)နှစ် တစ်ကြိမ်ဖြင့် (၃) နှစ်ဆက်တိုက် သက်တမ်း တိုး ရရှိသူသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သို့ လိပ်မူပြီး လျှောက်ထားနိုင်သည်။

ယင်းကဲ့သို့ လျှောက်ထားရာတွင် လျှောက်ထားသူသည် ဌာနမှ သတ်မှတ်ထားသည့် လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ရမည့်အပြင် လိုင်စင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ ပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ ချမှတ်သော တရားရုံးအမိန့် ဒီကရီ၊ မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ‌ပြေစာနှင့် မြေရာဇဝင် အစရှိသည်တို့ကို ပူးတွဲ တင်ပြရမည် ဖြစ်ပါသည်။

Credit Original Uploader

Related Posts