Myanmar House Logo

Myanmar House

Real Estate in Myanmar

Smart TV Box/Digital Media Player များရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့သူ #Apple

April 3, 2023 171 views
Smart TV Box/Digital Media Player  များရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့သူ #Apple

Smart TV Box/Digital Media Player  များရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့သူ #Apple
-----------------------------------------------------
အခုလက်ရှိသုံးနေတဲ့Smart TV Box/ Netwok Media Player Console တွေရဲ့ စဦးတီထွင်မှုတွေထဲမှာ Apple ဟာ ရှေ့ဆောင်လမ်းပြအနေနဲ့ ပါဝင်ခဲ့ပါတယ်။ 
-
အဲဒါကို ခိုင်ခိုင်မာမာ သက်သေပြစရာ အများကြီးရှိပါတယ်။
လက်ရှိ တကမ္ဘာလုံးမှာ အသုံးပြု နေတဲ့ Android Box တွေအပါအဝင် Smart TV Box Player အများစုရဲ့  Design ဟာ Apple ရဲ့ ဖခင်ကြီး Steeve Jobs ရဲ့ Design တွေ လွှမ်းမိုးနေတာကြောင့်ပါ။
1996 ခုနှစ်မှာ အားနည်းနေတဲ့ Apple ကို ပြန်လည်ပူးပေါင်းခဲ့တဲ့ Steeve Jobs ဟာ ကမ္ဘာကိုတုန်လှုပ်ဖွယ်ရာကောင်းတဲ့ Design နဲ့ Quality အသားပေး  iMac Computer တွေကို ထုတ်လုပ်ပြီး Mac Platform ကို ခိုင်ခန့်အောင်တည်ဆောက်ခဲ့ပါတယ်။ ပြီးတော့ Macbook ဆိုတဲ့ ပါးလွှာမာကျောပြီးစွမ်းဆောင်ရည်မြင့်တဲ့  Laptop တွေကို ထုတ်လုပ်ခဲ့သလို တကမ္ဘာလုံးက အံ့အားသင့်အောင်ရောင်းအားကောင်းခဲ့တဲ့ Ipod ဆိုတဲ့ အိပ်ဆောင် Music Player တွေ ကို တီထွင်ခဲ့ပြန်ပါတယ်။ ဖုန်းလောကကို လွှမ်းမိုးဖို့ အတွက်လည်း Iphone ဆိုတဲ့ ဘက်စုံထိတွေ့မျက်နှာပြင်  Multi Touch Screen သုံး စမတ်ဖုန်းတွေကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်ထဲမှာ ရွေးချယ်စရာအမျိုးအစားအနည်းဆုံးနဲ့ ဈေးကွက်အကြီးဆုံးဖုန်းအမျိုးအစားအဖြစ် နံပတ် (၁) ဖြစ်ခဲ့တာ အားလုံးအသိပါ။
Animation လောကကို လွှမ်းမိုးနိုင်ဖို့ Pixer Animation Studio ကို တည်ထောင်ခဲ့ပြီး ကမ္ဘာကျော်ကာတွန်းရုပ်ရှင်တွေကို Disney နဲ့ပူးပေါင်း ရိုက်ကူးခဲ့ပါသေးတယ်။ ပြီးတော့ Apple TV Media က ထုတ်တဲ့ ရုပ်သံစီးရီးတွေနဲ့ ရုပ်ရှင်ကားတွေဟာလည်း ကမ္ဘာကျော်နေပါတယ်။  
Apple ဟာ Portable Media Player လောကမှာ Ipod ထုတ်ကုန်တွေနဲ့ တခြား Player အားလုံးကို လွှမ်းမိုးခဲ့ပြီး‌နောက်မှာ Network Media/Streaming  Player Console တွေကို Apple TV  နာမည်နဲ့ ၂၀၀၇ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။
Apple TV 2007 First Gen  ဟာ Pentium Processor ကို အသုံးပြုထားပြီး Nvidia Geforce Graphic နဲ့ 
Wifi/HDMI Graphic ကို အသုံးပြုထားသလို သိုလှောင်ယူနစ်အနေနဲ့ 40GB HDD ပါဝင်ပါတယ်။ Ipod Touch  Music Player ကနေလည်း Remote အဖြစ်ထိန်းချုပ်နိုင်ပါတယ်။ (နောက်ပိုင်းမှာ Iphone 1st Gen ကနေလည်း Remote အဖြစ်အသုံးပြုခဲ့ပါတယ်။) 
၂၀၀၇ ခုနှစ်က အသုံးပြုခဲ့တဲ့ Apple TV ရဲ့ လေးထောင့်ကျကျ ‌ဘောင်ကွေး ဒီဇိုင်းကတောင်မှ ယနေ့ခေတ် Smart TV Box များနဲ့ Android TV Box များကို လွှမ်းမိုးနိုင်တာတွေ့ရပါတယ်။ Remote Control ဒီဇိုင်းက အစပါ။
Digital Audio Out/Wifi/Lan နဲ့ HDMI တို့နဲ့ အခြေခံတည်ဆောက်ထားတဲ့ Apple TV တစ်လုံးရဲ့ ပုံမှန်  I/O စနစ်ဟာ လက်ရှိ Smart TV Box အားလုံးမှာ တရားဝင်ချမှတ်ထားတာမဟုတ်တဲ့ စံနှုန်းတစ်ခုဖြစ်နေပါတယ်။ 
Apple ဟာ Apple TV ကို ၂၀၀၇ ခုနှစ်ကနေစပြီး လက်ရှိအချိန်အထိ ထုတ်လုပ်ဆဲပါ။ နည်းပညာမူပိုင်ခွင့်တွေကြီးစိုးတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ  အကောင်းဆုံး Streaming Player အဖြစ် အသုံးပြုကြပါတယ်။ Apple TV 4K ကိုတော့  Apple TV ထုတ်ပြီး ၁၀ နှစ်ပြည့်တဲ့ ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၂ ကထုတ်လုပ်ခဲ့တဲ့ Apple TV 3rd Generation ဟာ ၂၀၂၁ အောက်တိုဘာအထိ Apple TVOS 8.0 ကို Update ပေးဆဲပါ။ အခပေး IPTV တွေ/အခပေးNetwork Streaming Service တွေရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် Apple ဟာ Update ပိုင်းနဲ့ Security ပိုင်း အပြင် Reliable ဖြစ်မှုမှာ ထိပ်ဆုံးမှာရှိပါတယ်။ Apple ဟာ ၎င်းရဲ့ Apple TV တွေအတွက် Apple TV+ Streaming Service ကို ဖြန့်ချိခဲ့ပြီး Apple ကိုယ်တိုင်ထုတ်လုပ်တဲ့ ရုပ်သံစီးရီးတွေကို ထည့်သွင်းထားခဲ့ပါတယ်။
-
Steeve Jobs ရဲ့ ကမ္ဘာကျော် စိတ်ကူးတွေထဲက တစ်ခုဖြစ်တဲ့ Apple TV ဟာ အခုဆိုရင် သက်တမ်း ဆယ့်ငါးနှစ် ရှိခဲ့ပါပြီ။ အောင်မြင်မှုတွေလည်းများစွာရခဲ့ပြီး Smart TV Box တွေ Network Media Player တွေရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် Apple ဟာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

Credit...Yan Naing

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts