Myanmar House Logo

Myanmar House

Real Estate in Myanmar

အွန်လိုင်းမှာ အကျပ်ကိုင်ခြိမ်းခြောက်သူတွေကို လွတ်မြောက်ခွင့်မပေးပါနဲ့

April 3, 2023 107 views
အွန်လိုင်းမှာ အကျပ်ကိုင်ခြိမ်းခြောက်သူတွေကို လွတ်မြောက်ခွင့်မပေးပါနဲ့

အွန်လိုင်းမှာ အကျပ်ကိုင်ခြိမ်းခြောက်သူတွေကို လွတ်မြောက်ခွင့်မပေးပါနဲ့

သင်နေ့စဉ်သုံးစွဲနေသည့် ဖေ့စ်ဘွတ်ခ်၊  ဗိုက်ဘာ   အပါအဝင် အင်တာနက်လူမှုကွန်ရက်ပေါ်မှ   လိင်ပိုင်းဆိုင်ရာ   ခြိမ်းခြောက် ခြင်းဖြစ်စေ၊ ငွေညှစ်တောင်းခံ ခြင်းဖြစ်စေ၊ ကိုယ်တိုင်ကြုံတွေ့ ဖူးပါသလား။  အကယ်၍ သင် ကိုယ်တိုင်လိင်ပိုင်းဆိုင်ရာ  ခြိမ်း ခြောက်ခြင်း၊    ငွေညှစ်ခြင်းခံရ ပါက  မည်ကဲ့သို့  ဖြေရှင်းလုပ် ဆောင်မည်နည်း။

မြန်မာနိုင်ငံတွင်ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာအပါအဝင် အင်တာနက် မှရာဇဝတ်မှုကျူးလွန်သူများအ တွက် ထိရောက်စွာအရေးယူရန် ဆိုက်ဘာလုံခြုံရေးဥပဒေမရှိသေး ဘဲ အင်တာနက်ကိုအသုံးပြုကာ ဥပဒေမဲ့ပြုလုပ်ခြင်းကို မည်ကဲ့သို့ ဟန့်တားကာကွယ်မလဲဆိုသည့် မေးခွန်းမှာ ပြည်သူများအကြား အဖြေမရှိ ထိတ်လန့်နေဆဲအနေ အထားသာဖြစ်သည်။ အထူးသ ဖြင့် မြန်မာမိန်းကလေးများအ တွက် ဖြစ်သည်။

လက်ရှိအချိန်အထိ အွန် လိုင်းတွင် အမျိုးသမီးများအား ခြိမ်း ခြောက်အကျပ်ကိုင်နေသူများကို ဖမ်းဆီးအရေးယူနိုင်သည့်ဖြစ်စဉ် တစ်ခုမျှမရှိသေး။ အွန်လိုင်းမှ နှစ်ဦးသဘောတူချိန်းဆိုပြီး ဖြစ် ပွားခဲ့သည့် မှုခင်းများသာရှိခဲ့ သည်။ ယင်းအဓိပ္ပာယ်က လူ သတ်လုယက်မှုနှင့်ဗီဒီယိုရိုက်ကူး ဖြန့်ချိသည့်မှုခင်းမျိုးမှလွဲ၍ ယခု ဖြစ်ပွားနေသည့် ခြိမ်းခြောက်အ ကျပ်ကိုင်မှုများမှာ လွတ်မြောက် နေဆဲဖြစ်သည်။

လွန်ခဲ့သည့်တစ်နှစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်တွင် အင်တာနက်မှချစ် ကြိုက်နေသူမိန်းကလေးကို သတ် ဖြတ်ကာ ပိုက်ဆံနှင့်ရွှေထည်များ ယူဆောင်ထွက်ပြေးမှုဖြစ်ပွားခဲ့ သည်။ ယင်းဖြစ်ရပ်တွင် သေဆုံး သွားသည့် မိန်းကလေးနှင့်တရားခံ သည် ဗိုက်ဘာမှချစ်ကြိုက်နေသူ များဖြစ်သည်ဟု မင်္ဂလာဒုံမြို့မရဲ စခန်းမှ အရာရှိတစ်ဦးကပြော ကြားခဲ့သည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်က လည်း မကွေးမြို့တွင် ကုမ္ပဏီအ ရာရှိတစ်ဦးသည် လက်အောက်ဝန်ထမ်းစာရေးမနှင့် အတူတကွနေထိုင်ခဲ့ပြီး စာရေးမက အဆိုပါအရာရှိ၌   မယားကြီးရှိသည်ကို သိချိန်၌ အဆက်အသွယ် ဖြတ်ခဲ့သည်။  ယင်းကြောင့်  ၎င်းကစာရေးမနှင့်အတူနေထိုင်ခဲ့သည့် ဓာတ်ပုံများကို အင်တာနက်ပေါ် တင်ခဲ့၍ အမှုဖြစ်ခဲ့ကာ အထောက်အထားခိုင်မာသောကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

အမျိုးသမီးငယ်အများစု သည် အင်တာနက်တွင် ၎င်းတို့၏ ပုံများကို အခြားသူများကရယူကာ ညစ်ညမ်းဝက်ဘ်ဆိုက်များ၌ဖုန်း နံပါတ်များနှင့် အတူတင်ထားခဲ့ သည့်အတွက် ဂုဏ်သိက္ခာကျ ဆင်းရကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲ သူ မချမ်းအေးမြက ပြောကြား သည်။

‘‘ရည်ရွယ်ချက်ရှိလို့လုပ်တာ လား၊ မသိလို့လားတော့ နားမ လည်ဘူး။ ညဘက်ဆက်လိုက်ကြ တယ်။ ပထမတော့ရှင်းပြမိတယ်။ နောက်ပိုင်း ထပ်ဆက်ရင်ရဲတိုင် မယ်ပြောမှထပ်ပြီး မဆက်တော့ တာ။ နောက်နေ့ရုံးကသူငယ်ချင်း က နင့်ဖုန်းနံပါတ်ကြီးကို မ ကောင်းတဲ့ဆိုက်မှာတွေ့တယ်။ ပုံ ကတော့ တခြားမိန်းကလေးပုံတင် ထားတယ်ပြောတယ်။ တိုင်ချင် ပေမယ့် ဘယ်မှာတိုင်ရမှန်းမသိလို့ ဖုန်းကို ငါးရက်လောက်ပိတ်ထား ရတယ်’’ဟု  ၎င်းတွေ့ကြုံမှုကို ပြောသည်။

မြန်မာနိုင်ငံတွင်     ကျပ် ၁,၅၀၀ ဖြင့်ဆက်သွယ်ရေးဆင်းမ် ကတ်ကို လွယ်ကူစွာဝယ်ယူနိုင် ချိန် ၂၀၁၄ နှစ်လယ်ပိုင်းမှစ၍ လူ တိုင်း၏လက်ထဲတွင် စမတ်ဖုန်း ကိုယ်စီနှင့် တစ်ဦးနှင့်တစ်ဦး မြင် တွေ့ဖူးခြင်းမရှိသော်လည်း ဆက် သွယ်ပြောဆိုနိုင်သည့် အင်တာ နက်လူမှုကွန်ရက်များပေါ် ရောက်ရှိကုန်ကြသည်။

လက်ရှိတွင် အင်တာနက်မှ နည်းပညာအသုံးပြုကာ အသက် အန္တရာယ်ခြိမ်းခြောက်ခြင်းနှင့် ငွေ ကြေးတောင်းခံခြင်းများအတွက် ကာကွယ်တားဆီးရန် ရဲတပ်ဖွဲ့ များနှင့် နည်းပညာကျွမ်းကျင်သူ များက ဖြေရှင်းရန်လေ့လာနေဆဲ အဆင့်သာရှိသေးကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

‘‘အင်တာနက်ပေါ်ရောက်ပြီ ဆိုရင် သုံးတဲ့သူကိုယ်တိုင်က အ တွေ့အကြုံ၊ အသိတရားရှိနေဖို့ အရေးကြီးတယ်။ လာပြီးခြိမ်း ခြောက်လာတဲ့သူကို မကြောက်ဖို့ လိုတယ်။ ကြောက်တာက အား ပေးအားမြှောက်လုပ်တာနဲ့  တူ တယ်။ အသိအမှတ်မပြုဘဲထား ပြီး ပြတ်ပြတ်သားသား Block သင့်တယ်’’ဟု Online Security Manager ကိုအိမောင်ကအကြံ ပြုသည်။

ယခုအချိန်တွင် အဆိုပါ လိင်ပိုင်းဆိုင်ရာစော်ကားသည့် တိုင်ကြားမှုမျိုး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းမရှိသော်လည်း ဖေ့စ် ဘွတ်ခ်နှင့်ဗိုက်ဘာတို့မှတစ်ဆင့် ခြိမ်းခြောက်ငွေညှစ်သူရေးပို့ထား သည့်စာများကို မိမိဖုန်း (သို့မ ဟုတ်) ကွန်ပျူတာတွင်မှတ်သား ထားပြီး သက်ဆိုင်ရာမြို့နယ်ရဲစ ခန်းများသို့    သွားရောက်တိုင် ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး ကပြောကြားထားသည်။

‘‘မြန်မာနိုင်ငံမှာတော့ အင် တာနက်မှုခင်းထောက်လှမ်းရေး အဖွဲ့ဆိုပြီး သီးခြားဖွဲ့စည်းထား တာတော့မရှိသေးဘူး။ ဒါပေမဲ့ ဆက်သွယ်ရေးကိရိယာတွေသုံး ပြီး ခြိမ်းခြောက်မယ်၊ ငွေညှစ်မယ် ဆိုရင်တော့ ထောက်လှမ်းလို့ရပါ တယ်။ ဒီလိုနည်းပညာတွေ ထောက်လှမ်းဖို့အတွက်လည်း နည်းပညာတွေရှိပါတယ်’’ဟု ၎င်း ကပြောကြားသည်။

လိင်ပိုင်းဆိုင်ရာနှင့်ငွေကြေး တောင်းခံခြိမ်းခြောက်မှုပြုလုပ်သူ အများစုသည် မိန်းကလေးများကို ပစ်မှတ်ထားလေ့ရှိပြီး ဖေ့စ် ဘွတ်ခ်သုံးစွဲသူမိန်းကလေးများ အနေဖြင့်လည်း မိမိအားသူငယ် ချင်းဖြစ်ရန် ကမ်းလှမ်းမှု (Friend Request) တိုင်းကို လက်မခံသင့် တဲ့ သေချာစိစစ်ပြီးမှ လက်ခံသင့် ကြောင်း Online Marketing Manager ကိုခွန်နေကသုံးသပ် ပြောကြားသည်။

‘‘မိန်းကလေးတွေက အရမ်း ပေါ်ပြူလာဖြစ်ချင်ကြတယ်။အဲဒါ ပြဿနာပဲ။ ကိုယ့်ကိုလာအက်ဒ် တဲ့သူက Profile Picture တင် ထားရဲ့လား။  ပြီးတော့ သူ့ရဲ့ Timeline ကိုကြည့်မယ်။ Mutual Friend ကိုကြည့်မယ်။ သေချာစိ စစ်ပြီး   လက်ခံရင်တော့ ခြိမ်း ခြောက်ခံရတာတွေ၊ လိင်ကိစ္စအ ကြမ်းဖက်မှုတွေ   ဖြစ်လာမှာမ ဟုတ်ဘူး’’ဟု၎င်းကဆိုသည်။

အမျိုးသမီးငယ်အများစုမှာ မိမိတို့အလှရိုက်သည့်ဓာတ်ပုံများ Like များများရရန် ဖေ့စ်ဘွတ်ခ် ပေါ်တွင်တွေ့ရှိသည့် မည်သူ့ကိုမ ဆိုလက်ခံပြီးနောက် ၎င်းတို့၏ ဓာတ်ပုံများသည် ညစ်ညမ်းဝက်ဘ်ဆိုက်များတွင် အသုံးပြုခံရလေ့ရှိ ကြောင်း အင်တာနက်ဆိုင်ဖွင့်လှစ် ထားသူ ကိုထက်နိုင်ကပြောကြား သည်။

ပြီးခဲ့သည့်ရက်ပိုင်းက လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်တွင်မြန် မာမိန်းကလေးအများစု မျှေ၀ (Share) ထားသည့်ပို့စ်တစ်ခုရှိ သည်။ ယင်းပို့စ်မှာ အင်တာနက် တွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရ လျှင် ကာကွယ်ရန်နည်းလမ်းအ ချို့ဖြစ်သည်။ နည်းလမ်းခုနစ်ခုကို ဖော်ပြထားခြင်းဖြစ်သည်။

(၁) ခြိမ်းခြောက်သူကို လုံး၀ အကြောင်းမပြန်ပါနှင့်။ (၂) ခြိမ်း ခြောက်သည့် Message များကို Screenshot ရယူသိမ်းဆည်းထား ပါ။ (၃) ခြိမ်းခြောက်အကျပ်ကိုင် သူကို ချက်ချင်း Block ပါ။ (၄) မိတ်ဆွေသူငယ်ချင်းများနှင့် တိုင် ပင်၍ အကူအညီရယူပါ။ မိတ် ဆွေများအနေနှင့် ခြိမ်းခြောက်အ ကျပ်ကိုင်သည့် Message များကို အဆင့်ဆင့်မ Share သင့်ပါ။ခြိမ်း ခြောက်သူကို အားပေးရာရောက် ပါသည်။ အခြားနည်းလမ်းများ ဖြင့်သာ ကူညီသင့်ပါသည်။ ခြိမ်း ခြောက်သူကို သက်သေများသိမ်း ဆည်းထားကြောင်း၊ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြော နိုင်ပါသည်။ ဝိုင်း၍ Report လုပ် နိုင်ပါသည်။ (၅)ခြိမ်းခြောက်အ ကျပ်ကိုင်သူကို Report လုပ်ပါ။ ဖေ့စ်ဘွတ်ခ်အကောင့်သိလျှင် Facebook ကို Report လုပ်ပါ။ ဖုန်းနံပါတ်သိလျှင် သက်ဆိုင်ရာ ဖုန်းအော်ပရေတာကိုဆက်သွယ် ပြီးတိုင်ပါ။ (၆) သက်သေများပေး ပို့၍ ရဲတိုင်ပါ။ ရဲမတိုင်လျှင် ဘာမှ လုပ်မရပါ။ မိမိနှင့်အတူ တခြား ခြိမ်းခြောက်အကျပ်ကိုင်ခံရသူ များ တိုင်ပါများလာလျှင် ရဲတပ်ဖွဲ့ လည်းငြိမ်နေလို့ရတော့မည်မ ဟုတ်ပါ။ ဖေ့စ်ဘွတ်ခ်ရှိရဲတပ်ဖွဲ့ များနှင့် အစိုးရပိုင်းတာဝန်ရှိသူ များ၏ Page များသို့ ပေးပို့တိုင် တန်းခြင်းလည်း ပြုလုပ်သင့်ပါ သည်။ (၇) မိမိကိုယ်တိုင်ကလည်း ကောလာဟလများဖြန့်ဝေခြင်း၊ တစ်ဦးတစ်ယောက်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း စသည့် Cyber Bully အပြုအမူများကို ရှောင်ရှား ဖို့လိုပါသည်။ Cyber Bully အပြု အမူများတွင် သတိမမူမိဘဲ ပါဝင် မိနေခြင်းမဖြစ်အောင် သတိပြုဖို့ လိုပါသည်။

မြန်မာနိုင်ငံတွင် ဆိုက်ဘာ ဥပဒေထွက်ရှိရန်လုပ်ဆောင်နေ သော်လည်း အားရစရာကောင်း သည့် အနေအထားတွင်မရှိ ကြောင်း၊ ယင်းဥပဒေမထွက်သေး မီ ဆိုက်ဘာပြစ်မှုကျူးလွန်သူများ နှင့်ပတ်သက်၍ အပြည့်အဝအ ကာအကွယ်ရမည်မဟုတ် ကြောင်း နည်းပညာနှင့်ဥပဒေ ကျွမ်းကျင်သူများက သုံးသပ် သည်။

‘‘လက်ရှိမှာ အီလက်ထရွန် နစ်ဆက်သွယ်ဆောင်ရွက်ရေး ဥ ပဒေရှိပေမယ့်လည်း အဲဒါက အားနည်းချက်တွေအများကြီးရှိ တဲ့အတွက် အရေးယူဖို့သိပ်အ ဆင်မပြေသေးဘူး။ နောက်ပိုင်း အွန်လိုင်းအသုံးပြုသူတွေများ လာတဲ့အတွက် မကြာခင်မှာ အ ကြီးအကျယ်ပြဿနာတွေ တက် လာနိုင်ပါတယ်’’ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦး ခွန်ဦးကပြောကြားသည်။

အင်တာနက်မှတစ်ဆင့် ပြစ် မှုကျူးလွန်သူများအား ဖော်ထုတ် အရေးယူရန် ဂူးဂဲလ်၊ ဖေ့စ်ဘွတ်ခ် စသည့် ကမ္ဘာ့အဆင့်နည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်ရန်စီစဉ်နေကြောင်း သတင်း အချက်အလက်၊ နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဌာနမှ ညွှန် ကြားရေးမှူး ဦးရဲနိုင်မိုးကဆို သည်။

‘‘အီလက်ထရွန်နစ်ဆက် သွယ်ဆောင်ရွက်ရေးဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့အသေရေ ဖျက်မှု၊ ပုံရိပ်၊ အသံ စတဲ့သတ်မှတ်ချက် တွေနဲ့ အရေးယူလို့ရတာတွေ တော့ရှိပါတယ်။ အွန်လိုင်းပေါ်က လူမှုကွန်ရက်ဆိုတာ ဘယ်သူမဆို လွတ်လွတ်လပ်လပ်နဲ့သုံးလို့ရတဲ့ အတွက် ဘယ်သူကအဲဒီကိစ္စကို လုပ်တယ်ဆိုတာ ဘယ်လိုသက် သေပြမလဲ။အဲဒီအတွက် ဘယ်လို ကာကွယ်မလဲဆိုတာတွေ လိုအပ် ပါတယ်။ သက်သေခိုင်လုံနေရင် တောင် ဘယ်သူလုပ်တယ်ဆိုတာ ကို သက်သေခံနိုင်ဖို့လိုပါသေး တယ်။ လက်ရှိမှာတော့ အဲဒီအ တွက် တိကျတဲ့မူဝါဒနဲ့ပြဋ္ဌာန်းချက် တွေရေးဆွဲပြီးတော့ ဆောင်ရွက် သွားဖို့လုပ်နေပါတယ်’’ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်း၌ အင်တာနက် အသုံးပြုသူဦးရေမှာ ၁၈ သန်း ကျော်ရှိနေပြီး ဖေ့စ်ဘွတ်ခ်သုံးစွဲ သူသုံးသန်းခန့်နှင့်ဗိုက်ဘာအသုံး ပြုသူဦးရေ ငါးသန်းကျော်ရှိနေ သည်။ ဆက်သွယ်ရေးအော်ပရေ တာများက လစဉ်ဆင်းမ်ကတ်များ ကိုရောင်းချနေသောကြောင့် အင် တာနက်အသုံးပြုသူ ဦးရေမှာ လည်း ဆက်လက်တိုးတက်နေ မည်သာဖြစ်သည်။ ထို့အတူ အင် တာနက်မှာပြစ်မှုကျူးလွန်မှုများ သည်လည်း အများအပြားရှိလာ မည်ဖြစ်ကြောင်း ကျွမ်းကျင်သူ အများစုကသုံးသပ်ကြသည်။

လက်ရှိတွင် အွန်လိုင်းမှပြစ် မှုကျူးလွန်မှုများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများမရှိ သော်လည်း ကျူးလွန်ခံရပါက ငြိမ်မနေဘဲ သက်ဆိုင်ရာရဲစခန်း များသို့ မဖြစ်မနေအသိပေးရန် တုံ့ဆိုင်းမနေသင့်ကြောင်း ကိုအိ မောင်ကအကြံပြုသည်။

ထို့ကြောင့် သင်ကိုယ်တိုင် အကျပ်ကိုင်ခံရမှုမျိုး ကြုံလာပါက ထိတ်လန့်ရှက်ကြောက်နေမည့် အစား အထက်တွင်ဖော်ပြခဲ့သည့် အကာအကွယ်များကို အသုံးပြု ကာ တန်ပြန်တိုက်ခိုက်ဖို့ မမေ့ပါ နှင့်။ အွန်လိုင်းမှနှောင့်ယှက်နေ သူများကို လွတ်မြောက်ခွင့်မပေး ပါနှင့်။

သတင်းအဖွဲ့  (7day news)

Related Posts