Myanmar House Logo

Myanmar House

Real Estate in Myanmar

ကိုယ်ပိုင် Digital Camera ရှိသူများအတွက်ဓါတ်ပုံအခြေခံမှ Pro ရိုက်နည်း

April 4, 2023 136 views
ကိုယ်ပိုင် Digital Camera ရှိသူများအတွက်ဓါတ်ပုံအခြေခံမှ Pro ရိုက်နည်း

ကိုယ်ပိုင် Digital Camera ရှိသူများအတွက်ဓါတ်ပုံအခြေခံမှ Pro ရိုက်နည်း
ရေးသားသူ GOOD NOTES
ကျွန်တော်တိုတိုနဲ့လိုရင်းကိုပဲပြောမယ်။ဓါတ်ပုံတစ်ပုံရိုက်ဖို့မခက်ပေမယ့်ဓါတ်ပုံကောင်းတစ်ပုံရိုက်ဖို့ကျတော့ခက်ခဲပါတယ်။ဓါတ်ပုံတစ်ပုံမှာကိုယ်လိုချင်တဲ့ Lighting ရမှလည်းကိုယ့်စိတ်ကြိုက်ပုံတစ်ပုံဖြစ်လာမှာပါ။ကျွန်တော်ပြောချင်တာကတော့အရေးကြီးတာက Lighting ချိန်တတ်ဖို့ပါ။အိုကေစရအောင်.. အရင်ဆုံး Digital Camera မှာ M, A, P, Auto, Portrait, Landscape, Night Mode အများကြီးပါတယ်။အခုကျွန်တော်ပြောချင်တာက M ဖြစ်တဲ့ Manual နဲ့ရိုက်ကြမယ်။ Manual ကတော့ Professional ဓါတ်ပုံရိုက်ခြင်းပါ။

Manual မှာအပိုင်း(4)ပိုင်းပါဝင်ပါတယ်။
1. ISO (အလင်းအနိမ့်အမြင့်)
2. Aperture (အလင်းတံခါး)
3. Shutter Speed
4. Manual Focus တို့ပါဝင်ပါတယ်။

(စာတွေ့ရှင်းတာဖတ်ရှုသူများနားလည်လား၊နားမလည်ဘူးလားဆိုတာမသိပေမယ့်ဆက်ရှင်းပါမည်။ဟီးဟီးဟီး)

1. ISO (အလင်းအနိမ့်အမြင့်)
ISO မှာ 100, 200, 400, 800, 1600, 3200, Hi တို့ပါဝင်ပါတယ်။
ISO တန်ဖိုးနည်းလျှင်အလင်းနည်းပါတယ်။
ISO တန်ဖိုးများလျှင်အလင်းများပါတယ်။
(ဥပမာ - ISO 100 ဆိုလျှင်အလင်းရောင်များတဲ့အချိန်တွေမှာထားပြီးရိုက်ရပါမယ်။နေ့လည်နေ့ခင်းအချိန်တို့ပေါ့ဗျာ။မှောင်နေပြီးဆိုရင်တော့ ISO တန်ဖိုးများပေးလိုက်ပါ။)

2. Aperture (အလင်းတံခါး)
Aperture တော့အလင်းဝင်ရောက်တဲ့တံခါးပါ။သူလည်းအလင်းကိုချိန်ညှိပေးတာပါပဲ။ (ဥပမာ - ကင်မရာဟာနေလုံးနဲ့မျက်နှာချင်းဆိုင်တည်ရှိမယ်ဆိုရင် Aperture တန်ဖိုးကိုများပေးရပါမယ်။တန်ဖိုးများလိုက်ချင်းအားဖြင့်အလင်းဝင်ပေါက်ဟာကျဉ်းသွားပါလိမ့်မယ်။အလင်းဝင်နည်းတဲ့ညအချိန်လိုအခါမှာတော့ Aperture (အလင်းတံခါး) ကိုတန်ဖိုးအနည်းဆုံးထားပါမယ်။တန်ဖိုးအနည်းဆုံးထားချင်းဖြင့်အလင်းတံခါးကျယ်သွားစေမှာပါ။)

3. Shutter Speed
Shutter Speed ကတော့ Shutter အနှေး၊အမြန်ထိန်းပေးရပါတယ်။ဓါတ်ပုံကိုအနှေး၊အမြန်ရိုက်ခြင်းလည်းဖြစ်ပါတယ်။ Shutter Speed မှာတန်ဖိုးအများကြီးပါဝင်ပါတယ်။ 2, 1 , 0, 1/1, ½, 1/3, .......... 1/3200 အစရှိသည်ဖြင့်ပါဝင်ပါတယ်။ငြိမ်သက်နေတဲ့အရာဝတ္ထုကို Shutter Speed တန်ဖိုးကိုလျော့ပြီးရိုက်ရပါတယ်။ဒါပေမယ့်လည်ပတ်နေတဲ့ပန်ကာတို့၊ဂျင်တို့ကိုရိုက်မယ်ဆိုရင်တော့တန်ဖိုးများပေးရပါတယ်။ Shutter Speed ကိုကိန်းဂဏန်းအရ 1 ဆိုရင် Shutter Speed အရမ်းနှေးနေပါပြီး။ 1/32, 1/3200 တို့ရင် Shutter Speed မြန်လာပါတယ်။
(သတိထားရမှာက - Shutter Speed နည်းရင်အလင်းများ၊ Shutter Speed များရင်အလင်းနည်းခြင်းပါ။)

4. Manual Focus
Manual Focus ကတော့လိုချင်တဲ့အရာဝတ္တုကိုကြည်လင်စေပြီးမလိုအပ်သောအရာဝတ္ထုများကိုဝေဝါသွားစေချင်းပင်။ Manual Focus တော့ Lens အကွာဝေးနည်းရင်တော့ Focus ကစားရတာမကောင်းပေ့မယ်။ Lens အကွာအဝေးကောင်းရင်တော့ကစားရတာကောင်းပါတယ်။

#copy by camera အထွေထွေ

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်
 

Related Posts