Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်ခြံမြေဗဟုသုတ(၂)

April 4, 2023 154 views
အိမ်ခြံမြေဗဟုသုတ(၂)

#အိမ်ခြံမြေဗဟုသုတ(၂)
မြေအမျိုးအစားနဲ့ ပတ်သတ်တဲ့ ဗဟုသုတ
များကို မျှဝေပေးလိုက်ပါတယ်

#မြေအမျိုးအစား အမျိုးမျိုး

အိမ်ခြံမြေအကြောင်း လုပ်ကိုင်နေသူများ သိကိုသိထားသင့်တဲ့ မြေအမျိုးအစားတွေကို ဖေါ်ပြပေးပါမည်။
အိမ်ခြံမြေနယ်ပယ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ မြေအမျိုးအစားတွေမှာ-

*မြေပိုင်မြေ 
*ဘိုးဘွားပိုင်မြေ 
*ဂရန်ရှိမြေပိုင်မြေ  
*လိုင်စင်မြေ 
*ပါမစ်မြေ 
*မြေငှားဂရန်မြေ 
*စကွာတာမြေ
*ကျူးလွန်ခြင်းမြေ 
*ကျူးကျော်မြေ

#မြေပိုင်မြေ ။ ။ မြေပိုင်မြေဆိုတာဟာ မြို့တော်ရဲ့ နယ်နိမိတ်အတွင်းမှာ စနစ်တကျ မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့စဥ်က ပိုင်ဆိုင်ထားပြီး မြေပိုင်ရှင်အခွင့်အရေးအပြည့်ရှိတဲ့ မြေအမျိုးအစားကို ဆိုလိုပါတယ်။  

#ဘိုးဘွားပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံ ကျေးရွာများအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ ဘိုးဘွားမိဘများလက်ထက်က ဓမ္မဦးချ ပိုင်ဆိုင်လာခဲ့ပြီး လွှဲပြောင်းဆက်ခံခွင့်ရှိကာ မစိုက်ပျိုးသည့်မြေ အမျိုးအစားကို ဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပါတယ်။

#ဂရန်ရှိမြေပိုင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိတဲ့ မြေကို ဂရန်ရှိမြေပိုင်မြေလို့ခေါ်ပါသည်။

#လိုင်စင်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ်  ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို လိုင်စင်မြေလို့ခေါ်ပါသည်။

#ပါမစ်မြေ ။ ။ ကော်မတီကသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ လူနေအိမ် သိုမဟုတ် အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့် ပြုထားသော မြေကို ပါမစ်မြေလို့ ဆိုလိုပါသည်။

#မြေငှားဂရန်မြေ ။ ။ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားတဲ့မြေကို မြေငှားဂရန်မြေ လို့ခေါ်ပါသည်။

#စကွာတာမြေ ။ ။ စကွာတာမြေ ဆိုတာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း မြေအဆင့်အတန်း နိမ့်ချသတ်မှတ်ထားတဲ့ မြေကို ဆိုလိုပါသည်။

#ကျူးလွန်ခြင်းမြေ ။ ။ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်ထဲမှာ ကျူးလွန်ခြင်း ပြေစာဖြင့်ကောက်ခံတဲ့မြေ မျိုးကို ကျူးလွန်ခြင်းမြေလို့ ခေါ်ပါသည်။

#ကျူးကျော်မြေ ။ ။ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိတဲ့ မြေကို ကျူးကျော်မြေလို့ခေါ်ပါသည်။

 

Credit~

Related Posts