Myanmar House Logo

Myanmar House

Real Estate in Myanmar

ကြံ့ခံပြီး အသုံးဝင်သော မိတ္တူကူးစက်ဝယ်ဖို့ မဝယ်ခင်သတိထားရမယ့်အချက်လေးများ။

March 23, 2023 196 views
ကြံ့ခံပြီး အသုံးဝင်သော မိတ္တူကူးစက်ဝယ်ဖို့ မဝယ်ခင်သတိထားရမယ့်အချက်လေးများ။

ကြံ့ခံပြီး အသုံးဝင်သော မိတ္တူကူးစက်ဝယ်ဖို့ မဝယ်ခင်သတိထားရမယ့်အချက်လေးများ။
========================================================
မိတ္တူကူးစက်ဟာ ကုမ္ပဏီရုံးခန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့စက်ကိရိယာဖြစ်တဲ့အတွက်ကြောင့် မိတ္တူစက်ဝယ်တဲ့အခါမှာ အကြမ်းခံပြီး အားကိုးလို့ရနိုင်မယ့်စက် မျိုးဖြစ်ဖို့လိုအပ်ပါတယ်။ သို့မဟုတ်ရင်တော့ လုပ်ငန်းမသွင်ပဲ စိတ်ဒုက္ခတွေနဲ့ပဲကြုံတွေ့နေရမှာအမှန်ပါပဲ။ ဒါကြောင့် စက် မဝယ်ခင်မှာအောက်ကပြောမယ့်အချက်လေးတွေကိုတော့ သတိရစေချင်ပါတယ်။ 
Brand နာမည်အမျိုးစားစွဲပြီးတော့ မိတ္တူစက်လိုက် မဝယ်ဖို့တော့အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုခေတ်မိတ္တူစက်အများစုဟာ ခြေခံလုက်ဆောင်နိုင်တဲ့စွမ်းရည်တွေ တော်တော်များများတူကြပါတယ်။ လူတွေအများစုပြုလုပ်တတ်တဲ့အမှားကတော့ ကိုယ့်ခေါင်းထဲမှာစွဲနေတဲ့ Brand နာမည်ကိုပြေးဝယ်ကြတာများတယ်။ ဒီလို Brand နာမည်စွဲပြီးလိုက်ရှာရင် ဖြစ်တတ်တဲ့ဆိုးကျိုးတွေကတော့ မလိုအပ်ပဲဈေးကြီးကြီးပေးဝယ်ခြင်း၊ မင် နှင့် အပိုပစ္စည်းကုန်ကျစရိတ်တွေ မလိုအပ်ပဲပိုကုန်ရခြင်း စသည်ဖြင့် ဆိုးကျိုးတွေအများစုနှင့်ကြုံရတတ်ပါတယ်။ 
မိတ္တူစက် မဝယ်ခင် သိသင့်သိထိုက်တဲ့အချက်အလတ်တွေကို ကြိုတင်ပြင်ဆင်မှုလုပ်ရပ်ဟာ အလွယ်အရေးကြီးပါတယ်။ ကိုယ်သွားဝယ်မယ့်ဆိုင်ရောက်ရင် မေးချင်တဲ့မေးခွန်းလေးတွေကို ကြိုပြင်ဆင်ထားခြင်းဖြင့် ဆုံးဖြတ်ချက်ချတဲ့အခါမှာ အထောက်ကူပြုနိုင်ပါလိုက် မယ်။
မိတ္တူစက်ဝယ်ရန် စတင်မစုံစမ်းခင် ကိုယ့်သုံးမယ့်ငွေပမာဏကို ကြိုပြီးသိရှိဆုံးဖြတ်ထားသင့်ပါတယ်။ ဒီလိုသိခြင်းအားဖြင့်လည်း စက်စုံစမ်းရှာဖွေခြင်းအတွက် အချိန်ကုန်ပိုသက်သာစေနိုင်ပါတယ်။
မိတ္တူစက်ပိုင်ဆိုင်သည့် အသိမိတ်ဆွေများနှင့် တွေ့ဆုံမေးမြန်းတိုင်ပင်အကြံတောင်းသင့်ပါတယ်။ သူတို့ရဲ့အတွေ့အကြုံ သို့မဟုတ် စက်တွေမှာဖြစ်တတ်တဲ့ပြဿနာ၊ ပြုပြင်ထိန်းသိမ်းစရိတ် စသည်ဖြင့် အကြံတောင်းသင့်ပါတယ်။
စက်ဝယ်မယ့်ဆိုင်ရွေးချယ်တဲ့အခါမှာလည်း အဲဒီဆိုင်တွေရဲ့သမိုင်းကြောင်းကိုလေ့လာပါ။ တာဝန်ယူမှု တာဝန်ခံမှု ရှိမရှိ၊ ကိုယ်နဲ့ရေရှည်လက်တွဲပြီးအလုပ်လုပ်နိုင်လား၊ စက်ပြင်ဆရာတွေရဲ့ကျွမ်းကျင်မှု စသည်ဖြင့် ကိုယ်ဝယ်မယ့်ဆိုင်အကြောင်းကို သေချာလေ့လာသင့်ပါတယ်။ ဒီအချက်လေးတွေကိုတော့ မိတ္တူစက် မဝယ်ခင် ကြိုတင်သိထားသင့်တယ်။ အသုံးဝင်မယ်ထင်ရင် အားလုံးသိအောင် Share လိုက်ကြပါအုံး။

Credit…. Greenway+technology မှ ကူးယူဖော်ပြလိုက်ပါသည်။

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts