Myanmar House Logo

Myanmar House

Real Estate in Myanmar

အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့

April 6, 2023 260 views
အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့

အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။

ငရုတ်သီး စပ်စပ်လေး၊ ဘာလေး စားစား စပ်စပ်လေးဆိုမှ ခံတွင်းတွေ့တယ်ဆိုတဲ့ သူလေးတွေရှိလား ….. အစပ် စားတယ်။ ပြီးရင် ဗိုက်အောင့်တယ်ဆိုတဲ့ သံသရာထဲမှာ ပျော်မွေ့ရင်း အစပ်တွေကို စားမိနေတယ်ဆိုရင်တော့ ရေရှည်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်လာနိုင်တယ်ဆိုတာ သတိရစေချင်ပါတယ်။ ဒါကြောင့် အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။

ဒီတော့ အစပ်စားရင်း အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဘယ်အချက်လေးတွေကို သတိထားရမလဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။

အစပ်က အစာအိမ်ကို ထိခိုက်စေနိုင်သလား …….

ငရုတ်သီးက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေတယ်။ အသားအရေ လှစေတယ်ဆိုပေမယ့် အလွန်အကျွံ စားရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။

အစပ် အလွန်အကျွံစားတာက ရင်ပူတာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ငရုတ်သီး ဆိုတဲ့နေရာမှာ ငရုတ်သီးစိမ်းက ထိခိုက်စေတာမျိုး သိပ်မဖြစ်ပေမယ့် အခြောက်ခံထားတဲ့ ငရုတ်သီး၊ ငရုတ်သီးမှုန့်တို့လိုမျိုး အရာတွေက ကျန်းမာရေးကို ထိခိုက်နိုင်ခြေ များပါတယ်။

အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။

အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။ အစပ်ကြိုက်လို့ စားတယ်။ စားပြီးရင်လည်း ဗိုက်အောင့်တယ်ဆိုရင် အစပ်ကြောင့် အစာအိမ် မထိခိုက်စေဖို့ အစပ်စားပြီးရင် ဒီအချက်လေးတွေကို မလုပ်မိအောင် ဂရုစိုက်စေချင်ပါတယ်။

ဆက်လက်ဖတ်ရှုမည်။

ရေမသောက်ပါနဲ့

ငရုတ်သီး စပ်စပ်စားပြီးချိန်မှာ ရေသောက်ချလိုက်တာက အစပ်ပြေမယ်လို့ ထင်စရာ ရှိပေမယ့် ပါးစပ်ထဲမှာ ဖြစ်နေတဲ့ ပူစပ်ပူလောင် ဖြစ်တာကို မသက်သာစေပါဘူး။ ဗိုက်ထဲမှာတော့ အေးကောင်းအေးသွားနိုင်ပါတယ်။

ပိုဆိုးတာက အစပ် သက်သာအောင် ရေတဝကြီးသောက်ချလိုက်တဲ့အခါ ဗိုက်တွေအင့်တဲ့ ပြဿနာပါ ပိုတိုးလာပါတယ်။

ဒီတော့ ဘာသောက်ရမလဲ ……..

အစပ် စားပြီးတဲ့အခါ အစပ်ပြေအောင် ရေသောက်ရင် ပိုဆိုးနိုင်တာကြောင့် ရေအစား အဆီမပါနို့၊ ဒိန်ချဉ်လိုမျိုး သောက်စရာတွေကို သောက်ပေးလို့ ရပါတယ်။ ဒီသောက်စရာတွေမှာပါတဲ့ ဓာတုဒြပ်ပေါင်းတွေက အစပ်စားတာကြောင့် ပူစပ်ပူလောင်ဖြစ်တာကို သက်သာစေနိုင်ပါတယ်။

ဆိုဒါ မသောက်ပါနဲ့

အစပ် စားပြီး အရမ်းစပ်နေရင် အစပ်ပြေအောင် ဆိုပြီး ဆိုဒါ မသောက်ပါနဲ့။ ဆိုဒါကလည်း ဂတ်စ်ပါဝင်မှု များတာကြောင့် လေပွတတ်ပါတယ်။ ဆိုဒါအပြင် စပ်နေချိန် မသောက်သင့်တဲ့အရာတွေထဲမှာ ဂတ်စ်ပါတဲ့ အချိုရည်တွေလည်း ပါပါတယ်။

ဒီတော့ ဘာစားရမလဲ ……..

ဒီတစ်ခေါက်ကတော့ ဆိုဒါအစား သောက်စရာ မသောက်ဘဲ စားတာမျိုး လုပ်ပေးရမှာပါ။ ဘာစားရမလဲဆိုတော့ ပေါင်မုန့် ဒါမှမဟုတ် ထမင်းဖြူပါ။ ဒီလို စားပေးတာက စပ်နေတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

ဆီများတာတွေ မစားပါနဲ့

စပ်နေချိန်မှာ အဆီပါဝင်မှုများတာတွေ၊ ဆီကြော်စာတွေကို မစားပါနဲ့။ စပ်တာကို သိသိသာသာ မသက်သာစေနိုင်သလို အဆီပါဝင်မှုများတာကြောင့် အစာအိမ်ကို ဝန်ပိစေတတ်ပါတယ်။

ဒီတော့ ဘာစားရမလဲ ……..

အရမ်းစပ်နေချိန်မှာ သကြားကို လျှာပေါ်တင်ထားတာက စပ်တာကို သိသိသာသာ လျော့စေနိုင်ပါတယ်။ နောက်ထပ် စားပေးလို့ရတာကတော့ ပျားရည် စစ်စစ်လေးပါ။ ပျားရည် စစ်စစ်လေးကို လျှာပေါ်တင်ထားရုံပါ။

ကဲ ….. အစပ် စားပြီးရင် ဒါတွေ မလုပ်မိဖို့ သတိထားလိုက်ပါနော်။

🤍အခုလိုပဲကျန်းမာရေးဗဟုသုတတွေ  ရရှိချင်တယ်ဆိုရင် ကျွန်တော်တို့ pageလေးကို like & follow လုပ်ပေးထားပါဦးဗျ💙

💜သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝစိမ့်စမ်းရေ Mineral Water ကို ထုတ်ပေးနိုင်ပြီးရေပူရေအေး ပါ ရတဲ့ ကိုရီးယား အဆင့်မြင့် ရေသန့်စက်လေးတွေကို ကျွန်တော်တို့ Shwe Thahtay Page လေးမှ ရရှိနိုင်ပါတယ်ဗျ 💜
အသေးစိတ်ကို အောက်ဖော်ပြပါ linkလေးကို နှိပ်ပြီး လေ့လာနိုင်ပါတယ်ဗျ
https://m.facebook.com/story.php?story_fbid=145617991315302&id=100076013055467

#Mineralwater
#credit
#WaterPurifier
#ကျန်းမာရေးဗဟုသုတ

Related Posts