Myanmar House Logo

Myanmar House

Real Estate in Myanmar

ရဲစခန်းသွားရင် ဘယ်လိုတိုင်ကြားရမလဲ...

March 28, 2023 542 views
ရဲစခန်းသွားရင် ဘယ်လိုတိုင်ကြားရမလဲ...

ရဲစခန်းသွားရင်
ဘယ်လိုတိုင်ကြားရမလဲ
သိချင်ကြသူများအတွက်
ဖော်ပြပေးလိုက်ပါတယ်။

ပထမသတင်းပေးတိုင်တန်းချက်
First information report

ပထမသတင်းပေး အစီရင်ခံချက်ရှေ့ဘက်မျက်နှာတွင် ဇယားကွက်များ တွေ့ရှိရမည်ဖြစ်သည်။ အဆိုပါဇယား ကွက် များတွင် လိုအပ်သလို ဖြည့်သွင်းထား သည်များကို တွေ့ရမည်ဖြစ်သည်။

-       အမှုဖြစ်မြို့နယ်
-       ရဲစခန်း
-       အမှတ်စဉ်
-       အမှုဖြစ်ပွားသည့်နေ့ရက်နှင့်နာရီ
-       အစီရင်ခံသည့်နေ့ရက်နှင့်နာရီ
-       တိုင်တန်းသူအမည်
-       အဖအမည်နှင့်နေထိုင်ရာအရပ်
-       အမှုဖြစ်ပွားရာနေရာ
-       ရဲစခန်းမှသတင်းပေးချက်မိတ္တူပို့သည့်နေ့ရက်နှင့်နေရာ
-       အမှုစစ်အရာရှိအမည်
-       အမှုစွဲတင်ခြင်းအတွက်စွဲချက်အမှတ်နှင့်နေ့စွဲ
-       တရားခံအမည်
-       အဖအမည်
-       မှတ်ပုံတင်အမှတ်နှင့်နေထိုင်ရာအရပ်( တရားခံတစ်ဦးချင်းအတွက် )
-       အမှုအကြောင်းအရာအကျဉ်းချုပ်။

   ( ၁ ) ပုဒ်မ ( ၂ ) ယူဆောင်သွားသည့်ပစ္စည်း ( ၃ ) လုပ်ဆောင်ပုံအကြောင်း ရင်း ( ၄ ) အသုံးပြုသည့် အရာဝတ္တု၊ ရဲစခန်းရည်ညွှန်းစသည်တို့ပါရှိသည်။

  ပထမသတင်းပေးချက် အစီရင်ခံစာ၏ သက်ဆိုင်ရာဇယားကွက်တွင် ဥပဒေပုဒ်မအပြင် ပြစ်မှုအမျိုးအစားကို အကျဉ်းချုပ်အားဖြင့် ဖော်ပြထားသည်။ ပြစ်မှုကျူးလွန်သည်ဟု မသင်္ကာဖြစ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၄ အရ ဖမ်းဆီးကြောင်းရေးသွင်းထားရမည်။

ပထမသတင်းပေးချက် မှတ်ပုံတင်ပုံစံသက်ဆိုင်သည့် ဇယားကွက်တွင် ( နိုင်ငံ တော်အစိုးရ) ကို သတင်းပေး သူအဖြစ် မရေးသွင်းရပေ။ သတင်းပေးသူသည် အစိုးရအရာရှိဖြစ်ပါက အမည်နှင့်ရာထူးကို ရေးသွင်းရသည်။ ( မြန်မာနိုင်ငံတော်ရဲလက်စွဲ၊ ဒုတိယတွဲ၊ အဋ္ဌမပုံနှိပ်၊ စာပိုဒ် ၁၄၂၀၊ စာ ၁၈၉ ) ။

တရားခံ၊ တရားလို ( သို့မဟုတ် ) သက်သေသည် သေရည်သောက်စားထားကြောင်း သက်သေခံချက်ရှိသည့် အမှုအားလုံး၏ ပထမ သတင်းပေးချက် မှတ် ပုံတင်စာရွက်ထိပ်တွင် မင်နီနှင့်  အရက်  ဟု ရေးမှတ်ရသည်။ ( မြန်မာနိုင်ငံရဲလက်စွဲ၊ ဒုတိယတွဲ၊ အဋ္ဌမပုံနှိပ်၊ စာပိုဒ် ၁၄၂၂၊ စာ ၁၈၉)။

အမှုတိုင်ကြားရာတွင် အချို့က ကိုယ်တိုင် စာနှင့်တိုင်ကြားသည်လည်းရှိပါ သည်။

စာရေး၍တိုင်ပါက ယင်းတိုင်စာကို ပထမသတင်းပေး တိုင်ကြားချက် ပုံစံတွင် ကူးဖြည့်ရသည်။ ထို့နောက် ပထမ သတင်းပေးတိုင်ကြားချက် ပုံစံနှင့်အတူ ပူး တွဲထားရသည်။

အမှုစွဲတင်သည့်အခါ ရေးသားတိုင်ကြားသည့် မူရင်းတိုင်စာပါပူးတွဲ၍ ထည့်သွင်းရပေသည်။

( ဦးကျော်ဇေယျ ၊ ပြစ်မှုအမှုတွဲတစ်ခုတွင်ပါဝင်သောကြန်အင်လက္ခဏာများနှင့် ယင်းတို့၏အရေးပါမှုများ၊ စာ ၁၃ ) ။ #DVBLawLab

Related Posts