Myanmar House Logo

Myanmar House

Real Estate in Myanmar

မိတ္တူကူးစက်အား အမြဲသန့်ရှင်းရေးလုပ်ပေးရမည့် အရေးကြီးအစိတ်အပိုင်းများ။

April 19, 2023 87 views
မိတ္တူကူးစက်အား အမြဲသန့်ရှင်းရေးလုပ်ပေးရမည့် အရေးကြီးအစိတ်အပိုင်းများ။

မိတ္တူကူးစက်အား အမြဲသန့်ရှင်းရေးလုပ်ပေးရမည့် အရေးကြီးအစိတ်အပိုင်းများ။
=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=

မိတ္တူကူးစက်ထိန်းသိမ်းစောင့်ရှောင်တဲ့အခါမှာ အမြဲတမ်းလုပ်ပေးရမယ့် အရေးကြီးဆုံးအလုပ်ဟာ သန့်ရှင်းရေးလုပ်ပေးတဲ့အလုပ်ဖြစ်ပါတယ်။ စက်၏အရေးကြီး အဓိကကျတဲ့အစိတ်အပိုင်းတွေကို အမြဲသန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် ပြဿနာအများစုကို လျော့ချစေနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ပေးရမယ့် အစိတ်ပိုင်းတွေကို သေချာလေ့လာပြီး ဘယ်လိုသန့်ရှင်းရေးလုပ်ရမယ်ဆိုတာကို သိကျွမ်းနားလည်ရင်တော့ စက်အတွက်ပြုပြင်ရန်ကုန်ကျသောစရိတ်တွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့် မိမိ၏မိတ္တူကူးစက်ကို အမြဲသတိထားသန့်ရှင်းရေးလုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အဓိကအရေးကြီးလုပ်ရမယ့် အစိတ်အပိုင်းတွေကိုနည်းနည်းမျှဝေပေးလိုက်ပါတယ်။

- Scanner unit ထဲမှာဆိုရင် original glass, mirror, lens, lamp တွေကိုအဓိကထားသန့်ရှင်းရေးလုပ်ပေးရပါမယ်။

- Fusing unit မှာတော့ Corona wires, charge roller, fuser lamp နှင့် သူတို့ကိုထိုင်ထာတဲ့အထိုင်ခွက်တွေကို အဓိကထားသန့်ရှင်းရေးလုပ်ပေးရပါမယ်။

- Drum unit ထဲမှာတော့ Drum နှင့် erase lamps တို့ကိုအဓိကထားလပ်ဆောင်ပေးရမယ်။

- iTB unit မှာတော့ Belt နှင့်သူကိုသန့်ရှင်းရေးလုပ်ပေးတဲ့ Blade တပ်ဆင်ထားတဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းရေးအမြဲလုပ်ပေးပြီး ထွက်ရှိလာတဲ့စွန့်ပစ်မင်တွေကိုလဲ သွန်ပေးရပါမယ်။

- Roller တွေနှင့်ပတ်သတ်လာရင်တော့ pick up roller, transport roller, fusing roller စသည်တို့ကိုအဓိကထားသန့်ရှင်းရေးလုပ်ပေးသင့်တယ်။

ခုရှင်းပြခဲ့တဲ့အစိတ်အပိုင်းတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အရမ်းမခက်ခဲပါဘူး။ Fuser ပိုင်းလောက်ပဲနည်းနည်းရှုပ်ထွေးမှာပါ။ ဒါကလည်း လေ့လာရင်ရမှာပါ။ ဒီအစိတ်ပိုင်းတွေကို ကျွမ်းကျင်စွာ အမြဲသန့်ရှင်းရေးလုပ်ပေးနိုင်မယ်ဆိုရင် မိတ္တူကူးစက် မှာဖြစ်ပေါ်တတ်တဲ့ ပြဿနာတော်တော်များများကို လျော့ချနိုင်စေပြီး ကုန်ကျစရိတ်ကိုလည်းသက်သာစေနိုင်ပါတယ်။ အသုံးဝင်မယ်ထင်ရင် အားလုံးသိအောင် share လိုက်ကြပါအုံးဗျာ။

Credit...Greenway technology

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts